ယူရို သန်း ၁၅၀ တန် ခံစစ်မှုးကို ခေါ်မလား မေးမြန်းခံထားရတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်နောက်ခံလူ မတ်သစ်ဂျ်ဒီလစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီလစ် စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း ၁၅၀ ရှိပြီး လာမယ့်နွေရာသီမှာ အသက်ဝင်တော့မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးက ပြီးခဲ့တဲ့ နွေရာသီတုန်းက ခံစစ်ကြောင်းကို အင်အားမြှင့်တင်ဖို့ ကြိုးစားခဲ့ပြီး ဆီဗီလာက ဂျူးစ်ကွန်ဒီကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ပိတ်ခါနီးကျမှ ဆီဗီလာဘက်က ကွန်ဒီရဲ့ ပြောင်းရွှေ့ကြေးကို မြှင့်တင်လိုက်တာကြောင့် အပြောင်းအရွှေ့ မဖြစ်လာခဲ့ပါဘူး။
သောမတ်စ်တူချယ်ရဲ့အသင်းဟာ အခုဆိုရင် အရန်ပစ်မှတ်တွေကိုလည်း ရှာဖွေနေပြီး Goal ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ကလည်း ဒီလစ်ကို အရောင်းစာရင်း တင်လိုက်ပြီလို့ သိရပါတယ်။
သတင်းတွေအရတော့ ဂျူဗင်တပ်စ်ဟာ ဒီလစ်ရဲ့ တစ်ပတ်ကို ပေါင် ၂၈၀၀၀၀ ဆိုတဲ့ မြင့်မားလွန်းတဲ့ လစာပမာဏကို လျှော့ချလိုနေတာကြောင့် ကစားသမားကို အရောင်းစာရင်း တင်လိုက်ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက အီတလီမီဒီယာတွေနဲ့ အင်တာဗျူးမှာ ဒီလစ်ရဲ့ အေးဂျင့် မီနိုရွိုင်းအိုလာက လာမယ့်နွေရာသီမှာ နယ်သာလန် လက်ရွေးစင်ဟာ အသင်းကနေ ရောင်းထုတ်ခံရနိုင်တယ်လို့ ပြောထားခဲ့ပါတယ်။
ဒီလစ်ဟာ ၂၀၁၉ တုန်းက အေဂျက်စ်ကနေ ဂျူဗင်တပ်စ်ကို ပေါင် ၆၇.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် ဒီရာသီမှာတော့ အသက် ၃၇ နှစ်အရွယ် ဝါရင့်နောက်ခံလူ ဂျော်ဂျီယိုချီရယ်လီနီနဲ့ ပွဲကစားချိန်တွေ ခွဲကစားနေရပါတယ်။

ZG
ခ်ဲလ္ဆီးအသင္းဟာ ဂ်ဴဗင္တပ္စ္ေနာက္ခံလူ မတ္သစ္ဂ်္ဒီလစ္ကို ေခၚယူဖို႔ ကမ္းလွမ္းခံခဲ့ရတယ္လို႔ သိရပါတယ္။ ဒီလစ္ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ယူ႐ိုသန္း ၁၅၀ ရွိျပီး လာမယ့္ေႏြရာသီမွာ အသက္ဝင္ေတာ့မွာ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးက ျပီးခဲ့တဲ့ ေႏြရာသီတုန္းက ခံစစ္ေၾကာင္းကို အင္အားျမႇင့္တင္ဖို႔ ႀကိဳးစားခဲ့ၿပီး ဆီဗီလာက ဂ်ဴးစ္ကြန္ဒီကို ေခၚယူႏိုင္ဖို႔ အနီးစပ္ဆုံးျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အေျပာင္းအေ႐ႊ႕ ပိတ္ခါနီးက်မွ ဆီဗီလာဘက္က ကြန္ဒီရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ျမႇင့္တင္လိုက္တာေၾကာင့္ အေျပာင္းအေ႐ႊ႕ မျဖစ္လာခဲ့ပါဘူး။
ေသာမတ္စ္တူခ်ယ္ရဲ႕အသင္းဟာ အခုဆိုရင္ အရန္ပစ္မွတ္ေတြကိုလည္း ရွာေဖြေနၿပီး Goal ရဲ႕ ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္ကလည္း ဒီလစ္ကို အေရာင္းစာရင္း တင္လိုက္ၿပီလို႔ သိရပါတယ္။
သတင္းေတြအရေတာ့ ဂ်ဴဗင္တပ္စ္ဟာ ဒီလစ္ရဲ႕ တစ္ပတ္ကို ေပါင္ ၂၈၀၀၀၀ ဆိုတဲ့ ျမင့္မားလြန္းတဲ့ လစာပမာဏကို ေလွ်ာ့ခ်လိုေနတာေၾကာင့္ ကစားသမားကို အေရာင္းစာရင္း တင္လိုက္ရတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့လက အီတလီမီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ဒီလစ္ရဲ႕ ေအးဂ်င့္ မီႏို႐ြိဳင္းအိုလာက လာမယ့္ေႏြရာသီမွာ နယ္သာလန္ လက္ေ႐ြးစင္ဟာ အသင္းကေန ေရာင္းထုတ္ခံရႏိုင္တယ္လို႔ ေျပာထားခဲ့ပါတယ္။
ဒီလစ္ဟာ ၂၀၁၉ တုန္းက ေအဂ်က္စ္ကေန ဂ်ဴဗင္တပ္စ္ကို ေပါင္ ၆၇.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ အသက္ ၃၇ ႏွစ္အ႐ြယ္ ဝါရင့္ေနာက္ခံလူ ေဂ်ာ္ဂ်ီယိုခ်ီရယ္လီနီနဲ႔ ပြဲကစားခ်ိန္ေတြ ခြဲကစားေနရပါတယ္။