ရာဖင်ဟာ အေးဂျင့်နဲ့ ညှိနှိုင်းခြင်း၊ ဆာလီဘာ၊ ပေါ်တိုတောင်ပံ ပေပေနဲ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်ကစားသမားဟောင်း ရေးပါလာက သူ့အသင်းဟောင်းအနေနဲ့ သတင်းတွေ ထွက်ပေါ်နေသလို အဲဗာတန် တိုက်စစ်မှူး ရီချာလီဆန်ကို မခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ ရီချာလီဆန်ဟာ ကစားသမားကောင်းဆိုပေမဲ့ ခြေစွမ်း တည်ငြိမ်မှု မရှိဘူးလို့ ရေးပါလာက မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်နဲ့ နယူးကာဆယ်တို့ဟာ ပေါ်တို တောင်ပံကစားသမား ပေပေကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလျက်ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘရာဇီး တိုက်စစ်ကစားသမားဟာ ပေါ်တို အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၅၁ သန်း ရှိနေပါတယ်။

အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာရဲ့အေးဂျင့် နဲ့ အခုတစ်ပတ်အတွင်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ လိဒ်စ်ဟာ ရာဖင်ဟာအတွက် ပေါင် ၆၅သန်း အထိ သတ်မှတ်ထားခဲ့ပေမဲ့ အေးဂျင့် ဖြစ်သူကတော့ ပေါင် သန်း ၅၀ လောက်နဲ့ ထွက်ခွာခွင့် ပေးလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ပရီးမီးယားလိဂ်ကလပ် ဗီလာကြယ်ပွင့် ချူကွီမီဂါကို ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။ ၁၈ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဗီလာမှာ ခြေစွမ်းကောင်း ပြသထားပြီး သူ့ကို ဥရောပထိပ်သီး အသင်းများက စိတ်ဝင်စားနေကြပါတယ်။

အာဆင်နယ် ဂိုးသမား လီနိုကိုခေါ်ယူဖို့အတွက် နယ်သာလန်ကလပ် ပီအက်စ်ဗွီကလည်း စိတ်ဝင်စားလာခဲ့ပြီ ဖြစ်ပါတယ်။ လီနိုဟာ အာဆင်နယ်မှာ နေရာပျောက်ဆုံးခဲ့ပြီးနောက် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ချန်ပီယံလိဂ်ကိုအကြောင်းပြပြီး ပီအက်စ်ဗွီအနေနဲ့ လီနိုကို စည်းရုံးဖို့ ပြင်ဆင်နေတာပါ။

အာဆင်နယ်ဟာနောက်ခံလူ ဆာလီဘာကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ကြေးမျိုးရမှသာ လက်လွှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ဆာလီဘာကို အသင်းမှာသာ ဆက်ထိန်းဖို့ရည်ရွယ်ထားပြီး ရောင်းချရရင်လည်း ကြေးကြီးကြီးရမှ ရောင်းထုတ်သွားမှာပါ။

အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က သူ့အသင်းဟောင်းအနေနဲ့ အေဂျက်ဇ်နောက်ခံလူ မာတီနက်ဇ်ကို အရခေါ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။ မာတီနက်ဇ်ဟာ နေရာများစွာမှာ ကစားနိုင်သူဖြစ်ပြီးအာဆင်နယ်အနေနဲ့ အဆိုပါ ကစားသမားမျိုးလိုအပ်ကြောင်း၊ မာတီနက်ဇ်ဟာ နည်းစနစ်ပိုင်း ထူးချွန်သူဖြစ်ကြောင်း ကီဗင်ကမ်းဘဲလ်က မှတ်ချက်ပြုခဲ့ပါတယ်။