ဆာဗစ် အတွက် ကမ်းလှမ်းမှု၊ တိုင်လီမန့်စ်၊ မစ်လန်းနိုင်းစ်၊ ထရိန်နင် စတဲ့ ဂျေးဆုနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ
အာဆင်နယ် ကွင်းလယ်လူ မစ်လန်းနိုင်းစ် အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရမဲ့အသင်းတစ်သင်းကို ပြောင်းချင်ရင် လက်ရှိ ရ ရှိနေတဲ့ လစာလုပ် လျှော့ယူရမှာဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ လက်ရှိမှာ မစ်လန်းနိုင်းလ်ကို ပရီးမီးယားလိဂ် တန်းတက် နော်တင်ဟမ်ဖောရက်စ်က ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။
အာဆင်နယ်အသင်းဟာ လာဇီယို ကွင်းလယ်သမား မီလင်ကိုဗစ် ဆာဗစ် အတွက် ကနဦး ကမ်းလှမ်းမှု ယူရို ၅၅ သန်းက ပယ်ချခံရပြီးနောက် ထပ်မံ ကမ်းလှမ်းမှု အသစ် ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။
အာဆင်နယ်အနေနဲ့ ကွင်းလယ်ပိုင်းအတွက် လာဇီယိုက ဆာဗစ် ထက် စာရင် သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ လက်စတာ ကွင်းလယ်လူ တိုင်လေမန့်စ်ကိုသာ ပိုမိုခေါ်ယူလိုနေပါတယ်။ အာဆင်နယ်ဟာ ဗဟို ကွင်းလယ်လူတစ်ဦး ခေါ်ယူဖို့ စီစဉ်နေပြီး တိုင်လေမန့်စ်ကို ကြိုးပမ်းနေသလို တစ်ဖက်မှာလည်း ဆာဗစ် အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတာပါ။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဗွီတောင်ပံကစားသမား ဂတ်ပိုစ်ကို ခေါ်ယူဖို့ လီဗာပူးကလည်း ဝင်ရောက် ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ဦးမှာဖြစ်ပြီး ဂတ်ပိုစ် ဘက် မြားဦးလှည့်လာတာပါ။ ပီအက်စ်ဗွီကတော့ သူတို့ရဲ့ကြယ်ပွင့်အတွက် ပေါင် ၃၄ သန်း တောင်းဆိုထားပါတယ်။
အာဆင်နယ်အသင်းဟာ သူတို့ အဓိကပစ်မှတ်ထားနေတဲ့ အေဂျက်ဇ်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ စကိုင်းစပေါ့ သတင်း က ဆိုထားပါတယ်။ ဒါပေမယ့် မာတီနက်ဇ် အတွက် အေဂျက်ဇ် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို အာဆင်နယ် မပေးချေနိုင်သေးဘူးလို့လည်း သိရပါတယ်။

တိုက်စစ်မှုး ဂျေးဆု ဟာ အသင်းသစ် အာဆင်နယ်မှာ လျင်လျင်မြန်မြန်ပဲ လေ့ကျင့်မှုတွေ ပြုလုပ် နေပါတယ်။ ဂျာမနီကို သွားတဲ့ ခရီးစဉ်မှာ ဂျေးဆု လိုက်ပါသွားခဲ့ပြီး အရင်ဆုံးကြံ့ခိုင်မှုအပိုင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေပါတယ်။ လေ့ကျင့်ရေးကွင်းက ဂျေးဆုရဲ့ ဂိုးသွင်းစွမ်းရည်အတွက်လည်း အာဆင်နယ် ပရိသတ်တွေက ကျေနပ်နေကြပါတယ်။
အာဆင်နယ်ဟာ ပစ်မှတ်ထားနေတဲ့ ဘင်ဖီကာနောက်ခံလူ ဂရင်မယ်ဒိုကို တရားဝင် စုံစမ်းမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း ပေါ်တူဂီသတင်းရင်းမြစ်တွေအရ သိရပါတယ်။ နည်းပြ အာတီတာအနေနဲ့ ဘယ်နောက်ခံလူ နေရာကို အားဖြည့်ဖို့ အသက် ၂၅ နှစ်အရွယ် စပိန်နောက်ခံလူကို ပစ်မှတ်ထားနေတာပါ။ ပေါင် ၇ သန်းနဲ့သာ ရရှိနိုင်မဲ့ အခြေအနေကလည်း အာဆင်နယ်အတွက် မျက်စိကျချင်စရာ ဖြစ်ပါတယ်။