မန်ယူကနေ ထွက်ချင်နေတဲ့ ရော်နယ်ဒို ကို အပြစ်မမြင်ဘဲ ရှေ့နေလိုက် ဖြေရှင်းပေးနေတဲ့ ဖာဒီနန်
ဒီတလောမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းဆိုလိုက်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကို မန်ယူ အသင်းဖော်ဟောင်း ဖာဒီနန်ကတော့ အပြစ် မမြင်ဘဲ ပေါ်တူဂီသား ဘက်ကနေ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။
ရီယိုဖာဒီနန်က မန်ူမှာ အတူလက်တွဲပြီး အောင်မြင်မှုသရဖူတွေ အလီလီဆောင်နိုင်ခဲ့ ကြဖူးတဲ့ အသင်းဖော်ဟောင်း ရော်နယ်ဒိုဘက်ကနေ ချက်ကျလက်ကျ ထောက်ပြ ပြောဆိုခဲ့တာပါ။

“သူ့အသင်းမှာ ဘယ်ပျော်တော့မှာလဲ လူတွေက ရော်နယ်ဒို အသင်းပြောင်းချင်တဲ့ ကိစ္စကို တစ်ဖွဲ့တနွဲ့ကြီးတွေ ဘာလို့ အကျယ်ချဲ့နေကြတာလည်းဆိုတာ နားမလည်နိုင်ဘူးဖြစ်နေတယ်။ သူနေရာမှာဆို ကျွန်တော်ဆိုလည်း သူ့လို ရွေးချယ်ချင် ရွေးချယ်မိမှာပါ။”
“လူတိုင်းက အမှတ်ပေး ဇယားရဲ့ ထိပ်တန်းအသင်းကြီးတွေမှာ ကစားပြီး ဆုဖလားကြီးတွေကို ဆက်တိုက်ရယူချင် ကြတာပဲလေ။ အခုက ဆုဖလားရဖို့ ဆိုထာထက် ချန်ပီယံလိဂ်ဝင်ခွင့်တောင် မရယူနိုင်ခဲ့တဲ့ အသင်းမှာ ဒီအသင်းက လူတွေ ပျော်ရဖို့အတွက်နဲ့ သူက ဘာလို့ဆက်နေဦးမှာလဲ။ ခင်ဗျားဆိုရင်လည်း နေချင်မှာ မဟုတ်ပါဘူး။”
“ သူက ယူနိုက်တက် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိတဲ့အပေါ် အကြီးအကျယ် စိတ်ပျက်နေခဲ့တာ သူက ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ သီချင်းတောင် ဘာမှန်းသိဖူးတာမဟုတ်ဘူး။ ဒီလိုကစားသမားမျိုးက ဒီလို စိတ်ပျက်လာတာ မဆန်းပါဘူး။” လို့ သူ့အသင်းဖော်ဟောင်းဘက် က ရပ်တည်ပေးကာ ပြောဆိုလိုက်ပါတယ်။
ဒီသတင်းပတ် အစောပိုင်းမှာ အသင်းဆီကို လေးကျင့်ရေး အစီအစဉ်တွေမှာ လာရောက်ပူးပေါင်းရမှာဖြစ်ပေမဲ့ ရော်နယ်ဒိုကတော့ မိသားစုပြဿနာကိုအကြောင်းပြကာ ယူနိုက်တက်အသင်းရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်မလာခဲ့ပါဘူး။

ရော်နယ်ဒို ထရိန်နင် ပျက်ကွက်နေတဲ့ အပေါ်လည်း ဖာဒီနန်က “ ဒီကစားသမားက ဘယ်လောက် ပရိုပီသတဲ့ ဘောလုံးသမားလဲဆိုတာ ကျွန်တော်တို့ အားလုံး ၁၅နှစ်လောက် အထိကို မြင်တွေ့ခဲ့ပြီးသားပါ။
ဒါတောင်မှ လူတွေက ရော်နယ်ဒိုရဲ့ ပရိုပီသမှုနဲ့ သူအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ မပါဝင်သေးတဲ့အပေါ် မေးခွန်း ထုတ်နေကြတုန်းပါလား။ မိသားစုပြဿနာတွေ ကြောင့်လို့ သူကအသင်းဆီ ခွင့်တောင်းထားတဲ့သူပါ။”
“ဟုတ်ပါတယ်။ သူ့အသင်းရဲ့အခြေအနေတွေနဲ့ပတ်သတ်လို့ မပျော်ရွှင်တဲ့နောက် အသင်းပြောင်းချင်နေတာပါ။ ဒါပေမဲ့လို့ ပရိုပီသမှုအပိုင်းနဲ့တော့ ရော်နယ်ဒိုကို မဝေဖန်သင့်ပါဘူး။ သူက ရောက်ရာနေရာမှာတောင်မှ လေ့ကျင့်ရေး အစီအစဉ်တွေကို ဆက်တိုက် လုပ်ဆောင်နေ့လေ့ရှိတယ်ဆိုတာ အားလုံးမြင်တွေ့ကြပြီးသားပါ။
သူ့မိသားစု ရှိတဲ့နေရာမှာသာ သူရှိနေတာဖြစ်လို့ ကျွန်တော်တို့သူ့ကို လေးစားမှုကင်းမဲ့စွာ ဝေဖန်တာမျိုးတော့ မလုပ်သင့်ပါဘူး။ အသင်းဆိုတာ မိသားစုထက်တော့ ပိုအရေးမကြီးသင့်ဘူးမလား။ အသင်းကို ပိုအရေးပေးတဲ့ သူမျိုး လည်း ရှိတော့ရှိနိုင်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။