အထိနာတဲ့ ပါတေး ဒဏ်ရာ၊ ယူရို သန်း ၃ဝ တန် မိုရာတာ၊ ကွန်တီမှတ်ချက်နဲ့ ယနေ့ အာဆင်နယ် သတင်းများ

အူဘာမီယန် ထွက်ခွာသွားချိန်မှာတောင် နေရာယူနိုင်ခြင်း မရှိတဲ့ အာဆင်ယန်လူငယ်တိုက်စစ်မှူး အန်ကီတက်ချ်ကို အီယန်ရိုက်က ဝေဖန်ခဲ့ပြီး အန်ကီတက်ချ်အနေနဲ့ ရွှေ အခွင့်အရေးကို ဖြုန်းတီးခဲ့တာဖြစ်ကြောင်း၊ အန်ကီတက်ချ်ဟာ လုံလောက်တဲ့ခြေစွမ်းကို ပြသထားနိုင်ခြင်း မရှိကြောင်း ဆိုခဲ့ပါတယ်။

စပါးနည်းပြ ကွန်တီက အာဆင်နယ်ဟာ အဆင့်လေး ဝင်ခွင့်ရယူဖို့ အားကောင်းတဲ့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ အာဆင်နယ်အနေနဲ့ အဲဗာတန်တိုက်စစ်မှူး ကဲဗတ် လီဝင် ကို ခေါ်ယူခြင်းမပြုဖို့ တိုက်တွန်းခဲ့ပါတယ်။ အာဆင်နယ်က နွေမှာ လာကာဇက် ကို လက်လွှတ်ရဖွယ် ရှိလို့ တိုက်စစ်မှုးသစ် ရှာဖွေနေဆဲပါ။

အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်က ဘာစီလိုနာနဲ့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး တုန့်ပြန် မှတ်ချက်ပြုလာခဲ့ပါတယ်။

“အာဆင်နယ်ဟာ ကျွန်တော့်ရဲ့အိမ်လိုခံစားနေရပါတယ်။ ခမ်းနားတဲ့လူစာရင်းရဲ့အစိတ်အပိုင်းဖြစ်ခွင့်ရနေပြီး ကျွန်တော်တို့ အောင်မြင်မှုများစွာရယူနိုင်မယ်ဆိုတာ တပ်အပ်ပြောနိုင်ပါတယ်။ အာဆင်နယ်မှာ ကျွန်တော် အလွန် ပျော်ရွှင်နေပါတယ်”လို့ ဂါဘရီရယ်က ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာအနေနဲ့ စီးရီးအေကလပ် ဂျူဗင်တပ်တိုက်စစ်မူှး မိုရာတာကို ခေါ်ယူဖို့ စိတ်ဝင်စား နေဆဲဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်အနေနဲ့ ဂျူဗင်တပ်မှာ အငှားနဲ့ ကစားနေတဲ့ စပိန်တိုက်စစ်မှုး အတွက် ယူရိုသန်း ၃၀ အသုံးပြုသွားမယ် လို့ လည်း သိရပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က နည်းပြအာတီတာအနေနဲ့ ဇန်နဝါရီမှာ တိုက်စစ်မှူးအူဘာမီယန်ကို ထုတ်ရောင်းလိုက်တာ မှန်ကန်တယ် လို့ ထောက်ခံလိုက်ပါတယ်။ အူဘာမီယန်ဟာ အာဆင်နယ်မှာ ဆိုးရွားတဲ့ လွှမ်းမိုးမှုတွေ ရှိခဲ့ကြောင်း၊ တကယ်လို့ အူဘာကို ဆက်ထိန်းထားမယ်ဆိုရင် အနုတ်လက္ခဏာဆောင်မှုတွေ ဖြစ်ပေါ်မှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဂန်းနားဟောင်း ကီဗင်ကမ်းဘဲလ်က ကွင်းလယ်လူ ပါတေး ဒဏ်ရာရရှိသွားတာ အာဆင်နယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ကြောင်း၊ ဘယ်သူတွေဘာပဲပြောပြော ပါတေးဟာ အာဆင်နယ်ရဲ့ အကောင်းဆုံးနဲ့ လွှမ်းမိုးမှု အရှိဆုံး သူ ဖြစ်ပြီး သူ မပါဘဲနဲ့ အချိန်ကြာမြင့်စွာကစားလို့ မရနိုင်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ လိုင်ယွန်ကွင်းလယ်လူ ပါကွာတာကို ခေါ်ယူဖို့အတွက် နယူးကာဆယ်နဲ့အပြိုင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အိုဒီဂတ်ကို ပိုင်ဆိုင်ထားပေမဲ့နောက်ထပ်ကွင်းလယ်တိုက်စစ်တစ်ဦး ခေါ်ဖို့ စိတ်ဝင်စားနေတယ်လို့သတင်းထွက်ပေါ်နေပြီး ပါကွာတာကို မျက်စီကျနေတာပါ။