စပါး ရောက်တော့မယ့် ရီချာလီဆန်၊ ဘယ်လင်ဟမ်၊ ဒီလိုက်ချ်၊ နေမာတို့နဲ့ ညနေခင်း အပြောင်းအရွှေ့ သတင်းများ

တော့တင်ဟမ် စပါး အသင်းဟာ အဲဗာတန်တိုက်စစ်မှူး ရီချာလီဆန်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ် လို့ နာမည်ကြီး သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။ စပါးဟာ ရီချာလီဆန်အတွက် ပေါင် သန်း ၅၀ အပြင် အခြား ထပ်ဆောင်း ကြေး ပေးချေမှာဖြစ်ပြီး ဘရက်ဆဲလ်မှာ စစ်ဆေးမှု ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဂျူဗင်တပ် စီအီးအို ဖြစ်သူ က ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ နောက်ခံလူ ဒီလိုက်ချ်အနေနဲ့ အသင်းကနေ ထွက်ခွာ ချင်တယ် ဆိုရင် သူ့ကိုထိန်းသိမ်းဖို့ ခက်ခဲကြောင်း၊ ဒါပေမဲ့ (၃) ဦး (၃) ဖက်စလုံးရဲ့ညှိနှိုင်းမှုဟာ ကျေနပ်စရာ ကောင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒီနွေမှာ ဟာလန်းကို လက်လွှတ်ထားရပြီ ဖြစ်တဲ့ ဒေါ့မွန် အသင်းဟာ နောက်ထပ်ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ ဘယ်လင်ဟမ် အတွက် ကမ်းလှမ်းမှုတွေကို ယူရို သန်း ၁၂ဝ အောက် ဆိုပါက လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ပစ်မှတ်ထားနေတဲ့ ဗီလာရီးရဲ တောင်ပံကစားသမား ဒန်ဂျူမာ အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၄၀ ပေးချေသွားမှာပါ။ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်ဟာ ဒန်ဂျူမာကိုအကြိုက်တွေ့နေပြီး အရခေါ်ပေးဖို့ အသင်းထံ တောင်းဆိုထားပါတယ်။

မန်ချက်စတာယူနိုက်တက် ဟာ နယူးကာဆယ်အသင်း ပစ်မှတ်ထားနေတဲ့ မိုနာကိုကြယ်ပွင့် Badiashile ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၁ နှစ်အရွယ် နောက်ခံလူရဲ့ တန်ကြေးကပေါင်သန်း ၅၀ ရှိနေပြီး သူ့ကို မန်ယူ အပါအဝင် ဥရောပ ထိပ်သီး အသင်း တချို့က စိတ်ဝင်စားနေကြပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ က အသင်းဟောင်း ဘာစီလိုနာကို ပြန်ဖို့အတွက် အံ့အားသင့်ဖွယ် စဉ်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီက နေမာကိုရောင်းထုတ်ဖို့ စီစဉ်နေပြီး နေမာနဲ့ ဘာစီလိုနာတို့အကြား ကောလဟလတွေ တစ်ကျော့ပြန်ထွက်ပေါ်လာခဲ့တာပါ။

အာဆင်နယ်အနေနဲ့ အေဂျက်ဇ်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ မန်ယူအသင်းထက် ပိုမို အလေး သာနေတယ် လို့ သိရပါတယ်။ အာဆင်နယ်ဟာ မာတီနက်ဇ်အတွက် အေဂျက်ဇ်လိုချင်နေတဲ့ ယူရိုသန်း ၄၀ အထိ ပေးချေမယ်လို့ ကမ်းလှမ်းထားခဲ့ပြီး အရခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ တစ်ဖက်မှာလည်း မန်ယူက မာတီနက်ဇ်ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်ကာ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။

ဒီနွေမှာ ခံစစ်သမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့ ရည်ရွယ်ထားတဲ့ ချယ်ဆီးအသင်းဟာ ဈေးကွက်ထဲမှာ ခံစစ်သမားပေါင်း များစွာကို တပြိုင်နက်တည်း ချိတ်ဆက်နေပြီ ဖြစ်ကာ ဒီလစ်၊ စကရီနီယာ၊ မန်စီးတီးမှ အကီ တို့ အဓိက ပါဝင်နေပါတယ်။

မန်စီးတီးအနေနဲ့ သူတို့ရဲ့ ဂိုးသမားစတီဖန်ကို နွေရာသီအပြောင်းအရွှေ့မှာ အငှားချသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ၂၇ နှစ်အရွယ် အမေရိကန် လက်ရွေးစင်ဂိုးသမားကို ခေါ်ယူဖို့ မစ်ဒယ်ဘရော့က နီးစပ်နေပါတယ်။ စတီဖန်ဟာ ပြီးခဲ့တဲ့ရာသီက အီဒါဆန်ရဲ့နောက် ဒုတိယဦးစားပေး အဖြစ် ကစားခွင့် ရခဲ့ပါတယ်။