မက်ဆီကို ဟပ်ထိုးလိုက်အောင်ကို ဘောလုံးစကေး ပြသွားခဲ့တဲ့ ပါယက်
တနင်္ဂနွေနေ့က လီဂူးဝမ်း ဒါဘီပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ မာဆေးလ်တို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့ပြီး ၂ သင်းစလုံရဲ့ တိုက်စစ်သမားတွေ ဂိုးပေါက် ရှာမရခ့ပါဘူး။
ပထမပိုင်းမှာ သွင်းယူခဲ့တဲ့သွင်းဂိုးကို ခွင့်ပြုခြင်းမခံခဲ့ရဘဲ ဒုတိယပိုင်းမှာ ဒီရာသီကမှ အင်တာမီလန်ကနေ ပီအက်စ်ဂျီထံ ပြောင်းလာခဲ့တဲ့ ဟာကီမီဟာ ဂျင်ဂစ်ဇ် အန်ဒါကို နောက်ကနေ ဆွဲခဲ့တဲ့အတွက် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အဲဒီပွဲက မက်ဆီနဲ့ ပါယက် အကြောင်း တင်ဆက်ပေးချင်ပါတယ်။ ပွဲချိန်အတွင်း မက်ဆီ မျက်နှာပျက်စရာတစ်ခုကတော့ ပြိုင်ဘက် ကစားသမား ပါယက်ရဲ့ လှည့်စားမှုကို လိမ့်နေအောင် ခံလိုက်ရတာပါပဲ။
ပွဲပြီးဆုံးဖို့ နာကျင်အချိန်ပိုမှာ ပါယက်က မက်ဆီခြေထောက်ထဲက ဘောလုံးကို လုယူခဲ့ပြီးနောက် အဲ့ဒီဘောလုံးကို ပြန်လိုက်လုတဲ့ မက်ဆီကို အကောင်းဆုံးလှည့်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို စွန့်ခွာခဲ့ပြီးကတည်းက လူအများ အာရုံစိုက်ခြင်း များစွာ မခံခဲ့ရပေမယ့်လည်း ပါယက်ဟာ ၎င်းက ထူးခြားတဲ့ ကစားသမားဖြစ်တယ်ဆိုတာကို ဆက်လက်ပြသနေတာဖြစ်ပါတယ်။ ပြင်သစ်ကစားသမားဟာ လီဂူးဝမ်း ဒါဘီရဲ့ ကြယ်ပွင့်ဆိုတာ ငြင်းပယ်လို့ မရခဲ့ဘဲ ပီအက်စ်ဂျီကြယ်ပွင့်တွေဆီ ကျရောက်နေတဲ့ အာရုံစိုက်မှုတွေကို အလွန်ကောင်းမွန်တဲ့ တိုက်စစ်စွမ်းရည်နဲ့ လုယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပါယက်ဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ဘောလုံးထိတွေ့မှု ၈၄ ကြိမ်၊ တိကျတဲ့ဘောလုံးပေးပို့မှု ၅၂ ကြိမ်၊ အဓိကကျတဲ့ပေးပို့မှု ၅ ကြိမ်၊ ကြီးမားတဲ့အခွင့်အရေးဖန်တီးမှု ၂ ကြိမ်၊ ဖြတ်တင်ဘော ၁၂ ကြိမ်၊ အဝေးဘောပေးပို့မှု ၇ ကြိမ်နဲ့ မြေပြင်တစ်ဦးချင်းရင်ဆိုင်ရာမှာ ၃ ကြိမ်ကို ၂ ကြိမ် အနိုင်ရရှိခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။