ပါအူးလ် တောရက်စ်၊ ဂျီဆု၊ ပီအက်စ်ဂျီက ထွက်မယ့်သူများ၊ လာကာဇက် သတိပေးခံရမှုနဲ့ အပြောင်းအရွှေ့ သတင်းများ
ဘာစီလိုနာအသင်းဟာ နွေမှာ ခေါ်ဖို့ တိုက်စစ်မှုးသစ် ရှာဖွေနေပြီး မန်စီးတီး အသင်းက ဂါဘရီရဲလ် ဂျီဆုကို လက်မလျှော့သေးဘူး လို့ သိရပါတယ်။ ဂျီဆု ကတော့ လာမယ့် နွေမှာ မန်ချက်စတာအသင်း အနေနဲ့ ဟားလန်းကို ခေါ်ယူခဲ့မယ်ဆိုရင် ကလပ်က ထွက်ခွာချင်နေတယ်လို့ ဆိုပါတယ်။
အင်တာမီလန် တိုက်စစ်မှူးဖြစ်တဲ့ လော်တာရို နဲ့ အာဆင်နယ် သတင်းထွက်နေတာဖြစ်ပါတယ်။ လော်တာရို အနေနဲ့ သူသာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အာဆင်နယ် အစား လီဗာပူးအသင်းကိုသာ ပြောင်းရွှေ့လိုတယ်လို့ ဆိုပါတယ်။
မန်ယူအသင်းက ဗီလာရီးရဲလ် နောက်ခံလူ ပါအူးလ် တောရက်စ်ကို ပြန်လည် စိတ်ဝင်စားလာပြီလို့ သိရပါတယ်။ ၎င်းက မန်ယူက ပြီးခဲ့တဲ့ နွေတုန်းက အကြီးအကျယ် သတင်းထွက်ခဲ့ပေမယ့် ဗာရိန်းကိုသာ ခေါ်ယူခဲ့တာပါ။ ဗီလာရီးရဲလ် ကတော့ ပါအူးလ် တောရက်စ် အတွက် ယူရို သန်း ၅၀ အလိုရှိနေပါတယ်။

ဒေါ့မွန် အသင်း အနေနဲ့ သူတို့ ကြယ်ပွင့် ကစားသမားဖြစ်တဲ့ ဂျုတ်ဘယ်လင်ဟမ်ကို ရောင်းချလိုခြင်းမရှိတာကြောင့် မန်ယူနဲ့ လီဗာပူးအသင်းကို လက်ရှောင်နေဖို့ သတိပေးစကားပြောကြားလိုက်တယ်လို့ Bild က ဖော်ပြလိုက်ပါတယ်။
ပီအက်စ်ဂျီ အသင်းမှ အိန်ဂျယ်ဒီမာရီယား၊ မော်ရို အီကာဒီ နဲ့ လန်ဒရို ပါရာဒက်စ် တို့က လာမယ့် နွေကျရင် ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ စပိန် AS သတင်း က ဆိုပါတယ်။ အီကာဒီ နဲ့ ပါရာဒက်စ်တို့က စာချုပ်သက်တမ်း ရှိနေသေးပေမယ့် ပီအက်စ်ဂျီက သူတို့ကို ရောင်ချချင်နေတာဖြစ်ပြီး မာရီယာကတော့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာပါ။
လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်ဘန်းစ်က နွေရာသီမှာ အာဆင်နယ်ကနေ ထွက်ခွာတော့မဲ့ လာကာဇက်အနေနဲ့ လက်ကျန် ပွဲစဉ်တွေမှာ ပုံစံကောင်းကို ပြသကာ ဂိုးတွေသွင်းယူနိုင်ဖို့ လိုအပ်ကြောင်း၊ ဒါမှသာ နွေရာသီ အသင်းပြောင်းတဲ့အခါ အထောက်အကူ ဖြစ်စေမယ် လို့ သတိပေးခဲ့ပါတယ်။

လိုင်ဇစ် ကြယ်ပွင့်ဖြစ်တဲ့ ခရစ်စတိုဖာ အင်ကွန်ကူ ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ မန်ယူ၊ အင်တာမီလန် နဲ့ အေစီမီလန်တို့က စိတ်ဝင်စားနေပါတယ်။ ၎င်းက ဘွန်းဒစ်လီဂါ ပွဲ ၃၀ မှာ ၁၇ ဂိုး အထိ သွင်းယူနိူင်ခဲ့တာကြောင့် ဥရောပ ကလပ်တွေ တော်တော် မျက်စိကျလာကြတာပါ။
တန်ဟတ် မန်ချက်စတာ ယူနိုက်တက်နည်းပြဖြစ်လာခဲ့ပြီးနောက် နယ်သာလန်ကွင်းလယ်လူ ဗန်ဒီဘတ်ချ်ရဲ့ ကစားသမား ဘဝဟာ ပြန်ပြီးတောက်ပလာဖို့ ရှိနေပါတယ်။ အေဂျက်ဇ် မှာတုန်းက ဗန်ဒီဘတ်ချ်ရဲ့အကောင်းဆုံး အရည်အသွေး တွေကို ထုတ်ဖော်နိုင်ခဲ့တဲ့ တန်ဟတ်ဟာ မန်ယူမှာ ဗန်ဒီဘတ်ချ်ကို အခွင့်အရေးပေးသွားမှာ ဖြစ်ပါတယ်။