ဗယ်ဗာဒီ၊ ဒိုက်ယက်ဇ်၊ ယူအီးအက်ဖ်အေမှ အဆင့်သတ်မှတ်ချက်နဲ့ ချဲလ်ဆီး သတင်းတိုများ

ယူအီးအက်ဖ်အေရဲ့ နောက်ဆုံးထွက် အဆင့်သတ်မှတ်ချက်မှာ ချယ်ဆီးက အဆင့်တက်လာပြီး အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ ထိပ်ဆုံး ၁၀ သင်းထဲမှာ ပရီးမီးယားလိဂ်မှ မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ ပါဝင်နေပါတယ်။

ဒီနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချဲလ်ဆီး ဗိုလ်စွဲဖို့ မဖြစ်နိုင်ဘူးလို့ မန်ယူ ကစားသမားဟောင်း ပေါလ်စခိုး က ဆိုလိုက်ပြီး ဒီနှစ်က လီဗာပူးနဲ့ မန်စီးတီးတို့ နှစ်ကောင်တည်းပြေးတဲ့ ပြိုင်ပွဲသာဖြစ်မှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်က ကွင်းလယ်လူ ဆောနီဂွတ်ဇ်အနေနဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ လမ်းကြောင်း မှန်ပေါ် ရှိနေခဲ့ပြီး ဒါက သူ့အတွက် ကြီးမားတဲ့ နောက်တစ်ဆင့်ဖြစ်ခဲ့ကြောင်း၊ ဆောနီဂွတ်ဇ်ရဲ့ စွမ်းရည်ကို ပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

အဲဗာတန်နဲ့ ဘလက်ဘန်း တိုက်စစ်မှုးဟောင်း ယာကုဘူ က ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အာဖရိက ကစားသမား ဆိုရင် ချဲလ်ဆီးတိုက်စစ်မှုးဟောင်း ဒရော့ဘာပဲ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီး အပါအဝင် ဥရောပထိပ်သီးတွေ ပစ်မှတ်ထားနေတဲ့ တောင်ပံ တိုက်စစ်သမား လူးဝစ် ဒိုင်ယက်ဇ်အတွက် ပေါ်တိုအသင်းက ပေါင်သန်း ၈ဝ လို့ ဈေး သတ်မှတ်ထားကြောင်း သိရပါတယ်။

နည်းပြ တူချယ်က ဆောက်သမ်တန်နဲ့ မကစားခင် တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ အဓိက ကစားသမားတွေဖြစ်ကြတဲ့ နောက်ခံလူ အက်ပီကျူတာ၊ ခရစ္စတန်ဆန်နဲ့ ကွင်းလယ်လူ လော့တပ်ချပ်စ်တို့ဟာ ဒဏ်ရာရခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်သမား ဖက်ဒရီကို ဗယ်ဗာဒီ ကို ခေါ်ယူဖို့ မျက်စိ ကျနေကြောင်း သတင်းထွက်လာပါတယ်။ ဥရုဂွေးသားဟာ ၂၀၂၇ နွေထိ ရီးရဲလ်နဲ့ စာချုပ် ရှိနေပါတယ်။ တူချယ်က ဂျော်ဂျင်ဟို ကိုပဲ အားထားနေရတဲ့ ချဲလ်ဆီး ကွင်းလယ် အင်အားကို တိုးမြှင့်လိုနေပါတယ်။

ZG

ယူအီးအက္ဖ္ေအရဲ႕ ေနာက္ဆံုးထြက္ အဆင့္သတ္မွတ္ခ်က္္မွာ ခ်ယ္ဆီးက အဆင့္တက္လာျပီး အဆင့္ ၄ ေနရာမွာ ရွိေနပါတယ္။ ထိပ္ဆံုး ၁၀ သင္းထဲမွာ ပရီးမီးယားလိဂ္မွ မန္စီးတီး၊ လီဗာပူး၊ ခ်ဲလ္ဆီးနဲ႕ ယူနိုက္တက္တို႔ ပါ၀င္ေနပါတယ္။

ဒီနွစ္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ခ်ဲလ္ဆီး ဗိုလ္စြဲဖို႔ မျဖစ္နိုင္ဘူးလို႔ မန္ယူ ကစားသမားေဟာငး္ ေပါလ္စခိုး က ဆိုလိုက္ျပီး ဒီနွစ္က လီဗာပူးနဲ႔ မန္စီးတီးတို႔ ႏွစ္ေကာင္တည္းေျပးတဲ့ ၿပိဳင္ပြဲသာျဖစ္မွာျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။

ခ်ဲလ္ဆီးနညး္ျပ တူခ်ယ္က ကြငး္လယ္လူ ေဆာနီဂြတ္ဇ္အေနနဲ႔ ေဆာက္သမ္တန္နဲ႔ပြဲမွာ လမ္းေၾကာင္းမွန္ေပၚ ရိွေနခဲ့ၿပီး ဒါက သူ႔အတြက္ ႀကီးမားတဲ့ ေနာက္တစ္ဆင့္ျဖစ္ခဲ့ေၾကာင္း၊ ေဆာနီဂြတ္ဇ္ရဲ႕ စြမ္းရည္ကုိ ေပ်ာ္ရႊင္မိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

အဲဗာတန္နဲ႕ ဘလက္ဘန္း တိုက္စစ္မႈးေဟာင္း ယာကုဘူ က ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး အာဖရိက ကစားသမား ဆိုရင္ ခ်ဲလ္ဆီးတိုက္စစ္မႈးေဟာင္း ဒေရာ့ဘာပဲ ျဖစ္တယ္လို႔ ေျပာဆိုုလိုက္ပါတယ္။

ခ်ဲလ္ဆီး အပါအ၀င္ ဥေရာပထိပ္သီးေတြ ပစ္မွတ္ထားေနတဲ့ ေတာင္ပံ တိုက္စစ္သမား လူး၀စ္ ဒိုင္ယက္ဇ္အတြက္ ေပၚတိုအသင္းက ေပါင္သန္း ၈ဝ လို႔ ေစ်း သတ္မွတ္ထားေၾကာင္း သိရပါတယ္။

နညး္ျပ တူခ်ယ္က ေဆာက္သမ္တန္နဲ႔ မကစားခင္ တနလၤာေန႔က ျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ေရး အစီအစဥ္မွာ အဓိက ကစားသမားေတြျဖစ္ၾကတ့ဲ ေနာက္ခံလူ အက္ပီက်ဴတာ၊ ခရစၥတန္ဆန္နဲ႔ ကြင္းလယ္လူ ေလာ့တပ္ခ်ပ္စ္တုိ႔ဟာ ဒဏ္ရာရခဲ့ေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္။

ခ်ဲလ္ဆီး အသင္းဟာ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္သမား ဖက္ဒရီကို ဗယ္ဗာဒီ ကို ေခၚယူဖို႔ မ်က္စိ က်ေနေၾကာင္း သတင္းထြက္လာပါတယ္။ ဥရုေဂြးသားဟာ ၂၀၂၇ ေႏြထိ ရီးရဲလ္နဲ႕ စာခ်ဳပ္ ရွိေနပါတယ္။ တူခ်ယ္က ေဂ်ာ္ဂ်င္ဟို ကိုပဲ အားထားေနရတဲ့ ခ်ဲလ္ဆီး ကြင္းလယ္ အင္အားကို တိုးျမွင့္လိုေနပါတယ္။