ဟာလန်းကို မမှုတဲ့ မန်ဒီ၊ ကြေညာတော့မယ့် စတာလင်၊ အီဒင် ဟာဇက်နဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းများ
ချဲလ်ဆီး ဂိုးသမား မန်ဒီကတော့ မန်စီးတီး ခေါ်လိုက်တဲ့ ကြယ်ပွင့် တိုက်စစ်မှုး ဟာလန်း ကို ရင်ဆိုင်ဖို့ ထူးပြီး ကြိုတင်လေ့ကျင့်နေတာမျိုးတော့ မရှိဘဲ သူ့အတွက် ဟာလန်း ဆိုတာ ပဲလေ့စ် တိုက်စစ်မှုး ဘန်တီကီ လိုပဲ အတူတူသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ချဲလ်ဆီးအသင်းထံကနေ ပြောင်းရွှေ့ကြေးကြီး ပေးပြီး ခေါ်ယူခဲ့တဲ့ အီဒင် ဟာဇက်ကို စိတ်တိုင်း မကျတာကြောင့် ဒီနွေမှာ ရောင်းချဖို့ ကြိုးစားနေပါတယ်။ ဟာဇက်ဟာ စပိန်ရောက်တည်းက ဒဏ်ရာတွေနဲ့ ရုန်းကန် နေခဲ့ရတာပါ။
အင်္ဂလန်တိုက်စစ်မှူး စတာလင်ဟာ လော့အိန်ဂျလိစ်ကို လိုက်လာပြီး ချဲလ်ဆီးနည်းပြတူချယ်ရဲ့ ရာသီကြို အစီအစဉ်တွေမှာ ပူးပေါင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စတာလင်အပြင် အနာဂတ် မသေချာဖြစ်နေတဲ့ လူငယ်တိုက်စစ်မူှး ဘရိုဂျာကလည်း အမေရိကခရီးစဉ်မှာ လိုက်ပါပူးပေါင်းသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ စတာလင် ကို ခေါ်ယူကြောင်း ဒီညမှာ တရားဝင် သတင်းထုတ်ပြန်ဖွယ် ရှိပါတယ်။ အင်္ဂလန်သား ဟာ မန်စီးတီးအသင်းကို နှုတ်ဆက်သွားခဲ့ပြီး ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ချဲလ်ဆီးဟာ ညာတောင်ပံ အတွက် ပစ်မှတ် အသစ် အချို့ ရှာဖွေနေရာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဂျာမန် လက်ရွေးစင် တောင်ပံ ကစားသမား ဆာ့ဂ်ျ ဂနာဘရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း တယ်လီဂရပ်ဖ်သတင်းက အတည်ပြုခဲ့ပါတယ်။
ချဲလ်ဆီး ကမ်းလှမ်းထားခဲ့တဲ့ လိဒ်ယူနိုက်တက်တိုက်စစ်ကစားသမား ရာဖင်ညာ ဟာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့မှု အပြီးသတ်ဖို့ ဒီနေ့ ဘာစီလိုနာသို့ သွားမှာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ရာဖင်ညာအတွက် ပေါင် ၅၆ သန်းပေးဖို့ လိဒ်ယူနိုက်တက်နဲ့ သဘောတူညီမှု ရခဲ့ပါတယ်။
ချဲလ်ဆီးနောက်ခံလူ ဘင်ချီဝဲလ်က သူတို့အသင်းဟာ တူချယ်လောက် ကောင်းတဲ့နည်းပြမျိုး မရနိုင်တော့ဘူးလို့ ဆိုခဲ့ပါတယ်။ “ကစားသမားတွေအနေနဲ့ နည်းပြအပေါ် အပြည့်အ၀ ယုံကြည်မှု ရှိပါတယ်။ ချဲလ်ဆီးမှာ တူချယ်လောက်ကောင်းတဲ့နည်းပြမျိုး မရနိုင်တော့ဘူးဆိုတာ ကျွန်တော်တို့ သိထားပါတယ်”လို့ ဘင်ချီဝဲလ်က ဆိုခဲ့ပါတယ်။

ချဲလ်ဆီး ဟာ မေဂျာလိဂ် ကလပ် ချီကာဂို ဖိုင်းယား အသင်းမှာ ကစားနေတဲ့ ၁၈ နှစ် အရွယ် ဂိုးသမားလေး ဂါဘရီရယ် စလိုနီနာ ကို ပေါင် ၇ သန်း ဝန်းကျင် နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ကာ မေဂျာလိဂ် မှာပဲ ဆက်လက် အငှားချထားဦးမယ်လို့ ကြားသိရပါတယ် ။
ချဲလ်ဆီးမှာ ရုန်းကန်ခဲ့ရတဲ့ ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူကတော့ သူပျော်မွေ့ရာ အင်တာမီလန်ကို ပြန်ရောက်ရောက်ချင်းမှာ ခြေစွမ်းပြသပြီး ဂိုးသွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အီတလီပဉ္စမတန်းကလပ် FC Milanese နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အင်တာက ၁၀-၀ နဲ့ အနိုင်ရခဲ့ပြီး လူကာကူက လှလှပပ တစ်ဂိုး သွင်းခဲ့ပါတယ်။