မန်ယူတိုက်စစ်ခေါ်ဖို့ တိုက်တွန်းသူ၊ လူကာကူ၊ နူညက်ဇ်၊ ရာဖင်ဟာတို့နဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ
လိဒ်ယူနိုက်တက်အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ အာဆင်နယ်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဘရာဇီးသားကို ဘာစီလိုနာ၊ မန်ယူနဲ့ ချဲလ်ဆီးတို့ကလည်း စောင့်ကြည့်နေပါတယ်။
ဘယ်ဂျီယံနည်းပြ မာတီနက်ဇ်ကတော့ ချဲလ်ဆီးတိုက်စစ်မူှး လူကာကူ ငယ်ရွယ်စဉ်ကတည်းက အဲဗာတန်မှာ ကိုင်တွယ်ခဲ့ဖူးလို့ အကြောင်း ကောင်းကောင်း သိကြောင်း၊ လူကာကူဟာ သူ့ကိုယ်သူ အရေးပါတဲ့ ကစားသမားတစ်ယောက်လို ဖြစ်င်တာဖြစ်ကြောင်း၊ သူ့အနေနဲ့ ချဲလ်ဆီးမျာ ဆက်နေရင် မှန်ကန်ပေမဲ့ ချဲလ်ဆီးကနေ ထွက်ခွာရင်လည်း အားလုံးသဘောတူလို့ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က မန်ယူနည်းပြသစ် တန်ဟတ်အနေနဲ့ ကွင်းလယ် ခေါ်ယူမှုတွေ အပြင် တိုက်စစ်မှာ စီရော်နယ်ဒို ရှိပေမဲ့ ဗဟို တိုက်စစ်မူှးတစ်ဦး မဖြစ်မနေ ဝယ်ယူရမယ်လို့ အကြံပြုခဲ့ပါတယ်။

ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်အနေနဲ့ ပနားမားနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဥရုဂွေးလူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ နူနက်ဇ် မပါဝင်တာနဲ့ပတ်သက်ပြီး ကျန်းမာရေး အကြောင်းပြချက်ကြောင့်လို့ ဥရုဂွေးက ဆိုထားပေမဲ့ ဒါဟာ လီဗာပူးနဲ့ အပြောင်းအရွှေ့ကိစ္စတွေ အပြီးသတ်ဖို့လည်း ဖြစ်နိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့ပါတယ်။
မန်စီးတီး တိုက်စစ်မှူး ဂျေးဆု ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့အသင်းတွေထဲမှာ အေစီမီလန်အသင်းလည်း ပါဝင်လာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ မန်စီးတီးကစားသမား ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။
လီဗာပူးတိုက်စစ်မှုး မိုဟာမက် ဆာလာ က ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲမက်ဒရစ်ကို အရေးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး နာကျင်ခံစားနေရဆဲ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။