ဒီဂျောင် အတွက် မက်ဂွဲရားကို တောင်းတဲ့ ဘာစီလိုနာ၊ ဒီနေ့ စမယ့် ရာသီကြို ထရိန်နင်နဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ
ဘာစီလိုနာအသင်းဟာ ဒီဂျောင် ကို အလိုရှိနေတဲ့ မန်ယူထံကနေ ပြောင်းရွှေ့ကြေး တစိတ်တပိုင်း အဖြစ် မက်ဂွဲရား ကို ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က ငြင်းဆန် ပယ်ချခဲ့ပါတယ်။
အရည်အသွေးမြင့် အင်္ဂလန်လူငယ်ကြယ်ပွင့် မယ်ကွန် အီဘိုဝယ် က ဒါဘီကနေ ပဲလေ့စ်ကို မပြောင်းခင် မန်ယူနည်းပြ တန်ဟတ်ချ်ရဲ့မက်ဆေ့ချ်ကို ရခဲ့ပေမယ့် မတုန့်ပြန်ဘဲ လျစ်လျူရှူခဲ့ကြောင်း သိရပါတယ်။ ၁၈ နှစ်အရွယ် တောင်ပံကစားသမားကို မန်ယူကခေါ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ပဲလေ့စ်ကို ပြောင်းရွှေ့သွားခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနေ့ တနင်္လာနေ့မှာ ၂၀၂၂-၂၃ ရာသီအတွက် ပထမဆုံး ရာသီကြိုလေ့ကျင့်ခန်းကို ပြန်လည် စတင်သွားတော့မှာ ဖြစ်ပါတယ်။ နည်းပြသစ် အဲရစ်တန်ဟတ်ရဲ့ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်မှာ ကစားသမား ၁၅ ဦးခန့် ပါဝင်သွားမှာပါ။

ဒီနေ့ စတင်မယ့် ထရိန်နင်မှာ ဒီဂီယာ၊ ဒိန်းဟန်ဒါဆန်၊ လင်ဒီလော့ဖ်၊ ဘိုင်လီ၊ ဖီးဂျုံးစ်၊ တွန်ဇီဘီ၊ ဘရန်ဒရန်ဝီလီယံ၊ လုရှောခ်၊ ဗန်ဒီဘတ်ချ်၊ ဆန်ချို၊ ရက်ဖို့ဒ်၊မာရှယ်တို့ဟာ တန်ဟတ်ရဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ဖွယ် ရှိနေပါတယ်။
မန်ယူအနေနဲ့ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူမဲ့အရေးက ဘရန်ဖို့ဒ်ကွင်းလယ်လူ အဲရစ်ဆင်ကိုပါ ခေါ်ယူနိုင်ဖို့ အရေးပါနေပါတယ်။ ဒီဂျောင်နဲ့ တွဲကစားရမဲ့အရေးက အဲရစ်ဆင်အနေနဲ့ မန်ယူကိုလာစေဖို့ဆွဲဆောင်မှု ဖြစ်စေမယ်လို့ The Sun က ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ လာမဲ့ရာသီမှာ အီတလီကို ပြန်လည်ခြေချဖွယ်ရှိနေတယ်လို့ အီတလီနာမည်ကြီး သတင်းစာ Gazetta dello Sport က ဖော်ပြထားပါတယ်။ စီရော်နယ်ဒိုအနေနဲ့ ရိုးမားနည်းပြ မော်ရင်ဟိုနဲ့ ပြန်လည် လက်တွဲလိုနေပြီး မန်ယူဘက်ကတော့ စီရော်နယ်ဒိုကို လုံးဝရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။
မန်ယူအသင်း ပစ်မှတ်ထားနေတဲ့ အေဂျက်ဇ်တောင်ပံကစားသမား အန်တိုနေးဟာ အသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ အန်တိုနေးအနေနဲ့ မန်ယူကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပြီးအေဂျက်ဇ်က သူတို့ရဲ့ကြယ်ပွင့်အတွက် ယူရို သန်း ၇၀ သတ်မှတ်ထားပါတယ်။