ဟာဇက် ကို မသုံးချင်လို့ကို မသုံးတာလို့ တည့်ပြောလိုက်တဲ့ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီ

တိုက်စစ်သမား အီဒင် ဟာဇက်ဟာ အောက်တိုဘာ နိုင်ငံတကာပွဲစဉ်တွေကနေ အသေးစားဒဏ်ရာနဲ့ ပြန်လာခဲ့ပြီးနောက် အယ်ကလက်စီကိုပွဲမှာ ပါဝင်ဖို့ ကြံ့ခိုင်မှု ပြည့်ဝနေပေမဲ့ ပွဲထွက်မှာ မပါဝင်လာခဲ့ပါဘူး။

ရီးရဲလ် နည်းပြ အန်ဆယ်လော့တီက ဘယ်လ်ဂျီယံသား က ကောင်းပေမယ့် မသုံးချင်လို့ကို မသုံးတာ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောလိုက်ပါတယ်။

အန်ဆယ်လော့တီက – ” ဟာဇက်က ၄-၃-၃ ရဲ့ ဘယ်ခြမ်းတိုက်စစ်မှာ ဒါမှမဟုတ် ၄-၄-၂ ရဲ့ တိုက်စစ်ပိုင်း တစ်နေရာမှာ ကစားနိုင်ပါတယ်။ သူက ကစားပေးဖို့လည်း အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမယ့် ပြဿနာရှိတာက ကျနော်ကိုယ်တိုင်က အခြားသော တိုက်စစ်သမားတွေကို ပိုသုံးချင်နေတယ်။

မက်ဒရစ်မှာ သူက နာမည်ကြီး ကစားသမား မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ သူ့မှာ ဒဏ်ရာမှတ်တမ်း ရှိပါတယ်။ နည်းနည်းချင်းတော့ သူ့ရဲ့ အကောင်းဆုံးတွေ ပြန်ရလာမှာပါ။ ဒီရာသီမှာ ဟာဇက်ရဲ့ အကောင်းဆုံးတွေကို မြင်ရပါလိမ့်မယ်။ သူ ပွဲတွေလည်း ပိုကစားရမှာပါ။

ဟာဇက်မှာ အရည်အချင်းနဲ့ အားထုတ်မှုကောင်းမှုတွေ အားလုံးကို ပိုင်ဆိုင်ထားတယ်။ နည်းပြက အခြား တိုက်စစ်သမားတွေကို ပိုသဘောကျနေတာကိုတော့ သူ ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ ” လို့ ဆိုခဲ့ပါတယ်။

လက်ရှိ အန်ဆယ်လော့တီ အရေးပေးနေတာကတော့ ခြေစွမ်းတွေ တိုးတက်လာတဲ့ တောင်ပံကစားသမား ဗင်နီစီးယပ်စ်ပဲ ဖြစ်ပါတယ်။

ZG

တိုက္စစ္သမား အီဒင္ ဟာဇက္ဟာ ေအာက္တိုဘာ ႏိုင္ငံတကာပြဲစဥ္ေတြကေန အေသးစားဒဏ္ရာနဲ႔ ျပန္လာခဲ့ၿပီးေနာက္ အယ္ကလက္စီကိုပြဲမွာ ပါဝင္ဖို႔ ႀကံ့ခိုင္မႈ ျပည့္၀ေနေပမဲ့ ပြဲထြက္မွာ မပါ၀င္လာခဲ့ပါဘူး။

ရီးရဲလ္ နည္းျပ အန္ဆယ္ေလာ့တီက ဘယ္လ္ဂ်ီယံသား က ေကာင္းေပမယ့္ မသံုးခ်င္လို႔ကို မသံုးတာ ျဖစ္ေၾကာင္း ပြင့္ပြင့္လင္းလင္းပဲ ထုတ္ေျပာလိုက္ပါတယ္။

အန္ဆယ္ေလာ့တီက – ” ဟာဇက္က ၄-၃-၃ ရဲ႕ ဘယ္ျခမ္းတိုက္စစ္မွာ ဒါမွမဟုတ္ ၄-၄-၂ ရဲ႕ တိုက္စစ္ပိုင္း တစ္ေနရာမွာ ကစားႏိုင္ပါတယ္။ သူက ကစားေပးဖို႔လည္း အဆင္သင့္ ျဖစ္ေနပါၿပီ။ ဒါေပမယ့္ ျပႆနာရွိတာက က်ေနာ္ကိုယ္တိုင္က အျခားေသာ တိုက္စစ္သမားေတြကို ပိုသုံးခ်င္ေနတယ္။

မက္ဒရစ္မွာ သူက နာမည္ႀကီး ကစားသမား မဟုတ္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ သူ႔မွာ ဒဏ္ရာမွတ္တမ္း ရွိပါတယ္။ နည္းနည္းခ်င္းေတာ့ သူ႔ရဲ႕ အေကာင္းဆုံးေတြ ျပန္ရလာမွာပါ။ ဒီရာသီမွာ ဟာဇက္ရဲ႕ အေကာင္းဆုံးေတြကို ျမင္ရပါလိမ့္မယ္။ သူ ပြဲေတြလည္း ပိုကစားရမွာပါ။

ဟာဇက္မွာ အရည္အခ်င္းနဲ႔ အားထုတ္မႈေကာင္းမႈေတြ အားလုံးကို ပိုင္ဆိုင္ထားတယ္။ နည္းျပက အျခား တိုက္စစ္သမားေတြကို ပိုသေဘာက်ေနတာကိုေတာ့ သူ ခံႏိုင္ရည္ရွိဖို႔ လိုပါတယ္။ ” လို႔ ဆိုခဲ့ပါတယ္။

လက္ရွိ အန္ဆယ္ေလာ့တီ အေရးေပးေနတာကေတာ့ ေျခစြမ္းေတြ တိုးတက္လာတဲ့ ေတာင္ပံကစားသမား ဗင္နီစီးယပ္စ္ပဲ ျဖစ္ပါတယ္။