ရှုံးချက်နာပြီးတဲ့နောက် ဟာလန်း ကို ခေါ်ဖို့ သဘောတူညီမှု ရအောင် ယူလိုက်တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာတော့ လီဗာပူးကို ရှုံးချက်နာပြီး ရက်ပိုင်း အတွင်းမှာပဲ နောက်ရာသီ အတွက် တိုက်စစ်မှုး ဟာလန်းကို ခေါ်ဖို့ သဘောတူညီမှု ရအောင် ယူလိုက်ပြီ ဖြစ်ပါတယ်။

ဟာလန်းကို ခေါ်ယူဖို့ကြိုးစားနေတဲ့ မန်စီးတီးရဲ့ကြိုးပမ်းမှုဟာ ကစားသမားရဲ့ အေးဂျင့်တွေနဲ့ သဘောတူညီမှုရခဲ့ပြီမလို့ ရှေ့ကို ခြေတစ်လှမ်းတက်ခဲ့ပြီပဲဖြစ်ပါတယ်။

ဟာလန်းကို မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ရဲ့ဝင်ငွေအများဆုံး ကစားသမားဖြစ်အောင် တစ်ပတ်ကို ပေါင် ၅ သိန်းအထက် ပေးမှာကို အသိအမှတ်ပြုခံလိုက်ရပြီပဲဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ အဆိုပါ ၂၁ နှစ်အရွယ် ကစားသမားကို ‌ဒေါ့မွန်အသင်းကနေ ၆၃ သန်းနဲ့ဝယ်ယူဖို့ပြင်ဆင်နေတာဖြစ်ပြီး ဝယ်ယူဖြစ်ခဲ့မယ်ဆိုရင်တော့ ၅ နှစ်စာချုပ်ကို လာမယ့် ရက်သတ္တပတ်အတွင်းမှာ ချုပ်ဖို့ရှိ‌နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကတော့ ဒေါ့မွန်ဟာ မည်သည်အရာကိုမျှ သဘောမတူညီထားဘဲ ရီးရဲလ်နဲ့ပီအက်စ်ဂျီတို့ရဲ့ ကမ်းလှမ်းမှုတွေဟာလည်း ယခုသတင်းကြောင့် အဆုံးသတ်ဖို့ရှိနေတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဟာလန်း က ဒေါ့မွန်အသင်းမှာလည်း သက်တမ်းနောက်တစ်နှစ် တိုးနိုင်ခြေလည်းရှိ နေတာဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးကတော့ ယုံကြည်မှုအပြည့်ရှိနေဆဲဖြစ်ပြီး ဂွာဒီယိုလာရဲ့အလိုကျ ဟာလန်းကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။

စပိန်နည်းပြဟာ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက ဟာရီကိန်းကို ခေါ်ယူဖို့ လွဲချော်ခဲ့တာဖြစ်ပေမဲ့လို့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ရောက်နေဆဲဖြစ်ပါတယ်။ မန်စီးတီးဟာ တိုက်စစ်မှူကစားတစ်ယောက်ကို ရှာဖွေနေခဲ့တာ ကြာညောင်း နေခဲ့ပြီလည်းဖြစ်ပါတယ်။

လိဒ်ကမွေးဖွားလာတဲ့ ဟာလန်းဟာ ဆဲလ်ဘတ်နဲ့ မိုလ်ဒီအသင်းတွေ အတွက်လည်း ကစားပေးခဲ့တာဖြစ်ပြီး ဒီရာသီရဲ့ နိုင်ငံအသင်း ပွဲပေါင်း ၃၁ ပွဲမှာ ၃၃ ဂိုး သွင်းယူနိုင်ခဲ့အထိဖြစ်အောင် ဝုဖ်ဘတ်ကို ၆-၁ နဲ့အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

မန်စီးတီးမှာ ကစားပေးခဲ့ဖူးတဲ့ အဆိုပါကစားသမားရဲ့ဖခင်ဖြစ်သူ အင်ဂီဟာလည်း အဆိုပါ ဆွေးနွေးညှိနှိုင်းမှုမှာ ပါဝင် လာတာဖြစ်ပါတယ်။ မတ်လတုန်းကလည်း မန်စီးတီးဟာ ဥရောပရဲ့ နာမည်အကြီးဆုံးကစားသမားဖြစ်တဲ့ ဟာလန်းကို ရဖို့ ထိပ်ဆုံးကပြေးနေပြီး ပုဂ္ဂိုလ်ရေး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြီးခဲ့ပြီလို့ Daily Mai lသတင်းစာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

တစ်ပတ်ကို ပေါင် ၅၀၀၀၀၀ ကျော်ရမယ့်သူ့ရဲ့လစာဟာ တစ်ပတ်ကို ပေါင် ၃၈၅၀၀၀ ရတဲ့ ဒီဘရိုင်းရဲ့ လစာထက်ကို ကျော်လွန်သွားစေမှာလည်းဖြစ်ပါတယ်။ နော်ဝေးကစားသမားဟာ နေးရှင်းလိဂ်မှာ ဇွန်လအတွင်း ၄ ပွဲကစားရမှာဖြစ်ပြီး နောက်ဆုံးပွဲကတော့ ဆွီဒင်နဲ့ကန်ရမယ့်ပွဲပဲဖြစ်ပါတယ်။