လီဝန်ဒေါစကီး၊ အဆန်စီယို၊ နောက်နှစ်မှ ခေါ်မယ့် အဓိက ပစ်မှတ်နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ စုစည်းမှု
မန်ယူအနေနဲ့ သူတို့ရဲ့ပစ်မှတ်တစ်ဦးဖြစ်တဲ့ လိုက်ပ်ဇစ်တိုက်စစ်ကြယ်ပွင့် အန်ကွန်ကူကို ခေါ်ယူရေး မျှော်လင့်ချက် အားလျှော့လာခဲ့ပါပြီ။ လိုက်ပ်ဇစ်အနေနဲ့ မကြာခင်မှာ အန်ကွန်ကူကို လစာတိုးပေးကာစာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖွယ် ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြသစ် တန်ဟတ်က ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကိုခေါ်ယူနိုင်မယ် ယုံကြည်နေတယ် လို့ Daily Mail က ဖော်ပြထားပါတယ်။ မန်ယူအနေနဲ့ တန်ဟတ်အတွက်ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့ရာ ဘာစီလိုနာရဲ့ ငြင်းပယ်မှုကို ခံထားခဲ့ရတယ်လို့ သိရပါတယ်။
မန်ယူအနေနဲ့ ရီးရဲမက်ဒရစ်ကွင်းလယ်လူ အဆန်စီယိုကို ခေါ်ယူလိုပေမဲ့ ပြောင်းရွှေ့ကြေး ယူရို ၃ ၅ သန်းထက်ပိုပြီး ပေးချေလိုခြင်း မရှိဘူးလို့ သိရပါတယ်။ အဆန်စီယိုရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်ထဲကို ရောက်လာခဲ့ပြီး ရီးရဲကနေ ထွက်ခွာလိုနေပါတယ်။ ၎င်းကို အာဆင်နယ်ကလည်း ချိတ်ဆက်နေပါတယ်။

မန်ယူလူငယ်ကြယ်ပွင့်မာ့ချ်ဘရီ ဟာ လူငယ်တွေကို မြေထောင်မြှောက်ရာမှာ ထူးချွန်တဲ့ နည်းပြတန်ဟတ် လက်အောက်မှာ တောက်ပလာလိမ့်မယ်လို့ မန်ယူ ကစားသမားဟောင်း ဗလင်စီယာက မှတ်ချက်ပြုခဲ့ပါတယ်။
မန်ယူအသင်ဟာ ဘင်ဖီကာမှ ဒါဝင်နူနက်ဇ်ကို ခေါ်ယူရေး မအောင်မြင်ခဲ့ပြီးနောက် ဘိုင်ယန်မြူးူနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဘက်ကို မြားဦးလှည့်လာခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဘိုင်ယန်ကနေထွက်ခွာမှာဖြစ်ပြီး လက်ရှိမှာ သူ့ကိုခေါ်ဖို့ ချဲလ်ဆီး၊ ဘာစီလိုနာတို့က ပစ်မှတ်ထားကြိုးပမ်းနေပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ ၂၀၂၂-၂၃ ရာသီသစ်မတိုင်ခင် နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ကစားသမား ၁၁ ဦး အထိ ထွက်ခွာမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ လောလောဆယ်မှာ ပေါ့ဂ်ဘာ၊ ကာဗာနီ၊ မာတစ်၊ လင်ဂတ်၊ မာတာ၊ လီဂရန့်တု့ိလို စီနီယာကစားသမားတွေ ထွက်ခွာခဲ့ပြီး အကယ်ဒမီက ကစားသမား ၅ ဦးလည်း ထွက်ခွာမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ဂါးဒီးယန့် ဖော်ပြထားပါတယ်။ ဒါပေမဲ့ မန်ယူဟာ ဘယ်လင်ဟမ်ကို လက ရှေိနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူမှာ မဟုတ်သေးဘဲ နောက်နှစ် နွေကျမှ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာပါ။
မန်ချက်စတာယူနိုက်တက်ဟာ လူငယ်ကြယ်ပွင့်ဖြစ်တဲ့ ဂါနာချိုကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဂါနာချိုရဲ့အေးဂျင့်နဲ့ ဆွေးနွေးမှုအဆင်ပြေခဲ့ပြီး ဒီနှစ်ပိုင်းအတွင်းသက်တမ်းတိုးမြှင့်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ မန်ယူဟာ ၁၇ နှစ်အရွယ် လူငယ်ကစားသမားကို ၅ နှစ်စာချုပ်သက်တမ်း ချုပ်ဆိုသွားမှာပါ။