ဘန်ဂျူမာ၊ ဒီဂျောင်၊ တင်ဘာ၊ လူရောင်း ငွေရှာမယ့် တန်ဟက်နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ စုစည်းမှု

မန်ယူနည်းပြသစ် တန်ဟတ်ဟာ အသင်းရဲ့လူငယ်ကြယ်ပွင့် ဂျိမ်းစ်ဂါနာရဲ့စွမ်းဆောင်ရည်ကို အထင်ကြီးလျက်ရှိနေပြီး လာမဲ့ရာသီမှာ အခွင့်အရေးပေးသွားဖွယ် ရှိနေပါတယ်။ ဂျိမ်းစ်ဂါနာအနေနဲ့ ပြီးခဲ့တဲ့ရာသီတုန်းက နော်တင်ဟမ် ဖောရက်စ်မှာ အငှားကစားခဲ့ရာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။

လီဗာပူးဂန္ထဝင်ဟေားင် ဂျွန်ဘန်းစ်က လက်ရှိအချိန်မှာ စီရော်နယ်ဒိုအတွက် မန်ယူထက်ပိုကောင်းတဲ့ အသင်းမရှိဘဲ အိုးထရက်ဖို့ဒ်မှာပဲ ဆက်နေဖို့ တိုက်တွန်းခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ မေဂျာလိဂ်ကိုပြောင်းရွှေ့ကောင်း ပြောင်းရွှေ့နိုင် ပေမဲ့ သူ့ရဲ့ခြေစွမ်းအရ ဥရောပမှာ ဆက် ကစားသင့်သေးကြောင်း၊ လက်ရှိမှာ စီရော်နယ်ဒိုအနေနဲ့ ရီးရဲ၊ ဘာစီလိုနာ၊ မန်စီးတီးတို့ကိုလည်း ပြောင်းရွှေ့နိုင်ခြင်း မရှိကြောင်း ဂျွန်ဘန်းစ်ကဆိုခဲ့တာပါ။

လိဂ်ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်ဂိုးသမား ဘတ်မန်းက မန်ချက်စတာယူနိုက်တက်အနေနဲ့ သူ့ကိုဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့စိတ်ဝင်စားမှုခံရတာ ကြီးမားတဲ့ဂုဏ်ယူစရာဖြစ်ကြောင်း ဘတ်မန်းက ဆိုခဲ့ပါတယ်။ မန်ယူဟာ ဒင်း ဟန်ဒါဆန် ထွက်သွားရင် အစားထိုးဖို့ အရန်ဂိုးသမားတစ်ယောက် ရှာဖွေနေတာပါ။

မန်ချက်စတာယူနိုက်တက်နည်းပြသစ် တန်ဟတ်အနေနဲ့ အဓိက ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကို တလောတုန်းက ပထမဆုံးအကြိမ် ဖုန်းခေါ်ပြီး စည်းရုံးမှု ပြုလုပ်ခဲ့ပါတယ်။ ဒီဂျောင်က သူ့အနေနဲ့ စပိန်မှာ ပျော်ရွှင်နေပြီး နည်းပြဇာဗီရဲ့ယုံကြည်မှုကို ရှာဖွေလိုနေပါတယ်။

မန်ယူနည်းပြသစ် တန်ဟတ် က ဒီအပြောင်းအရွှေ့ဘတ်ဂျက် ပေါင်သန်း ၁၂၀ သာ ရရှိမှာ ဖြစ်လို့ ကစားသမား ၄ ဦးကို ရောင်းချပြီး ငွေရှာသွားမှာ ဖြစ်ပါတယ်။ တန်ဟတ်ဟာ တိုက်စစ်မှူး မာရှယ်လ်၊ နောက်ခံလူတွေဖြစ်ကြတဲ့ ဘိုင်လီ၊ ဖီးဂျုံးစ်၊ တွမ်ဇီဘီနဲ့ ဝမ်ဆာကာတို့ကို ရောင်းချသွားမှာလို့ The Athletic က ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဈေးကွက်ထဲ လှုပ်ရှားမှုတွေ ရှိနေပြီး ခံစစ်မှုး ဂျာရီယန် တင်ဘာ ကို ခေါ်ယူနိုင်ခြေနဲ့ ပတ်သတ်ပြီး အေဂျက်နဲ့ ချိတ်ဆက် ပြောဆိုမှုတွေ စတင်ထားပြီ လို့ The Times သတင်းက ဆိုပါတယ်။

မန်ယူက ဗီလာရီးရဲတောင်ပံကစားသမား ဒန်ဂျူမာကို ခေါ်ယူဖို့ မျက်စီကလျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။ ဒန်ဂျူမာရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၃၈ သန်းရှိနေပါတယ်။