ရော်နယ်ဒိုရဲ့ ဟက်ထရစ် သွင်းဂိုး အစွမ်းနဲ့ ကံကောင်းစွာ နိုင်ပွဲရသွားတဲ့ မန်ယူအသင်း

မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ နော်ဝစ်ခ်ျ အသင်းကို ရော်နယ်ဒို ရဲ့ဟတ်ထရစ်သွင်းဂိုးကြောင့် (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နိုင်ပွဲတွေ ပျောက်ဆုံးနေတာကြောင့် ဒီပွဲကို အနိုင်ရဖို့ အားထည့်လာခဲ့တာကို တွေ့ရပါတယ်။ပထမပိုင်းမှာ ရော်နယ်ဒို ရဲ့သွင်းဂိုး(၂)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပြီးခါနီးမှာ နော်ဝစ်ခ်ျ ကစားသမား ဒိုဝဲလ် က ချေပဂိုးပြန်သွင်းသွားခဲ့တာပါ။

ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက် အသင်း က သွင်းဂိုးတွေရဖို့ ထပ်ဖိကစားရင်းနဲ့ နော်ဝစ်ခ်ျ အသင်းကို ချေပဂိုး ပေးလိုက်ရပါတယ်။ ဒီဂိုးကို ပွတ်ကီ က သွင်းယူသွားခဲ့တာပါ။ အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းဟာ အနိုင်ဂိုးရဖို့ ပိုမိုတိုက်စစ်ဆင်ခဲ့တာဖြစ်ပါတယ်။

လင်ဂတ်၊ပေါ့ဘာနဲ့ တယ်လက်စ် တို့ကို လူစားလဲပြီး မာတာ၊မာတစ်နဲ့ ရက်ရှ်ဖိုဒ့် တို့ကို ထည့်သွင်းခဲ့တာပါ။ဒီအချိန်မှာ အီလန်ဂါ ကြောင့် မန်ချက်စတာယူနိုက်တက် အသင်း ပြစ်ဒဏ်ဘောကန်သွင်းခွင့်ရခဲ့ပြီး ရော်နယ်ဒို က လှလှပပ ကန်သွင်းသွားခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ နော်ဝစ်ခ်ျ အသင်းက ချေပဂိုးတွေရဖို့ ကြိုးစားလာခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းက အကောင်းဆုံးထိန်းကစားခဲ့တာကြောင့် (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ စပါးနဲ့ အာဆင်နယ် တို့ ရှုံးခဲ့တာကြောင့် ဒီနိုင်ပွဲဟာ ချိုမြိန်တဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို အသက်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ဟတ်ထရစ်သွင်းဂိုးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။