လိဒ်စ်ကို နိုင်တဲ့ ကာရာဘောင်းဖလား ပွဲစဉ် အပြီး အာဆင်နယ် သတင်းတိုများ

အာဆင်နယ်အသင်းဟာ ညက လိဒ်စ်နဲ့ ယှဉ်ပြိုင်တဲ့ ကာရာဘောင်းပွဲမှာ ချန်ဘာနဲ့ အန်ကတ်တီယားတို့ သွင်းဂိုးတွေနဲ့ အတူ ၂-၀ ဖြင့် အနိုင်ရရှိပြီး ကာရာဘောင်း ကွာတားဖိုင်နယ် အဆင့် တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ထိုပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အာဆင်နယ်နောက်ခံလူ ချန်ဘာက ဒါဟာ အလွန်နှစ်လိုဖွယ်ကောင်းတဲ့ အခိုက်အတန့်ဖြစ်ကြောင်း၊ သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိခဲ့ကြောင်း၊ လိဒ်စ်နဲ့ ကစားရတဲ့ ပွဲစဉ်ဟာ အမြဲတမ်း ခက်ခဲကြောင်း ဆိုခဲ့ပါတယ်။

ယူအီးအက်ဖ်အေရဲ့ နောက်ဆုံးကလပ်အသင်းအဆင့် ထုတ်ပြန်ချက်မှာ အာဆင်နယ်အနေနဲ့ အခါးသီးဆုံးမြို့ခံြ့ပိုင်ဘက် စပါးအောက် ရပ်တည်နေရဆဲ ဖြစ်ပါတယ်။ စပါးက အာဆင်နယ်ထက် တစ်မှတ်အသာရရှိကာ အဆင့် ၁၃၊ အာဆင်နယ်က အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာပါ။

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အနေနဲ့ တိုရီနိုတိုက်စစ်မူှး ဘီလော့တီကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဘီလော့တီအနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ တိုရီနိုကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်ကတော့ သူ့အနေနဲ့ ကွင်းလယ်လူ ပါတေးဂိုးသွင်းနိုင်တာ ကျေနပ်မိပေမဲ့ ပါတေးအနေနဲ့ ဒီထက်ပိုပြီးဂိုးတွေ မြင်တွေ့လိုကြောင်း၊ အာဆင်နယ်ဟာ ကွင်းလယ်လူတွေ ဆီကနေ ဂိုးတွေ ပိုမိုလိုအပ်နေကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက သူတို့အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ တာဗာရက်စ်ကို ခေါ်ယူနိုင်ခဲ့ခြင်းမှာ လက်ဆောင် ရလိုက်သလိုဖြစ်ကြောင်း၊ တာဗာရက်စ်ဟာ အရည်အသွေးကောင်းများစွာ ကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာတီတာက နောက်ခံလူ ဘန်ဝှိုက် ဟာ တစ်ရက်၊ နှစ်ရက်လောက် အဖျားဝေဒနာခံစားခဲ့ရကြောင်း၊ လိဒ်စ်နဲ့ ပွဲ ဒုတိယပိုင်းမှာ ဘန်ဝှိုက်အနေနဲ့ မသက်မသာဖြစ်ခဲ့လို့ လူစားလဲခဲ့ကြောင်း၊ ဘန်ဝှိုက်အနေနဲ့ လက်စတာနဲ့ပွဲမှာလည်း ပါဝင်ဖို့ မသေချာကြောင်း ဆိုခဲ့ပါတယ်။

မာဆေးမှာ အငှားကစားနေတဲ့ နောက်ခံလူ ဆာလီဘာ ဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့ အရည်အသွေးရှိကြောင်း၊ ဆာလီဘာဟာ လျင်မြန်ပြီး ပေးပို့မှု ကောင်းသူဖြစ်ကြောင်း အာဆင်နယ် ကစားသမားဟောင်း နာဆရီက ချီးကျူးခဲ့ပါတယ်။

အာတီတာက သူ့အနေနဲ့ လူငယ်ကြယ်ပွင့် အန်ကီတက်ချ်အပေါ်မှာ အပြည့်အ၀ ယုံကြည်ချက်ရှိကြောင်း၊ အန်ကီတက်ချ်ဟာ ထိပ်တန်းအဆင့် ကစားသမားတစ်ဦးဖြစ်လာမှာဖြစ်ပြီး အာဆင်နယ်မှာ ဆက်ရှိနေဖို့ မျှော်လင့်ရကြောင်း၊ အန်ကီတက်ချ်ကို ပိုင်ဆိုင်ထားတဲ့အတွက် ပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ZG

အာဆင္နယ္အသင္းဟာ ညက လိဒ္စ္နဲ႕ ယွဥ္ျပိဳင္တဲ့ ကာရာေဘာင္းပြဲမွာ ခ်န္ဘာနဲ႕ အန္ကတ္တီယားတို႔ သြင္းဂိုးေတြနဲ႕ အတူ ၂-၀ ျဖင့္ အနုိင္ရရွိျပီး ကာရာေဘာင္း ကြာတားဖိုင္နယ္ အဆင့္ တက္ေရာက္သြားျပီ ျဖစ္ပါတယ္။

ထိုပြဲမွာ ဂိုးသြင္းႏုိုင္ခဲ့တဲ့ အာဆင္နယ္ေနာက္ခံလူ ခ်န္ဘာက ဒါဟာ အလြန္ႏွစ္လိုဖြယ္ေကာင္းတဲ့ အခိုက္အတန္႔ျဖစ္ေၾကာငး္၊ သူ႔အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ခ်က္ရွိခဲ့ေၾကာင္း၊ လိဒ္စ္နဲ႔ ကစားရတဲ့ ပြဲစဥ္ဟာ အၿမဲတမ္း ခက္ခဲေၾကာင္း ဆိုခဲ့ပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ ေနာက္ဆံဳးကလပ္အသင္းအဆင့္ ထုတ္ျပန္ခ်က္မွာ အာဆင္နယ္အေနနဲ႔ အခါးသီးဆံုးၿမိဳ႕ခံၿ႔ပိဳင္ဘက္ စပါးေအာက္ ရပ္တည္ေနရဆဲ ျဖစ္ပါတယ္။ စပါးက အာဆင္နယ္ထက္ တစ္မွတ္အသာရရွိကာ အဆင့္ ၁၃၊ အာဆင္နယ္က အဆင့္ ၁၄ ေနရာမွာ ရပ္တည္ေနတာပါ။

ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အေနနဲ႔ တုိရီႏိုတုိက္စစ္မဴွး ဘီေလာ့တီကို ေခၚယူဖို႔ စိတ္၀င္စားလ်က္ ရွိေနဆဲ ျဖစ္ေၾကာငး္ သိရပါတယ္။ ဘီေလာ့တီအေနနဲ႔ လာမဲ့ေႏြရာသီအေျပာငး္အေရႊ႕မွာ တုိရီႏိိုကေန ထြက္ခြာမွာ ျဖစ္ပါတယ္။

အာဆင္နယ္ဂႏၳ၀င္ေဟာင္း အီယန္ရိုက္ကေတာ့ သူ႔အေနနဲ႔ ကြင္းလယ္လူ ပါေတးဂိုးသြင္းႏုိင္တာ ေက်နပ္မိေပမဲ့ ပါေတးအေနနဲ႔ ဒီထက္ပိုၿပီးဂိုးေတြ ျမင္ေတြ႕လိုေၾကာင္း၊ အာဆင္နယ္ဟာ ကြင္းလယ္လူေတြ ဆီကေန ဂိုးေတြ ပိုမိုလိုအပ္ေနေၾကာင္း ဆုိခဲ့ပါတယ္။

အာဆင္နယ္နညး္ျပ အာတီတာက သူတို႔အေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ တာဗာရက္စ္ကို ေခၚယူႏုိင္ခဲ့ျခင္းမွာ လက္ေဆာင္ ရလိုက္သလိုျဖစ္ေၾကာငး္၊ တာဗာရက္စ္ဟာ အရည္အေသြးေကာင္းမ်ားစြာ ကို ပိုင္ဆုိင္ထားသူျဖစ္ေၾကာငး္ ဖြင့္ဟခဲ့ပါတယ္။

အာတီတာက ေနာက္ခံလူ ဘန္၀ိႈက္ ဟာ တစ္ရက္၊ ႏွစ္ရက္ေလာက္ အဖ်ားေ၀ဒနာခံစားခဲ့ရေၾကာငး္၊ လိဒ္စ္နဲ႔ ပြဲ ဒုတိယပိုင္းမွာ ဘန္၀ိႈက္အေနနဲ႔ မသက္မသာျဖစ္ခဲ့လုိ႔ လူစားလဲခဲ့ေၾကာင္း၊ ဘန္၀ိႈက္အေနနဲ႔ လက္စတာနဲ႔ပြဲမွာလည္း ပါ၀င္ဖုိ႔ မေသခ်ာေၾကာင္း ဆိုခဲ့ပါတယ္။

မာေဆးမွာ အငွားကစားေနတဲ့ ေနာက္ခံလူ ဆာလီဘာ ဟာ ပရီးမီးယားလိဂ္မွာ ကစားဖို႔ အရည္အေသြးရွိေၾကာငး္၊ ဆာလီဘာဟာ လ်င္ျမန္ၿပီး ေပးပို႔မႈ ေကာင္းသူျဖစ္ေၾကာငး္ အာဆင္နယ္ ကစားသမားေဟာငး္ နာဆရီက ခ်ီးက်ဴးခဲ့ပါတယ္။

အာတီတာက သူ႔အေနနဲ႔ လူငယ္ၾကယ္ပြင့္ အန္ကီတက္ခ်္အေပၚမွာ အျပည့္အ၀ ယံုၾကည္ခ်က္ရွိေၾကာင္း၊ အန္ကီတက္ခ်္ဟာ ထိပ္တန္းအဆင့္ ကစားသမားတစ္ဦးျဖစ္လာမွာျဖစ္ၿပီး အာဆင္နယ္မွာ ဆက္ရွိေနဖုိ႔ ေမွ်ာ္လင့္ရေၾကာင္း၊ အန္ကီတက္ခ်္ကို ပိုင္ဆုိင္ထားတဲ့အတြက္ ေပ်ာ္ရႊင္မိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။