သဘောထား ပြောင်းလာတဲ့ ရာဖင်ဟာ၊ ဂျေးဆု အတွက် ချီးကျူးသူ ဝေဖန်သူများ၊ ဘယ်လာရင်၊ မာရီနဲ့ အာဆင်နယ် သတင်းများ

Mirror Football ရဲ့ စူပါကွန်ပျူတာကတော့ လာမယ့် ဘောလုံးရာသီ ပြီးဆုံးချိန်မှာ အာဆင်နယ်က ပရီးမီးယားလိင်္ဂ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရှိမယ်လို့ တွက်ချက် ဟောကိန်း ထုတ်လိုက်ပါတယ်။

ဗီလာတိုက်စစ်မူှးဟောင်း အဘွန်လဟော်က အာဆင်နယ် လူငယ်တိုက်စစ်မှူး အန်ကယ်တီယာအနေနဲ့ ကျောနံပါတ် ၁၄ ယူခဲ့လို့ ဝေဖန်သူတွေကို ပြန်လည် ပြစ်တင်ခဲ့ပါတယ်။ ဒီကိစ္စက ပုံကြီးချဲ့ခြင်းသာ ဖြစ်ကြောင်း၊တခြားအသင်းမှာလည်း ဒီလို အခြေအနေတွေ ရှိကြောင်း အဘွန်လဟော်က ဆိုပါတယ်။

လိဒ်စ်ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ဟာကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်က ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ရာဖင်ဟာအတွက် ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှု ပြုလုပ်ဦးမှာဖြစ်ပြီး အာဆင်နယ်နဲ့ ပတ်သက်ပြီး ရာဖင်ဟာရဲ့ သဘောထားကလည်း ပြောင်းလဲလာတယ်လို့ The Athletic က ဖော်ပြထားပါတယ်။

အာဆင်နယ် အသင်းဟာ မန်စီးတီး အကယ်ဒမီ ကစားသမားဟောင်း ဆီကိုဖိုဖာနာကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ ပြင်သစ်နာမည်ကြီးသတင်းဋ္ဌာန L’Equipe က ဖော်ပြထားပါတယ်။ အသက် ၂၇နှစ် အရွယ် ကွင်းလယ်လူ ဖိုဖာနာဟာ လက်ရှိမှာ ပြင်သစ်ကလပ် လန်းစ်အသင်းမှာ ကစားလျက်ရှိနေပြီး သူ့ကို ပီအက်စ်ဂျီကလည်း ပစ်မှတ်ထားနေပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ကီဗင်ဖီးလစ်က ဗီယာရာရောက်လာတဲ့အတွက် အာဆင်နယ်ရဲ့ ကွင်းလယ်ပိုင်းက ပြိုင်ဆိုင်မှု ပြင်းထန်လာမှာဖြစ်ကြောင်း၊ ဗီယာရာဟာ စမစ်ရို့စ်၊ ချာကာနဲ့ အိုဒီဂတ်တို့ရဲ့နေရာမှာ အစားထိုး ဝင်ကစားနိုင်သူဖြစ်ကြောင်း၊ အာဆင်နယ်ဟာ နေရာလုတိုက်ပွဲတွေ လိုအပ်နေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

နာမည်ကျော် သတင်းထောက် ဒိန်းဂျုံးစ်က မန်စီးတီး တိုက်စစ်မှူး ဂျေးဆု ကို ခေါ်ယူခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာရဲ့လုပ်ရပ်ကို ချီးကျူးခဲ့ပါတယ်။ ဂျေးဆု ဟာ ချန်ပီယံလိဂ်အဆင့်ရှိ ကစားသမားတစ်ဦး ဖြစ်တယ် လို့ ဒိန်းဂျုံးစ်က ဆိုခဲ့ပါတယ်။

စီးရီးအေကလပ် ဗီရိုနာ က အာဆင်နယ်နောက်ခံလူ မာရီကိုခေါ်ယူဖို့ မျက်စိကျလျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မာရီဟာ ပြီးခဲ့တဲ့ရာသီက အူဒီးနီးစ်မှာ အငှားကစားခဲ့ပြီး အာဆင်နယ် ကလည်း နည်းပြအာတီတာရဲ့ အစီအစဉ်ထဲမှာ မပါတော့တဲ့ မာရီကို ရောင်းထုတ်ဖု့ိ ပြင်ဆင်နေပါတယ်။

အာဆင်နယ် နောက်ခံလူ ဘယ်လာရင်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ လာလီဂါထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ် လည်း ပါဝင်လာခဲ့ပါပြီ။ အသက် ၂၇ နှစ်အရွယ် ကစားသမားရဲ့အေးဂျင့်ဟာ အက်သလက်တီကို နဲ့ ဆက်သွယ်နေပြီး နည်းပြဆီမြွန်နီက ဘယ်လာရင်ကိုခေါ်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ဒါရင်းဘန့်က အာဆင်နယ်အနေနဲ့ မန်စီးတီးတိုက်စစ်မှုး ဂျေးဆု အစား ချဲလ်ဆီး တိုက်စစ်မှူး လူကာကူကို ပိုမိုခေါ်ယူသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ လူကာကူဟာ သူ့ကို ချစ်ခင်တဲ့ နေရာမှာဆိုရင် ဂိုးတွေအများကြီး သွင်းယူနိုင်တယ် လို့ ဒါရင်းဘန့်က မှတ်ချက်ပြုခဲ့ပါတယ်။