အရင် ဘာစီလိုနာတုန်းကလို ပီအက်ဂျီမှာ အဓိက ခေါင်းဆောင်မင်းသား မဟုတ်တော့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီ ဟာ အသင်းသစ် ပီအက်စ်ဂျီမှာ ဘာစီလိုနာ ကလောက် ဦးစားပေးခြင်း မခံရတာကြောင့် လွတ်လွတ် လပ်လပ် မကစားနိုင် ဖြစ်နေတယ်လို့ တိုက်စစ်မှုးဟောင်း သီယာရီ အွန်နရီ က သုံးသပ် ပြောဆိုလိုက်ပါတယ်။

ဒီလို ဖြစ်ရတာဟာ အမ်ဘာပေ ဟာ ပီအက်စ်ဂျီရဲ့ အဓိက လူ ဖြစ်နေတာကြောင့် ကစားကွက် ပုံဖော်မှုဟာ ဘာပေ ကိုသာ ဦးတည် ဝန်းရံ ကစားနေတဲ့ အတွက် ဖြစ်တယ်လို့လည်း အွန်နရီက ထောက်ပြခဲ့ပါတယ်။

ဘာစီလိုနာ အသင်းမှာ မက်ဆီ နဲ့ အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ သီယာရီ အွန်နရီ ကတော့ ဘာပေ ရဲ့ ဖြစ်တည်မှုဟာ မက်ဆီ ကို ဘာစီလိုနာ မှာ လောက် ကစားခွင့် မရရှိစေ ဖြစ်ခဲ့ရတာလို့ ပြောဆို သုံးသပ် သွားခဲ့ ပါတယ် ။

“မက်ဆီက ပီအက်စ်ဂျီမှာ ပိတ်မိ နေပါတယ်၊ သူ ဘာစီလိုနာ မှာ တုန်းကလောက် ဘောလုံး မရပါဘူး ။ ဒီအတွက် သူ စိတ်ပျက်နေတယ် လို့ ကျွန်တော် မပြောပါဘူး ။ သူ့ကို တောင်ပံ မှာထက် အလယ် မှာ ပိုပြီး မြင်ချင်မိတာပါ။

ဘာစီလိုနာ မှာ တုန်းက မက်ဆီ ညာခြမ်း ထွက် ကစားရင် ကျွန်တော် နဲ့ သိပ် အတွဲ မမိပါဘူး ။ သူ အလယ် ဝင် ကစားရင် ပိုပြီး အဆင်ပြေ ပါတယ် ။ မက်ဆီ – နေမာ နဲ့ ဘာပေ တို့ ၃ ယောက် အတွဲ မိမိ ကစားဖို့ ဆိုရင် မက်ဆီ က အလယ် ကို ဝင် ကစားတာ ပိုပြီး အဆင်ပြေမှာပါ။

မက်ဆီ က စကားအများကြိး မပြောတတ် ပါဘူး ၊ ဘောလုံး နဲ့ပဲ စကားပြောတတ် တာပါ။ အခု ဒီမှာ ပီအက်စ်ဂျီ က ဘာပေ ရဲ့ အသင်း ပါ။ ဘောလုံးတွေက သူ့ဆီပဲ အများဆုံး လာတတ်ပါတယ်” လို့ အွန်နရီ က ပြောဆိုခဲ့ပါတယ်။

မက်ဆီ နဲ့ ဘာပေ တို့ ဟာ နေမာ ဒဏ်ရာ ရရှိနေစဉ် အတွင်းမှာ တွဲဖက် ကစားနေကြပြီး လိုက်ပ်ဇစ် ကို ၃-၂ နဲ့ အနိုင် ရတဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်မှာ အတူ ခြေစွမ်းပြ ကစားခဲ့ကြပါတယ်။

ZG

လီယြန္နယ္ မက္ဆီ ဟာ အသင္းသစ္ ပီအက္စ္ဂ်ီမွာ ဘာစီလိုနာ ကေလာက္ ဦးစားေပးျခင္း မခံရတာေၾကာင့္ လြတ္လြတ္ လပ္လပ္ မကစားနိုင္ ျဖစ္ေနတယ္လို႔ တိုက္စစ္မႈးေဟာင္း သီယာရီ အြန္နရီ က သံုးသပ္ ေျပာဆိုလိုက္ပါတယ္။

ဒီလို ျဖစ္ရတာဟာ အမ္ဘာေပ ဟာ ပီအက္စ္ဂ်ီရဲ႕ အဓိက လူ ျဖစ္ေနတာေၾကာင့္ ကစားကြက္ ပုံေဖာ္မႈဟာ ဘာေပ ကိုသာ ဦးတည္ ဝန္းရံ ကစားေနတဲ့ အတြက္ ျဖစ္တယ္လို႕လည္း အြန္နရီက ေထာက္ျပခဲ့ပါတယ္။

ဘာစီလိုနာ အသင္းမွာ မက္ဆီ နဲ႔ အတူ တြဲဖက္ ကစားခဲ့ဖူးတဲ့ သီယာရီ အြန္နရီ ကေတာ့ ဘာေပ ရဲ႕ ျဖစ္တည္မႈဟာ မက္ဆီ ကို ဘာစီလိုနာ မွာ ေလာက္ ကစားခြင့္ မရရွိေစ ျဖစ္ခဲ့ရတာလို႔ ေျပာဆို သုံးသပ္ သြားခဲ့ ပါတယ္ ။

“မက္ဆီက ပီအက္စ္ဂ်ီမွာ ပိတ္မိ ေနပါတယ္၊ သူ ဘာစီလိုနာ မွာ တုန္းကေလာက္ ေဘာလုံး မရပါဘူး ။ ဒီအတြက္ သူ စိတ္ပ်က္ေနတယ္ လို႔ ကြၽန္ေတာ္ မေျပာပါဘူး ။ သူ႔ကို ေတာင္ပံ မွာထက္ အလယ္ မွာ ပိုၿပီး ျမင္ခ်င္မိတာပါ။

ဘာစီလိုနာ မွာ တုန္းက မက္ဆီ ညာျခမ္း ထြက္ ကစားရင္ ကြၽန္ေတာ္ နဲ႔ သိပ္ အတြဲ မမိပါဘူး ။ သူ အလယ္ ဝင္ ကစားရင္ ပိုၿပီး အဆင္ေျပ ပါတယ္ ။ မက္ဆီ – ေနမာ နဲ႔ ဘာေပ တို႔ ၃ ေယာက္ အတြဲ မိမိ ကစားဖို႔ ဆိုရင္ မက္ဆီ က အလယ္ ကို ဝင္ ကစားတာ ပိုၿပီး အဆင္ေျပမွာပါ။

မက္ဆီ က စကားအမ်ားႀကိး မေျပာတတ္ ပါဘူး ၊ ေဘာလုံး နဲ႔ပဲ စကားေျပာတတ္ တာပါ။ အခု ဒီမွာ ပီအက္စ္ဂ်ီ က ဘာေပ ရဲ႕ အသင္း ပါ။ ေဘာလုံးေတြက သူ႔ဆီပဲ အမ်ားဆုံး လာတတ္ပါတယ္” လို႔ အြန္နရီ က ေျပာဆိုခဲ့ပါတယ္။

မက္ဆီ နဲ႔ ဘာေပ တို႔ ဟာ ေနမာ ဒဏ္ရာ ရရွိေနစဥ္ အတြင္းမွာ တြဲဖက္ ကစားေနၾကၿပီး လိုက္ပ္ဇစ္ ကို ၃-၂ နဲ႔ အႏိုင္ ရတဲ့ ခ်န္ပီယံလိဂ္ အုပ္စု ပြဲစဥ္မွာ အတူ ေျခစြမ္းျပ ကစားခဲ့ၾကပါတယ္။