ဘေးလ်နဲ့ သတင်းထွက်ခြင်း၊ ဆီးမန်းရဲ့ စိုးရိမ်မှု၊ တီယာနေး နေရာ ဆွာဆာနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အာဆင်နယ်ကွင်းလယ်လူဟောင်း ကိုကွီလင်က အာဆင်နယ်မှာ ကစားခဲ့ချိန်တုန်းက သူ့ရဲ့ အမှတ်တရတွေအကြောင်း ပြန်ပြောင်း ဖွင့်ဟခဲ့ပါတယ်။ အာဆင်နယ်မှာတုန်းက ကာဇိုလာ၊ အိုဇေးလ်တို့နဲ့ တွဲကစားခဲ့ရတာ အံ့အားသင့်စရာ ကောင်းလွန်းကြောင်း၊ အထူးသဖြင့် သူနဲ့ ကာဇိုလာတို့ အတွဲအဖက်ဟာ နားလည်မှုညီခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ရခဲ့တဲ့ သောမတ်စ် ပါတေးရဲ့ ဒဏ်ရာဟာ ကြွက်သား ဒဏ်ရာ ဆိုပေမယ့် ကြွက်သား ဒဏ်ရာ ဆက်တိုက် ရနေတာကြောင့် ဂန်းနားကွင်းလယ်သမားဟာ ရာသီကုန်ထိ နားသွားရတာ ဖြစ်နိုင်ကြောင်း ဒဏ်ရာပိုင်း ကျွမ်းကျင်သူ ဘန် ဒင်နရီ က သုံးသပ်လိုက်ပါတယ်။

အာဆင်နယ်ဂန္ထဝင်ဂိုးသမားကြီး ဒေးဗစ်ဆီမန်းက အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကို ပြသထားကြောင်း၊ တကယ်လို့ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မရရင် အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို ဆုံးရှုံးရနိုင်ကြောင်း သူ့ရဲ့စိုးရိမ်မှုကို ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ရီးရဲမက်ဒရစ်တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ မြို့ခံပြိုင်ဘက် စပါးအသင်းမှာ ကစားခဲ့တဲ့ဘေးလ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ဖွယ် မရှိကြောင်း Fichajes က ဖော်ပြထားပါတယ်။

မန်ယူအနေနဲ့ နည်းပြတန်ဟတ်ကို ခန့်အပ်ပြီး အာဆင်နယ်ရဲ့ပုံစံအတိုင်း လျှောက်လှမ်းဖို့ လိုကြောင်း၊ အာဆင်နယ်ဟာ အာတီတာကို ခန့်အပ်ကာ ယုံကြည်စွာနဲ့ တချို့အရာတွေကို လုပ်ပိုင်ခွင့် ပေးထားကြောင်း မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က မှတ်ချက်ပြုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်တိုက်စစ်သမား မာကို အဆန်စီရို ရဲ့ အေးဂျင့် ကတော့ အာဆင်နယ် အသင်းဟာ နွေမှာ သူ့ ကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက် မေးမြန်းထားကြောင်း ဖော်ထုတ်လိုက်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ၁၇ နှစ်အရွယ် နောက်ခံလူ ဆွာဆာကို တီယာနေးနေရာအတွက် အသင်းကြီး ထံ ခေါ်ယူ အားဖြည့်ဖို့ မျက်စိကျနေကြောင်း သိရပါတယ်။ ဆွဆာ ဟာ လေ့ကျင့်ရေးကွင်းမှာ စွမ်းဆောင်ရည်ကောင်းကို ပြသထားပြီး ဘရန်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း လူစားလဲပြီး ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

မန်ယူ ဂန္တဝင် တိုက်စစ်မှုးဟောင်း ဝိန်း ရွန်းနီကတော့ ရာသီကုန်ရင် အဆင့် ၄ နေရာကို မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ထက် တည်ငြိမ်မှု ပိုရှာနိုင်တဲ့ စပါးအသင်းက ရယူသွားနိုင်ကြောင်း သုံးသပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက အာဆင်နယ်ဟာ အဲဗာတန် တိုက်စစ်သမား ကဲလ်ဗတ် လီဝင်ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ် ချိတ်ဆက်ခဲ့ပေမယ့် အခုချိန်မှာတော့ စိတ်ဝင်စားမှု အေးစက်သွားပြီလို့ သိရပါတယ်။