မာနေးအတွက် ကြေးတိုးတော့မယ် ဘိုင်ယန်၊ အဲရစ်ဆန် ကို မန်ယူ ကမ်းလှမ်းမှုနဲ့ အပြောင်းအရွှေ့ သတင်းများ
ချဲလ်ဆီးအနေနဲ့ ဘာစီလိုနာနောက်ခံလူကို ဆာဂျီနိုဒက်စ်ကို အလွန်ဆိုနဲ့ အလဲအထပ် ပြုလုပ်ဖို့ စီစဉ်လျက်ရှိနေပါတယ်။ ဘာစီလိုနာက နောက်ခံလူ အလွန်ဆိုကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေရာ ချဲလ်ဆီးက ဘာစီလိုနာ မလိုချင်တဲ့ ဆာဂျီနို ဒက်စ်ကို ပြန်တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ပစ်မှတ်ထားနေတဲ့ လီဗာပူးတိုက်စစ်ကစားသမား မာနေးအတွက် ကြေးတိုးမြှင့် ကမ်းလှမ်း သွားတော့မှာ ဖြစ်ပါတယ်။ ဘိုင်ယန်ဟာ မာနေးအတွက ်ကနဦး ပေါင် ၂၁သန်း ကမ်းလှမ်းထားခဲ့ရာမှာ အငြင်း ခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဘိုင်ယန်ဟာ မာနေးအတွက် ယူရိုသန်း ၄၀ နဲ့ ကမ်းလှမ်းသွားမှာလို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ သူတို့ပစ်မှတ်ထားနေတဲ့ ဘရန်ဖို့ဒ်ကွင်းလယ်လူ အဲရစ်ဆင်အတွက် ကနဦးကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ The Athletic ကဖော်ပြခဲ့ပါတယ်။ အဲရ့စ်ဆင်ဟာဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဘရန်ဖို့ဒ်နဲ့ သက်တမ်း တိုးမြှင့်ဖွယ် မရှိဘဲ အလွတ်နဲ့ ထွက်ခွာဖို့ များနေပါတယ်။

ရီးရဲမက်ဒရစ်အနေနဲ့ တိုက်စစ်မှူး ဗင်နီဆီးယက်စ်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ နီးစပ်လျက်ရှိနေပြီ ဖြစ်ပါတယ်။ ရီးရဲနဲ့ ဗင်နီဆီးယက်စ် တို့ဟာ စာချုပ်သက်တမ်းဆွေးနွေးမှု နောက်ဆုံးအဆင့်ကို ရောက်နေပြီး လာမဲ့ရက်ပိုင်းအတွင်း အသေးစိတ် အချက်အလက်တွေကို လုပ်ဆောင်ကာ အဆုံးသတ်သွားမှာပါ။
ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့ ကွင်းလယ်လူ တိုလစ်ဆိုကို ခေါ်ယူဖို့ ရီးရဲနဲ့ လိုင်ယွန်တို့က အပြိုင်ဖြစ်နေကြပါတယ်။ အန်ဆယ်လော့တီဟာကွင်းလယ်ပိုင်းကို အားဖြည့်ဖ့ို့ တိုလစ်ဆိုကို အလိုရှိနေပြီး လိုင်ယွန်ကလည်း သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်ခေါ်လိုနေတာပါ။
အာဆင်နယ် ကွင်းလယ်လူ တော်ရဲရားအနေနဲ့ စီးရီးအေကလပ် ဖီအိုရင်တီးနားကို အပြီးသတ်ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ဖီအိုရင်တီးနားဟာ တော်ရဲရား အတွက် အာဆင်နယ်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းမရဖြစ်ခဲ့ပြီးနောက် သူ့ကိုခေါ်ယူတော့မှာ မဟုတ်ပါဘူး။
ဒေါ့မွန်တိုက်စစ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့အတွက် လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ Cadena SER က ဖော်ပြထားပါတယ်။ ရီးရဲဟာ ဘယ်လင်ဟမ်အတွက် ယူရိုသန်း ၉၀ ပေးချေမှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ရီးရဲအနေနဲ့ non-EU တွေ ပြည့်နေလို့ ဘယ်လင်ဟမ်ကို လာမဲ့နှစ်ရောက်မှ ကြိုးပမ်းသွားမှာပါ။