မက်ဆီနဲ့ ပီအက်စ်ဂျီ အခြေအနေ၊ ကီဗင်ဖီးလစ်၊ တူချယ်နဲ့ ဒမ်ဘီလီ အပါအဝင် အပြောင်းအရွှေ့ သတင်းများ စုစည်းမှု
မန်ချက်စတာစီးတီးအနေနဲ့ လိဒ်စ်ကွင်းလယ်လူ ကီဗင်ဖီးလစ်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်တယ်လို့ Mirror က ဖော်ပြထားပါတယ်။ မန်စီးတီးအနေနဲ့ ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုရဲ့နေရာကို အစားထိုးဖို့ အတွက် ဖီးလစ်ကို စိတ်ဝင်စားနေတာပါ။
ESPN ရဲ့ သတင်းထောက် ဂျူလီယန်လော်ရင်က ပြင်သစ်ထိပ်သီးကလပ် ပိအကစ်ဂျီအနေနဲ့ မက်ဆီကို နောက်ထ ပ်တစ်နှစ် စာချုပ်သက်တမ်းတိုးမြှင့်ကာ ၂၀၂၄ ခုနှစ်အထိ ဆက်ရှိစေလိုကြောင်း၊ ပီအက်စ်ဂျီ က က်ဆီကို ဆက်ထိန်း၊ မထိန်းဆိုတာ လာမဲ့ရာသီပေါ် များစွာ မူတည်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဘင်ဖီကာက သူတို့ရဲ့ တိုက်စ်စ်မှုး ဒါဝင်နူနက်ဇ်ဟာ ပရီးမီးယားလိဂ်ကလပ် လီဗာပူး ကို ပြောင်းရွှေ့တော့မှာ ဖြစ်တယ် လို့ အတည်ပြုခဲ့ပါတယ်။ လီဗာပူးဟာ နူနက်ဇ်အတွက် ယူရိုသန်း ၁၀၀ နဲ့ သဘောတူညီမှု ရခဲ့တာဖြစ်ပြီး ကနဦး ယူရို ၇၅ သန်း ပေးချေမှာဖြစ်ကာ အပိုဆုကြေး ယူရို ၂၅ သန်း ပါဝင်နေတာပါ။

ဘောလုံးဝေဖန်သူ အဖြစ် ဆောင်ရွက်နေတဲ့ ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်က အာဆင်နယ်အနေနဲ့ ဂျေးဆု တစ်ယောက်တည်းနဲ့တင် မလုံလောက်ဘဲ နောက်ထပ် တိုက်စစ်မှူးတစ်ဦး ခေါ်ရမှာဖြစ်ကြောင်း၊ တကယ်လို့ ဂျေးဆုသာ ဒဏ်ရာရခဲ့ရင် အာဆင်နယ်ဟာ အစားထိုးစရာ တိုက်စစ်မှုး မရှိဖြစ်နေမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အပြောင်းအရွှေ့ ဂုရုတစ်ဆူဖြစ်တဲ့ ဒိန်းဂျုံးစ်က ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီအနေနဲ့ တူချယ်ကြောင့် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ပြောင်းလာလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ “ဒမ်ဘီလီက ဘာစီကနေ ထွက်ဖို့ တဖြည်းဖြည်း ပိုနီးစပ်နေပါတယ်။ သူ့အနေနဲ့ တူချယ်ကြောင့် ချဲလ်ဆီးကို သွားမယ် ထင်ပါတယ်” ဒိန်းဂျုံးစ်က ဆိုခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ ပစ်မှတ်ထားနေတဲ့ အာဂျင်တီးနား ဝါရင့်တောင်ပံကစားသမား ဒီမာရီယာကို မခေါ်နိုင်ဘူးဆိုရင် အေဂျက်ဇ် ကြယ်ပွင့် နီရက်စ်ကို ခေါ်ယူသွားမှာပါ။ ဂျူဗင်တပ်ဟာ ဒီမာရီယာရဲ့ တွေဝေမှုကိုစိတ်မရှည်ဖြစ်နေပြီး ဒီရက်စ်ကို စိတ်ဝင်စား လာတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ဒီမာရီယာအနေနဲ့ အလွတ်နဲ့ ထွက်ခွာမှာပါ။
အင်တာမီလန်နောက်ခံလူ ဒန်ဖရိုင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လိုနေကြောင်း ဒေးလီးမေးလ် က ဖော်ပြထားပါတယ်။ ဒန်ဖရိုင်းအနေနဲ့ မန်ယူနည်းပြသစ် တန်ဟတ်နဲ့ သိကျွမ်းသူဖြစ်ပြီး ပရီးမီးယားလိဂ်ကိုလည်းပြောင်းဖို့ စိတ်ဝင်စားနေတဲ့ အတွက် မန်ယူကို ရွေးချယ်သွားဖွယ် ရှိနေပါတယ်။