မိုရာတာ၊ ဆန်းချက်ဇ်၊ ဂန်နားတွေ ကြွေအောင်လုပ်လိုက်တဲ့ မက်တာနာနဲ့ အာဆင်နယ် သတင်းတိုများ စုစည်းမှု
အာဆင်နယ်အနေနဲ့ ဥရောပထိပ်သီးတွေ ပစ်မှတ်ထားနေတဲ့ လိဒ်စ်ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ရာဖင်ဟာအတွက် လိဒ်စ်နဲ့ တိုက်ရိုက် တွေ့ဆုံနေတယ်လို့ သိရပြီး ကမ်းလှမ်းမှု ပြုလုပ်သွားတော့မှာပါ။ အာဆင်နယ်ဟာ ရာဖင်ဟာကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
အာဆင်နယ်အနေနဲ့ အသင်းရဲ့လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ရီကစ်ကို နယ်သာလန်ကလပ် စပါတာရော့သာဒမ် အသင်းထံ တစ်ရာသီအငှားချခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀ နှစ်အရွယ် ကြယ်ပွင့်ကစားသမားလေးကို ပွဲ အတွေ့အကြုံရအောင် အငှားချခဲ့တာဖြစ်ပြီး ပွဲထွက်ခွင့် (၇၅) ရာခိုင်နှုန်း ပေးရမယ်လို့လည်း စာချုပ်ထဲမှာ ထည့်ချုပ်ထားပါတယ်။
အာဆင်နယ် က မန်စီးတီးတိုက်စစ်မှုး ဂျေဇူးကို အဓိကပစ်မှတ်ထားလျက်ရှိနေပေမဲ့ တစ်ဖက်မှာလည်း တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း Tutto က ဖော်ပြထားပါတယ်။ အငှားကလပ် ဂျူဗင်တပ် ကလည်း မိုရာတာကို အပြီးသတ်ခေါ်ယူခဲ့ခြင်း မရှိလို့ အခုအခါ မိုရာတာအနေနဲ့ အက်သလက်တီကို မက်ဒရစ်ထံ ပြန်လာခဲ့ရတာပါ။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဆန်းချက်ဇ် ကို ပြန်လည်ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စားလျက်ရှိနေတယ်လို့ သတင်းတေုွ ထွက်ပေါ်နေပါတယ်။ အင်တာမီလန်ဟာ ဆန်းချက်ဇ် ကို ရောင်းထုတ် သွားတော့မှာဖြစ်ပြီး အာဆင်နယ်က အခြေအနေကို စောင့်ကြည့်နေတာပါ။
အာဆင်နယ်ရဲ့ပစ်မှတ်တစ်ဦးဖြစ်တဲ့ လိုင်ယွန်ကွင်းလယ်လူ အာဝါကို စီးရီးအေကလပ် ရိုးမားက ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီ ဖြစ်တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အာဆင်နယ်အနေနဲ့ အာဝါကိုကာလရှည် ်ပစ်မှတ် ထားနေခဲ့ပြီး လက်ရှိအပြောင်းအရွှေ့မှာလည်း ဈေးသက်သက်သာသာနဲ့ ခေါ်နိုင်မဲ့ အခွင့်အရေးကြောင့် ချိန်ရွယ်လျက် ရှိနေဆဲ ဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ အဓိကပစ်မှတ်ထားနေတဲ့ လက်စတာကွင်းလယ်လူ တိုင်လေမန့်စ်ကို ခေါ်ယူဖို့ သွေးအေးသွားခဲ့ပြီ ဖြစ်တယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အာဆင်နယ်ဂိုးသမားသစ် မက်တာနာဟာ နယူးအင်္ဂလန်အတွက် နောက်ဆုံးပွဲစဉ်မှာ ပရိသတ်တွေအတွက် အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့တာပါ။ အဲဒီလို လက်မှတ်ရေးထိုးရာမှာ စပါးအသင်း ဂျာစီဝတ်ဆင်ထားတဲ့ ပရိသတ် တစ်ဦးကိုတော့ လက်မှတ်ထိုးရေးခဲ့ခြင်း မရှိဘဲ ကျော်သွားခဲ့ရာ ဒီလုပ်ရပ်ကို အာဆင်နယ် ပရိသတ်တွေက သဘောကျနေပါတယ်။
ပေါ်တိုဥက္ကဋ္ဌဟောင်း လိုဘိုက အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူ ဗီယာရာက ပေါ်တိုရဲ့ အကောင်းဆုံး ကစားသမားတွေထဲကတစ်ဦးဖြစ်ကြောင်း၊ ဒါက စီးပွားရဲ့ တစ်စိတ်တစ်ပိုင်းဆိုပေမဲ့ ဗီယာရာကို ရောင်းချခဲ့တဲ့ ပေါ်တိုရဲ့ လုပ်ရပ်ကိုနားမလည်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။