ကားတိုက်မှု ဖြစ်တဲ့ ဖာနန်ဒက်စ်၊ ဒိုင်ဘားလားနဲ့ ရူဒီဂါကို ချိတ်ဆက်ခြင်း အပါအဝင် မန်ယူ သတင်းတိုများ
မန်ယူအသင်းဟာ နွေရာသီမှာ ခံစစ်မှူးတစ်ဦး ခေါ်ယူလိုနေသေးပြီး ချယ်ဆီးမှ ရူဒီဂါရဲ့ ကိုယ်စားလှယ်တွေနဲ့ ကနဦး ဆွေးနွေးနေပေမဲ့ ဂျာမန်သား အိုးထရက်ဖို့ဒ် ရောက်လာဖို့ကတော့ အခွင့်အရေး နည်းနေတယ်လို့ သိရပါတယ်။
မန်ယူ ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ ယနေ့နံနက် လေ့ကျင့်ခန်းအစီအစဉ်ကို လာရင်း ကားတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လူကိုတော့ ပြင်းထန်တဲ့ ထိခိုက်မှု မရှိပဲ မကြာခင် လေ့ကျင့်ခန်း ဆင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
နောဝစ်ချ် ကို အနိုင်ရတဲ့ ပွဲမှာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ ကလပ်အသင်း အတွက် ပွဲ ၃ဝဝ မြောက် ကစားခဲ့တာ ဖြစ်ပါတယ်။ ရက်ဖို့ဒ်က ဒီဂျာစီကို ဝတ်ကစားရတိုင်း အမြဲ စပါယ်ရှယ် ဖီလင် ခံစားရမြဲပါ လို့ တွစ်တာကနေ ဆိုခဲ့ပါတယ်။

အီတလီသတင်းဌာနတွေ အဆိုအရ ယူနိုက်တက် နည်းပြသစ် ဖြစ်လာမယ့် အဲရစ် တန်ဟက်ဟာ ဂျူဗင်တပ် တိုက်စစ်သမား ဒိုင်ဘားလား ကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေမှာ ဂိုးသမား ဒင်း ဟန်ဒါဆန်ကို လက်လွှတ်လိုနေပြီး ပေါင် သန်း ၄ဝ ရရင် ရောင်းချသွားဖို့ ရှိနေကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။
ဒီစနေ နောဝစ်ချ်ကို နိုင်တဲ့ ပွဲ အပြီးမှာ အာဆင်နယ် ကစားသမားဟောင်းကြီး အီယန်ရိုက် ကတော့ မန်ယူ တိုက်စစ်မှုး ရော်နယ်ဒို ဟာ အာဆင်နယ် လိုအပ်နေတဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ ချီးကျူးပြီး သူ့အသင်းဟောင်းကို ရော်နယ်ဒို အားခေါ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

နည်းပြ တန်ဟက်ဟာ မန်ချက်စတာ ယူနိုက်တက် ကို တာဝန်ယူရင် သူ့ရဲ့ လက်ရှိ အေဂျက်အသင်းက လက်ထောက် မန်နေဂျာ ဗန်ဒါဂတ် ကိုလည်း တပါတည်း ခေါ်ဆောင်လာဖို့ ဆုံးဖြတ်ထားကြောင်း Mirror သတင်းက ဖော်ထုတ် ထားပါတယ်။
နောဝစ်ချ်အသင်းကို ၃-၂ ဂိုးနဲ့အနိုင်ရရှိခဲ့ပွဲအတွင်းနဲ့ ပွဲမတိုင်ခင် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ဆန္ဒပြခဲ့တာကြောင့် မန်ယူအသင်းဟာ ကြေညာချက်ထုတ်ပြန်ပြီး အဆင်ပြေအောင် လုပ်ဆောင်ပေးမှာ ဖြစ်ကြောင်း ဆိုခဲ့ရပါတယ်။