တန်ဟက် ပြန်မေးတဲ့ မေးခွန်း ၃ခု၊ အကန်ဂျီ၊ အရူဂျို၊ ဘယ်လင်ဟမ်တို့နဲ့ ယနေ့ညပိုင်း မန်ယူ သတင်းများ
မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပကလပ်အသင်းအချို့ စိတ်ဝင်စားနေတဲ့ ဗဟိုနောက်ခံ ကစားသမား မာနူအဲလ် အကန်ဂျီဟာ ရာသီကုန်ကျရင် ဒေါ့မွန် ကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း သတင်းထွက် လာပါတယ်။ အသက် ၂၆ နှစ်သားဟာ ပရီးမီးယားလိဂ်မှာ လာရောက်ကစားဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။
မန်ယူအသင်း က ဘာစီလိုနာ နဲ့ သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ ဘာစီလိုနာ နောက်တန်း ကစားသမားဖြစ်တဲ့ ရော်နယ် အရူဂျို အတွက် ယူရို သန်း ၄၀ အထိ ပေးဖို့အဆင်သင့်ဖြစ်နေတယ်လို့ စပိန်သတင်းဌာန က ဆိုပါတယ်။
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အန်ဒီကိုးလ်ကတော့ သူ့ရဲ့ အသင်းဟောင်းအနေနဲ့ ဒီနွေရာသီမှာ ဒီကလန်ရိုက်စ် အစား ဂျူဒ်ဘယ်လင်ဂမ်ကိုသာ ဦးစားပေးခေါ်ယူသင့်တယ်လို့ ယုံကြည်နေပါတယ်။

ရိုက်စ်ကို မန်ယူနဲ့ ချဲလ်ဆီးတို့လို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေက ခေါ်ယူချင်နေတာကြောင့် ဝက်စ်ဟမ်း နည်းပြ ဒေးဗစ်မိုယက်စ်က သူ့ရဲ့အဓိက ကစားသမား ရိုက်စ်ဟာ ပေါင်သန်း ၁၅၀ တန်ကြေး ရှိကြောင်း သတ်မှတ်ခဲ့ပါတယ်။
ယူနိုက်တက်နည်းပြ ရန်းနစ်ကတော့ ရက်ရှ်ဖို့အနေနဲ့ ဒီရာသီမှာ ပျောက်ဆုံးသွားတဲ့ သူ့ယုံကြည်ချက်တွေကို သူ ကိုယ်တိုင်ပဲ ပြန် တည်ဆောက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမန်နို ဖော်ထုတ်ချက် အရ အေဂျက်နည်းပြ အဲရစ် တန်ဟက်ဟာ နောက် ရာသီ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူးအတွက် အင်တာဗျူး လာရောက်ဖြေကြားစဉ်မှာ အသင်းဘက် ကို သူက မေးခွန်းပြန်ထုတ်ခဲ့တာ ၃ ခု ရှိတယ်လို့ သိရပါတယ်။

တန်ဟက် မေးခွန်းထုတ်ခဲ့တာတွေကတော့ ကလပ်ရဲ့ အပြောင်းအရွှေ့ အတွက် လျာထား ဘတ်ဂျက်၊ အပြောင်းအရွှေ့ ပစ်မှတ် ကစားသမားတွေနဲ့ ဈေးကွက်ထဲမှာ သူက အသင်းရဲ့ ဘယ်လောက် ထောက်ခံမှုကို ရနိုင်မလဲ ဆိုတာတွေ ဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့ အေဂျက် နည်းပြ အဲရစ် တန်ဟက်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုပါက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁.၇ သန်း ပေးရမယ်လို့ သိရပါတယ်။ ထို ဖျက်သိမ်းကြေး ပမာဏကို အပြည့်အဝ ပေးချေ သွားရမှာဖြစ်ပြီး မန်ယူ တာဝန်ရှိသူတွေအနေနဲ့ သဘောတူပါ့မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။