စီရော်နယ်ဒို မန်ချက်စတာ ယူနိုက်တက် မှာ ဆက်ရှိနေဖို့က နည်းပြတန်ဟက် အပေါ် မူတည်မယ်

လာမယ့် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ ခရစ္စတီယာနို ဆက် ရှိ၊ မရှိက နည်းပြ တန်ဟက် သဘောထား အပေါ် မူတည်မှာ ဖြစ်ပြီး ပေါ်တူဂီသားက အလောတကြီး ဆုံးဖြတ်ဦးမှာ မဟုတ်ဘူးလို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုရဲ့ အဆိုအရ သိရပါတယ်။

အသက် ၃၇ နှစ် အရွယ် တိုက်စစ်မှုး ရော်နယ်ဒိုဟာ မန်ချက်စတာ ကလပ်နဲ့ တစ်နှစ်သာ စာချုပ် ကျန်ရှိမှာ ဖြစ်ပြီး အသင်းမှာ ဆက်ရှိနေမယ် ဆိုရင်တော့ သူ့ ကစားသမားဘဝ နှောင်းပိုင်းမှာ ချန်ပီယံလိဂ် ပွဲ မကစားရဘဲ ကုန်ဆုံး ရဖွယ် ရှိနေတာကြောင့် စဉ်းစားစရာ ဖြစ်နေတာပါ။

ဒါပေမယ့် သတင်းထောက် ရိုမန်နို အဆိုအရ ရော်နယ်ဒိုဟာ နည်းပြသစ် တန်ဟက်က သူ့ကို အဓိက ကစားသမား အဖြစ် ထည့်သွင်း နေရာပေးမယ် ဆိုရင် အိုးထရက်ဖို့ဒ်မှာ ဆက်နေဖို့ ရွေးချယ်သွားမယ်လို့ သိရပါတယ်။

အရွယ်ရလာပေမယ့် ရော်နယ်ဒိုက ဒီရာသီ ပြိုင်ပွဲစုံ ယူနိုက်တက် အတွက် ၂၄ ဂိုး သွင်းထားပြီး အသင်းမှာ ဂိုးသွင်း အများဆုံးသူပဲ ဖြစ်ပါတယ်။ အင်္ဂလန် ထိပ်တန်း လိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်ဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အသားပေးတာကြောင့် ရော်နယ်ဒို အနေနဲ့ အခုလို စွမ်းဆောင်ပြထားတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

ပေါ်တူဂီသားရဲ့ အနာဂတ် ကိစ္စကို ဆုံးဖြတ်ဖို့အတွက် ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့ချ် မန်ဒက်စ်က တန်ဟက်နဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ လာမယ့်နွေမှာ တိုက်စစ်မှုးသစ် ခေါ်ယူဖို့တော့ ရှိနေပြီး ရော်နယ်ဒိုက တိုက်စစ်မှာ တာဝန်ခွဲဝေယူဖို့ သူ့အတွက် ပြသနာ မရှိဘူးလို့ ပြောဆိုထားပါတယ်။

ZG

လာမယ့္ ေဘာလံုးရာသီမွာ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ အတူ ခရစၥတီယာႏို ဆက္ ရွိ၊ မရွိက နည္းျပ တန္ဟက္ သေဘာထား အေပၚ မူတည္မွာ ျဖစ္ၿပီး ေပၚတူဂီသားက အေလာတႀကီး ဆုံးျဖတ္ဦးမွာ မဟုတ္ဘူးလို႔ နာမည္ႀကီး သတင္းေထာက္ ဖာဘရီဇီယို ႐ိုမန္ႏိုရဲ႕ အဆိုအရ သိရပါတယ္။

အသက္ ၃၇ ႏွစ္ အ႐ြယ္ တိုက္စစ္မႈး ေရာ္နယ္ဒိုဟာ မန္ခ်က္စတာ ကလပ္နဲ႔ တစ္ႏွစ္သာ စာခ်ဳပ္ က်န္ရွိမွာ ျဖစ္ၿပီး အသင္းမွာ ဆက္ရွိေနမယ္ ဆိုရင္ေတာ့ သူ႔ ကစားသမားဘဝ ေႏွာင္းပိုင္းမွာ ခ်န္ပီယံလိဂ္ ပြဲ မကစားရဘဲ ကုန္ဆုံး ရဖြယ္ ရွိေနတာေၾကာင့္ စဥ္းစားစရာ ျဖစ္ေနတာပါ။

ဒါေပမယ့္ သတင္းေထာက္ ႐ိုမန္ႏို အဆိုအရ ေရာ္နယ္ဒိုဟာ နည္းျပသစ္ တန္ဟက္က သူ႔ကို အဓိက ကစားသမား အျဖစ္ ထည့္သြင္း ေနရာေပးမယ္ ဆိုရင္ အိုးထရက္ဖို႔ဒ္မွာ ဆက္ေနဖို႔ ေ႐ြးခ်ယ္သြားမယ္လို႔ သိရပါတယ္။

အ႐ြယ္ရလာေပမယ့္ ေရာ္နယ္ဒိုက ဒီရာသီ ၿပိဳင္ပြဲစုံ ယူႏိုက္တက္ အတြက္ ၂၄ ဂိုး သြင္းထားၿပီး အသင္းမွာ ဂိုးသြင္း အမ်ားဆုံးသူပဲ ျဖစ္ပါတယ္။ အဂၤလန္ ထိပ္တန္း လိဂ္ျဖစ္တဲ့ ပရီးမီးယားလိဂ္ဟာ ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈ အသားေပးတာေၾကာင့္ ေရာ္နယ္ဒို အေနနဲ႔ အခုလို စြမ္းေဆာင္ျပထားတာ လြယ္ကူတဲ့ ကိစၥေတာ့ မဟုတ္ပါဘူး။

ေပၚတူဂီသားရဲ႕ အနာဂတ္ ကိစၥကို ဆုံးျဖတ္ဖို႔အတြက္ ေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္ ေဂ်ာ့ခ်္ မန္ဒက္စ္က တန္ဟက္နဲ႔ ေတြ႕ဆုံ ေဆြးေႏြးသြားဖို႔လည္း ရွိတယ္လို႔ သိရပါတယ္။

ယူႏိုက္တက္ဟာ လာမယ့္ေႏြမွာ တိုက္စစ္မႈးသစ္ ေခၚယူဖို႔ေတာ့ ရွိေနၿပီး ေရာ္နယ္ဒိုက တိုက္စစ္မွာ တာဝန္ခြဲေဝယူဖို႔ သူ႔အတြက္ ျပသနာ မရွိဘူးလို႔ ေျပာဆိုထားပါတယ္။