ဂန်းနားလူငယ်လေးက စီရော်နယ်ဒို ထက်တောင် ပိုကောင်းတယ် လို့ ချီးကျူးလိုက်တဲ့ နဗီးလ်

ယူနိုက်တက် ခံစစ်ဟောင်း ဂယ်ရီနဗီးလ်က အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ စမစ်ရိုဝီဟာ အသက် (၂၁) နှစ်အရွယ်က ရော်နယ်ဒိုထက် ပိုမို ကောင်းနေပြီး စိတ်ထဲ ခံစားချက်ထားလေ့မရှိဘူးလို့ဆိုလာပါတယ်။

စမစ်ရိုဝီက ပရီးမီးယားလိဂ်သွင်းဂိုး (၂) ဂိုးသွင်းယူပေးထားပြီး နောက်ပိုင်း အာဆင်နယ်ရဲ့ သွင်းဂိုးတွေ အတွက် သူ့ရဲ့ပါဝင်ပတ်သက်မှုတွေက တော်တော်လေး အရေးပါလာခဲ့ပါတယ်။ ဒီလိုမျိုး စမစ်ရိုဝီနဲ့ ပတ်သက်လို့ ဂယ်ရီနဗီးလ်က အခုလိုပဲ ချီးကျူးခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က “ကျွန်တော့်ဘဝမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ချင်တယ်လို့ ပထမဆုံးပြောတာ ကြားဖူးခဲ့တာ ရော်နယ်ဒိုပါပဲ။ သူက တစ်ချက်တောင် တွေဝေမနေဘဲ ပြောခဲ့တာပါ။ ကစားသမား တစ်ယောက်က ဒီလိုမျိုး ထုတ်ပြောတာ ပုံမှန်မဟုတ်ပါဘူး”

“ဘာလို့လဲဆိုတော့ လူတိုင်းက အသင်းလိုက်နဲ့ စုစည်းမှုအကြောင်းကိုပဲ ပြောကြတာပါ။ ဆာလာလည်း ဒီလိုပြောလာတော့ အသွင်ဆန်းသစ်သွားတာပေါ့။ ရော်နယ်ဒိုကို (၁၀) နှစ် (၁၅) နှစ်၊ ဆာလာကို (၆) နှစ် လောက် နောက်ဆုတ်ပေးလိုက်ရင် သူတို့နှစ်ယောက်က တကယ်ကို အညှာအတာကင်းမဲ့ပြီး ထိထိရောက်ရောက် ကစားနိုင်မှာပါ”

“စမစ်ရိုဝီက အခု အဲ့ဒီလိုမျိုးဖြစ်နေပါပြီ။ သူ့ရဲ့ကစားသမားဘဝ အရှည်ကြီး ဖြတ်သန်းရဦးမှာပါ။ ရော်နယ်ဒိုတောင် အသက် (၂၁) နှစ်အရွယ်မှာ စမစ်ရိုဝီလိုမဖြစ်သေးပါဘူး။ ဒါပေမယ့် သူလည်း နောက်ပိုင်း လုပ်ပြခဲ့ပါတယ်”

“သူတို့တွေအကုန်လုံးက ပွဲတိုင်း ပွဲတိုင်းမှာ အကောင်းဆုံးဖြစ်ချင်ပြီး အနိုင်ဂိုးသွင်းချင်တယ်၊ လုပ်နိုင်မယ်လို့ ယုံကြည်ထားကြပြီး သူတို့ရဲ့ယုံကြည်ချက်တွေကတော့ အံ့အားသင့်စရာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

စမစ်ရိုဝီဟာ အသက် (၁၀) နှစ်တည်းက အာဆင်နယ် အကယ်ဒမီကို ရောက်ရှိနေတာဖြစ်ပြီး ဒီနှစ် အစောပိုင်းမှာတော့ အိုဇေးလ်ထွက်ခွာသွားလို့ လစ်လပ်နေတဲ့ ကျောနံပါတ် (၁၀) ကိုပါ ဆက်ခံခွင့် ရရှိထားတာပါ။

ZG

ယူႏိုက္တက္ ခံစစ္ေဟာင္း ဂယ္ရီနဗီးလ္က အာဆင္နယ္မွာ ေျခစြမ္းျပေနတဲ့ စမစ္႐ိုဝီဟာ အသက္ (၂၁) ႏွစ္အ႐ြယ္က ေရာ္နယ္ဒိုထက္ ပိုမို ေကာင္းေနျပီး စိတ္ထဲ ခံစားခ်က္ထားေလ့မရွိဘူးလို႔ဆိုလာပါတယ္။

စမစ္႐ိုဝီက ပရီးမီးယားလိဂ္သြင္းဂိုး (၂) ဂိုးသြင္းယူေပးထားၿပီး ေနာက္ပိုင္း အာဆင္နယ္ရဲ႕ သြင္းဂိုးေတြ အတြက္ သူ႔ရဲ႕ပါဝင္ပတ္သက္မႈေတြက ေတာ္ေတာ္ေလး အေရးပါလာခဲ့ပါတယ္။ ဒီလိုမ်ိဳး စမစ္႐ိုဝီနဲ႔ ပတ္သက္လို႔ ဂယ္ရီနဗီးလ္က အခုလိုပဲ ခ်ီးက်ဴးခဲ့ပါတယ္။

ဂယ္ရီနဗီးလ္က “ကြၽန္ေတာ့္ဘဝမွာ ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္ခ်င္တယ္လို႔ ပထမဆုံးေျပာတာ ၾကားဖူးခဲ့တာ ေရာ္နယ္ဒိုပါပဲ။ သူက တစ္ခ်က္ေတာင္ ေတြေဝမေနဘဲ ေျပာခဲ့တာပါ။ ကစားသမား တစ္ေယာက္က ဒီလိုမ်ိဳး ထုတ္ေျပာတာ ပုံမွန္မဟုတ္ပါဘူး”

“ဘာလို႔လဲဆိုေတာ့ လူတိုင္းက အသင္းလိုက္နဲ႔ စုစည္းမႈအေၾကာင္းကိုပဲ ေျပာၾကတာပါ။ ဆာလာလည္း ဒီလိုေျပာလာေတာ့ အသြင္ဆန္းသစ္သြားတာေပါ့။ ေရာ္နယ္ဒိုကို (၁၀) ႏွစ္ (၁၅) ႏွစ္၊ ဆာလာကို (၆) ႏွစ္ ေလာက္ ေနာက္ဆုတ္ေပးလိုက္ရင္ သူတို႔ႏွစ္ေယာက္က တကယ္ကို အညႇာအတာကင္းမဲ့ၿပီး ထိထိေရာက္ေရာက္ ကစားႏိုင္မွာပါ”

“စမစ္႐ိုဝီက အခု အဲ့ဒီလိုမ်ိဳးျဖစ္ေနပါၿပီ။ သူ႔ရဲ႕ကစားသမားဘဝ အရွည္ႀကီး ျဖတ္သန္းရဦးမွာပါ။ ေရာ္နယ္ဒိုေတာင္ အသက္ (၂၁) ႏွစ္အ႐ြယ္မွာ စမစ္႐ိုဝီလိုမျဖစ္ေသးပါဘူး။ ဒါေပမယ့္ သူလည္း ေနာက္ပိုင္း လုပ္ျပခဲ့ပါတယ္”

“သူတို႔ေတြအကုန္လုံးက ပြဲတိုင္း ပြဲတိုင္းမွာ အေကာင္းဆုံးျဖစ္ခ်င္ၿပီး အႏိုင္ဂိုးသြင္းခ်င္တယ္၊ လုပ္ႏိုင္မယ္လို႔ ယုံၾကည္ထားၾကၿပီး သူတို႔ရဲ႕ယုံၾကည္ခ်က္ေတြကေတာ့ အံ့အားသင့္စရာပါပဲ” လို႔ ေျပာၾကားခဲ့ပါတယ္။

စမစ္႐ိုဝီဟာ အသက္ (၁၀) ႏွစ္တည္းက အာဆင္နယ္ အကယ္ဒမီကို ေရာက္ရွိေနတာျဖစ္ၿပီး ဒီႏွစ္ အေစာပိုင္းမွာေတာ့ အိုေဇးလ္ထြက္ခြာသြားလို႔ လစ္လပ္ေနတဲ့ ေက်ာနံပါတ္ (၁၀) ကိုပါ ဆက္ခံခြင့္ ရရွိထားတာပါ။