ဒိုလေးကို ငြင်းချလိုက်တဲ့ တူချယ်၊ ကင်ပန်ဘီ၊ ကူလီဘာလေတို့နဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီးအနေနဲ့ တိုက်စစ်ကစားသမား စတာလင်၊ နောက်ခံလူ ကူလီဘာလေတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီ နောက်ခံလူ ကင်ပန်ပီကို ခေါ်ဖို့ ဆက်လက် လှုပ်ရှားနေပါတယ်။ ဒီနွေ အပြောင်းအရွှေ့မှာ အထနှေးခဲ့တဲ့ ချဲလ်ဆီးဟာ လက်ရှိမှာတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ အားဖြည့်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး နောက်တန်းကို ထပ်မံအားဖြည့်သွားဦးမှာပါ။
ချဲလ်ဆီးအသင်းဟာ မန်ယူ တိုက်စစ်မှုး စီ ရော်နယ်ဒို ကို ခေါ်ယူနိုင်ခွင့် ရှိပေမယ့် နည်းပြ တူချယ် သဘောမတူတာကြောင့် နောက်ဆုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ တူချယ်က သူ့အသင်းမှာ တစ်ယောက်ကောင်း ထူးချွန်သူတွေ ကို မခေါ်ယူလိုပါဘူး။

ချဲလ်ဆီးအနေနဲ့ နာပိုလီနောက်ခံလူ ကူလီဘာလေကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အပြောင်းအရွှေ့ ဂုရုကြီး ဖာဘရိဇီယိုက အတည်ပြု ဖော်ပြထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ကူလီဘာလေကို တစ်နှစ်လုပ်ခ ယူရို ၁၀ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး နာပိုလီကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၄ဝ + adds onကြေးပေးချေသွားမှာပါ။
ချဲလ်ဆီးအသင်းကတော့ မန်စီးတီးအသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ စတာလင်ကို အသင်းထံ အရခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ကြေငြာသွားခဲ့ပါတယ်။ ချဲလ်ဆီး အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားအတွက် မန်စီးတီးအသင်းကို ပေါင် ၄၅ သန်းပေးချေခဲ့ရတာဖြစ်ပြီး ဒါဟာ ချဲလ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလေ လက်ထက် ပထမဦးဆုံး အဓိက ကစားသမား ခေါ်ယူမှုလည်းဖြစ်ခဲ့တာပါ။

စတာလင်အနေနဲ့ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်သေးတာဖြစ်ပြီး ချဲလ်ဆီးအသင်းအနေနဲ့တော့ စတာလင်ကို ၅ နှစ် စာချုပ်ချုပ်ဆိုကာ ခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ချဲလ်ဆီး ဂိုးသမား မန်ဒီက သူ့အနေနဲ့ ပဲလေ့စ် တိုက်စစ်မှူး ဘန်တီကီနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်တဲ့ အတိုင်း ဟာလန်းနဲ့ ရင်ဆိုင်ရချိန်မှာလည်း ဒီအတိုင်း ပြင်ဆင်သွားမယ်လို့ ပြောလာပါတယ်။ ချဲလ်ဆီးရဲ့ အဓိက ဂိုးသမားက သူတို့ အသင်းအနေနဲ့ လာမယ့် ရာသီသစ်မှာ ဟာလန်းနဲ့ ရင်ဆိုင်ရချိန် အထူး ပြင်ဆင်မှု တစ်ခုခု လုပ်သွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။