အရန်ရွေးထားတဲ့ လီဝန်ဒေါစကီး၊ ရာသီကြို လိုက်မယ့် စတာလင်နဲ့ နောက်ဆုံးရ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ
ချဲလ်ဆီးအသင်းဟာ နောက်ခံလူ အက်စ်ပလီကွီတာရဲ့ တန်ကြေးကို ပေါင် ၇ သန်းအထိ သက်မှတ် ထားတာကြောင့် ကစားသမားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ ဘာစီလိုနာအသင်းအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
အင်္ဂလန်သား တောင်ပံကစားသမား စတာလင်ဟာ ကလပ်အသင်းသစ် ချဲလ်ဆီးရဲ့ ရာသီကြို ခရီးစဉ်ကို လိုက်ပါဖို့ အတွက် သူ့ရဲ့ ဆေးစစ် ရလဒ်ကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။
စတာလင် က
ချဲလ်ဆီးအသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်လို့ သိရပြီး ချဲလ်ဆီး အသင်းအနေနဲ့ စတာလင်အတွက် ပြောင်းရွေ့ကြေး ပေါင် ၄၅ သန်းနဲ့ အပိုဆုကြေး ၁၀ သန်းကို မန်စီးတီးအသင်းထံပေးချေရမှာဖြစ်တယ်လို့ လည်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ လီဝမ်ဒေါစကီးဟာ တကယ်လို့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခွင့် မရခဲ့ပါက ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကို ဒုတိယဦးစားပေး အဖြစ် ရွေးချယ်ထားကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ချဲလ်ဆီး ပစ်မှတ်ထား ကမ်းလှမ်းမှု လုပ်ထားတဲ့ လိဒ် အသင်းရဲ့ ကြယ်ပွင့် ကစားသမား ရာဖင်ဟာကို နောက်ဆုံးမှာတော့ ပေါင် ၆၈ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရလုနီးပါး အနေအထားအထိ ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း နီးစပ်ရာ သတင်းများအရ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ စတားလင်းအပြင် မန်စီးတီးအသင်းရဲ့ နောက်ခံလူ အကီကိုပါ ပေါင် ၄၅ သန်းနဲ့ အသင်းထံ ပြန်လည် ခေါ်ယူနိုင်ဖို့ ဆက်တိုက် ကြိုးစားနေကြောင်း သတင်းရရှိပါတယ်။

ချဲလ်ဆီးမှာ တစ်ရာသီ အငှားကစားခဲ့ပြီး ခြေစွမ်းပြဖို့ရော ပွဲထွက်ကစားခွင့်ရရှိဖို့ပါ ရုန်းကန်ခဲ့ရပေမယ့် ကွင်းလယ် ကစားသမား ဆော်လ်နီဂွက်စ်ကတော့ ချဲလ်ဆီးအသင်းကို အပြစ်တင်စကားမဆိုခဲ့ဘဲ အခွင့်အရေးနဲ့ အတွေ့အကြုံတွေအတွက် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။