ဒီလစ်ကို ချိတ်ဆက်ခြင်း၊ ဈေးများတဲ့ ကာဆယ် တိုက်စစ်မှုး၊ စိတ်ပြောင်းတဲ့ ဒမ်ဘီလီနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ စုစည်းမှု

ဒီနွေမှာ ရူဒီဂါနဲ့ ခရစ္စတန်ဆန် တို့ကို ဆုံးရှုံးထားရတဲ့ ချဲလ်ဆီးဟာ ဗဟိုခံစစ် နေရာအတွက် ပြန် အင်အားဖြည့်ဖို့ ဂျူဗင်တပ်မှ ဒီလစ်ကို ချိန်ရွယ်နေပါတယ်။ နယ်သာလန်သားကလည်း ဒီနွေမှာ ဂျူဗင်တပ်ကနေ ထွက်ခွာချင်နေပြီး ၎င်းကို မန်ယူကလည်း ချိတ်ဆက်နေတာပါ။

ချဲလ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာတောင်ပံ ကစားသမား ဒမ်ဘီလီဟာ လက်ရှိကလပ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်တယ် လို့ သိရပါတယ်။ ဒမ်ဘီလီဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ AS က ဖော်ပြလာတာပါ။

ချဲလ်ဆီးအနေနဲ့ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ် နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လိဒ်စ်ကတော့ ရာဖင်ဟာအတွက် ပေါင်သန်း ၅၀ အလိုရှိနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးကစားသမားတွေအနေနနဲ့ အဲဗာတန်တိုက်စစ်မူှး ရီချာလီဆန်ကို ခေါ်ယူပေးဖို့ ဘုတ်အဖွဲ့ထံ တောင်းဆိုမှုတွေ ပြုလုပ်ထားတယ်လို့ The Sun က ဖော်ပြထားပါတယ်။ ချဲလ်ဆီး စီနီယာကစားသမားတွေဟာ လူကာကူရဲ့နေရာမှာ ရီချာလီဆန်နဲ့ အစားထိုးဖို့ မျှော်လင့်လျက်ရှိနေတာပါ။ အဲဗာတန်ကတော့ သူတို့ရဲ့တိုက်စစ်မှူးအတွက် ပေါင်သန်း ၅၀ တောင်းဆိုထားပါတယ်။

အင်တာမီလန် အမာခံ ပရိသတ် အဖွဲ့ တစ်ခုကတော့ အင်တာထံ ပြန်လာမယ့် တိုက်စစ်မုှူး လူကာကူကို သတိပေးမှုပြုလုပ်ခဲ့ပါတယ်။ လူကာကူဟာ အင်တာမီလန်မှာ ရှိစဉ်တုန်းက ဘုရင်တစ်ပါးလို ဆက်ဆံခံခဲ့ရပေမဲ့ လက်ရှိမှာတော့ တခြားကစားသမားတွေနဲ့ တန်းတူဖြစ်ကြောင်း၊ လူကာကူ အနေနဲ့ အင်တာမီလန်ပရိသတ်တွေရဲ့ ယုံကြည်မှုပြန်လည်ရရှိအောင် ကြိုးပမ်းရမှာဖြစ်ကြောင်း သတိပေးခဲ့ကြတာပါ။

နယူးကာဆယ်ဟာ ချဲလ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ သူတို့ရဲ့တိုက်စစ်မှုး စိန့်မက်ဆီမန်အတွက် ပေါင်သန်း ၄၀ ဈေး သတ်မှတ်လိုက်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးက အဲဒီပမာဏကို မပေးလိုတာကြောင့် လက်လျှော့ဖွယ် ရှိနေပါတယ်။

လာဇီယိုဟာ ချဲလ်ဆီးနောက်ခံလူ အီမာဆင်ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာတော့ ပြင်သစ်ကလပ် လိုင်ယွန်ထံ အငှားထွက်ကစားခဲ့ပါတယ်။ လာဇီယိုနည်းပြ ဆာရီဟာ အီမာဆင်နဲ့ ပြန်လည်လက်တွဲလိုနေပြီး ချဲလ်ဆီးက သူ့အတွက် ပေါင် ၁၂ သန်း ကျော် အလိုရှိနေပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂယ်ရီပေါ်လက်စတာက ရာသီသစ်မှာ ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ် ထိပ်သီး နှစ်သင်းဖြစ်တဲ့ လီဗာပူး၊ မန်စီးတီးတို့နဲ့ ကွာဟချက်ကို လျှော့ချပစ်နိုင်မယ် လို့ သုံးသပ်လိုက်ပါတယ်။