မန်ယူနည်းပြ အဖြစ် သတင်းစာ ရှင်းလင်းပွဲ လာထိုင်လုပ်နေရတာကို ရှက်လှပါပြီ ဆိုတဲ့ ရန်းနစ်
မန်ချက်စတာ ယူနိုက်တက် ယာယီနည်းပြ ရန်းနစ် က လီဗာပူးအသင်း ကို ၄ဂိုး ဂိုးမရှိနဲ့ အဲဒီလောက် ဂိုးပြတ် အရေးနိမ့်တာ ဟာ အရှက်ရစေတယ်လို့ ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။
လီဗာပူး အသင်းဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့တာပါ။
မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဒီရှုံးပွဲကြောင့် အဆင့်(၄)နေရာက စပါးနဲ့ အမှတ်ကွာဟမှု လျှော့ချဖို့ လွဲခဲ့ရပါတယ်။ ဒီပွဲရှုံးနိမ့်မှုကြောင့် အဆင့်(၆)နေရာကို ကျဆင်းသွားခဲ့တာပါ။

နည်းပြ ရန်းနစ် က “ရှက်စရာကောင်းပြီး စိတ်ပျက်စရာလည်း ကောင်းပါတယ်။ ရှက်စရာ ကောင်းတာတောင် ဖြစ်နိုင်တယ်” လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက် အနေနဲ့ လီဗာပူးလ်နဲ့ ကွာဟချက်ကို ဘယ်လိုနီးစပ်နိုင်မလဲလို့ မေးခဲ့ရာမှာ ရက်ဂ်နစ် က “အခု သူတို့ဟာ ကျွန်တော်တို့ (၆)နှစ်ကျော်နေပြီဆိုတာကို ကျွန်တော်တို့လက်ခံရပါမယ်။ ကလောပ့် ရောက်လာတဲ့ အချိန်မှာ သူတို့ဟာ ပုံစံပြောင်း သွားခဲ့ပါတယ်”
“ဆုဖလားတွေ မြှောက်နိုင်ရုံတင်မကဘဲ ကလပ်နဲ့ မြို့ကလည်း အဆင့်အသစ်ကို ရောက်ရှိသွားပါတယ်။ ဒါတွေဟာ နောက်လာမယ့် အပြောင်းအရွှေ့တွေမှာ ကျွန်တော်တို့နဲ့ ပတ်သက်ရပါမယ်။ သေချာတာကတော့ ပြန်လည် တည်ဆောက်မှု တစ်ခုက ပထမ(၃)ပတ် ဒါမှမဟုတ် (၄)ပတ်အတွင်းမှာ သိသာထင်ရှားပါတယ်”
“နည်းပြ အနေနဲ့ ဒီမှာ ဒီလိုထိုင်ပြီး သတင်းစာ ရှင်းလင်းပွဲလုပ်ရတာက အလွန်ကို ရှက်စရာကောင်းပါတယ်။သူတို့က ကျွန်တော်တို့ထက် ပိုကောင်းတယ်ဆိုတာကို ကျွန်တော်တို့ ဝန်ခံရပါမယ်”လို့ ဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။