ဝေါ်ကာပီတာ၊ မာတီနက်ဇ်၊ တော်ရဲရား၊ ဂါဘရီရယ်၊ လူစုံလာတဲ့ ရာသီကြို ထရိန်နင်နဲ့ ဒီည အာဆင်နယ် သတင်းတိုများ

အာဆင်နယ်ရဲ့ ရာသီကြို အစီအစဉ်တွေမှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ တိုမီယာဆု၊ အိုဒီဂတ်၊ ဂျာကာ၊ ဆာကာတို့ ပြန်လည် ပူးပေါင်းလာခဲ့ပြီဖြစ်သလို မာဆေးကနေ အငှားနဲ့ ပြန်လာတဲ့ဆာလီဘာလည်း ပါဝင်လာခဲ့ပါပြီ။ ဒါ့အပြင် ပါတေးကလည်း မနေ့ကတုန်းက အာဆင်နယ်ရဲ့ ကိုနေး ထရိန်နင်သို့ ရောက်ရှိလာခဲ့တာ တွေ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် နှစ်သင်းလုံးဟာ ဆောက်သမ်တန် ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာပီတာ ကို စိတ်ဝင်စားနေပါတယ်။ ဒီနှစ်သင်းဟာ အေဂျက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် အတွက်လဲ အပြိုင် ကမ်းလှမ်းခဲ့ပြီး ထိပ်တိုက်တွေ့နေခဲ့တာပါ။

အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားက သူ့အနေနဲ့ ရိုးမားကို ပြောင်းရွှေ့ဖို့အတွက် နည်းပြမော်ရင်ဟိုရဲ့ ဆွေးနွေး ခဲ့ဖူးကြောင်း၊ မော်ရင်ဟိုဟာ သူ လေးစားရတဲ့ နည်းပြဖြစ်ကြောင်း၊ ဒါပေမဲ့ ပြောင်းရွှေ့ဖို့ကမလွယ်ကူခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ လက်ရှိမှာ တော်ရဲရားဟာ အာဆင်နယ်နဲ့အတူ အမေရိက ခရီးစဉ်မှာ ပါဝင်မှာဖြစ်ပြီး အသင်းမှာ ဆက်နေဖွယ်လည်း ရှိနေပါတယ်။

အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ ဘင်ဖီကာဘယ်နောက်ခံလူ ဂရင်မယ်ဒိုကို ပေါင် ၅.၉ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ The Sun က ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ တီယာနေးရဲ့ အရန်အဖြစ်ထားရှိဖို့ ဘယ်နောက်ခံလူ နေရာကို အားဖြည့်လိုနေပြီး ဈေးသက်သက်သာသာနဲ့ရမဲ့ ဂရင်မယ်ဒိုကို ချဉ်းကပ်မှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာ နောက်ခံလူ ဂါဘရီရယ်နဲ့ပတ်သက်ပြီး အာဆင်နယ်ထံကို ဆွေးနွေးမှု ပြုလုပ်မလားဆိုပြီး မေးမြန်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ။် ဂျူဗင်တပ်ဟာ ဒီလိုက်ချ်ရဲ့ နေရာမှာ အစားထိုးဖို့ ဂါဘရီရယ်ကို အဓိက ပစ်မှတ်ထားနေတာပါ။ ဒါပေမဲ့ အာဆင်နယ်ကတော့ သူတို့ရဲ့ အဓိက ကစားသမားကို ရောင်းထုတ်သွားဖွယ် မရှိပါဘူး။

အာဆင်နယ်ဟာ နောက်ခံလူ ဆာလီဘာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဝုဖ်ဘတ်နောက်ခံလူ Lacroix ကို စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဆာလီဘာကို မာဆေးကခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပြီး အာဆင်နယ်ဟာ ဆာလီဘာရဲ့နေရာကို အစားထိုးဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်းဖြစ်သူ ဂျက်ဝီလ်ရှိုင်းယားကို အာဆင်နယ် ယူ-၁၈ အသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

တန်းတက်လာတဲ့ ဖူလ်ဟမ်က အာဆင်နယ် ဂိုးသမား လီနိုကို အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ လက်ရှိမှာ ဖူလ်ဟမ်ဟာလီနိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီး အာဆင်နယ်က သူတို့ရဲ့ဂိုးသမားအတွက် ပေါင် ၁၀ ဝန်းကျင် အလိုရှိနေပါတယ်။

အာဆင်နယ်ဟာ အပြောင်းအရွှေ့ဈေးကွက်အတွင်း သတင်းတွေ ထွက်ပေါ်ခဲ့သလို ဆက်ဆူအိုလိုတိုက်စစ်မူှး ဆကာမတ်ကာကို ခေါ်ယူဖို့ ကြိုးပမ်းခြင်း မရှိဘူးလို့ CaughtOffside က ဖော်ပြထားပါတယ်။