အဲရစ်ဆန် ဝန်ခံစကား၊ ပြန်လာရဖွယ် ဒိုလေး၊ နောက်ဆုံးရက်ထိ ကြိုးစားမယ့် ပစ်မှတ်နဲ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ

မန်ချက်စတာယူနိုက်တက် ကစားသမားသစ် အဲရစ်ဆင်က သူ့အနေနဲ့ နည်းပြတန်ဟတ်ကြောင့် မန်ယူကို ရွေးချယ်ခဲ့ခြင်း ဖြစ်တယ် လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အဲရစ်ဆန်က မန်ယူဟာ ထူးခြားတဲ့အသင်းဖြစ်ပြီး ပွဲကစားဖို့ မစောင့်နိုင်တော့ကြောင်း၊ အေဂျက်ဇ်မှာ နည်းပြတန်ဟတ်ရဲ့ လုပ်ဆောင်မှုတွေ၊ အသေးစိတ် ပြင်ဆင်ပုံတွေကို သိရှိပြီး သူက အံ့အားသင့်ဖွယ်နည်းပြဖြစ်ကြောင်း၊ တန်ဟတ်နဲ့ စကားပြောပြီးနောက် သင်ယူမှုတွေ ပြုလုပ်လိုခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ဒီဂျောင် ဘာစီလိုနာနဲ့ အတူ ရာသီကြို ခရီးစဉ် လိုက်ပါသွားပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ နည်းပြ တန်ဟက်ရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်တာကြော့် ဒီဂျောင်ကို လက်မလျှော့သေးဘဲ အပြောင်းအရွှေ့ ဈေးကွက်ပိတ်မယ့် နောက်ဆုံးရက် အထိ ကြိုးစားသွားဦးမယ် လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ် တိုက်စစ်မှုး အိုင်ဗန် ကိုနေးကို စောင့်ကြည့်နေပြီး ကမ်းလှမ်းမှု ပြုလုပ် သွားဖွယ် ရှိတယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။

အန်တိုနီ အီလန်ဂါက နည်းပြသစ် အဲရစ်တန်ဟက်ရဲ့ အသင်းအပေါ် သက်ရောက်မှုကို ချီးကျူးလိုက်ပြီး ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိခဲ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။

မန်ယူအသင်း ကနေ ထွက်ခွာလိုပေမယ့် ချန်ပီယံလိဂ် ကစားရတဲ့ အသင်းသစ် ရှာမတွေ့တော့တဲ့ စီ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် ထံပဲ ပြန် ပူးပေါင်းရဖွယ် ရှိနေပါတယ်။

ခံစစ်မှုး တစ်ဦး ခေါ်ယူချင်နေသေးတဲ့ နည်းပြ တန်ဟက်ဟာ အော့စ်ဘတ်အသင်းမှ Felix Uduokhai ကို ချိန်ရွယ်နေကြောင်း အီတလီ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အသက် ၂၄ နှစ် အရွယ် ကစားသမားက ဈေးကွက် ပေါက်ဈေး ပေါင် ၉ သန်း ရှိပါတယ်။

မန်ယူ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲရားကတော့ သူ့ ကစားသမား ဘဝ နိမ့်ကျခဲ့ရတဲ့ စိတ်ပျက်ဖွယ် ရာသီဟောင်းကို မေ့ပစ်ပြီး ဒီရာသီမှာ တုန့်ပြန်ပေါက်ကွဲပြဖို့ စိတ်ပိုင်းဖြတ်ထားပြီ ဖြစ်ပါတယ်။