ဒီပေးကို ပြန်ခေါ်စေချင်ကြသူများ၊ ဒိုလေးကို နားချနေတဲ့ နာနီ၊ ဒီဂျောင် အစားထိုး ပစ်မှတ်နဲ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ
မန်ယူအသင်းက ခေါ်ယူလိုက်တဲ့ နောက်ခံကစားသမား မာတီနက်ဇ်ဟာ တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းနှစ်သောင်း ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာလည်း ဖီးလ်ဂျုံးဟာ ဒီနှစ်မှာ အသင်းကို စွန့်ခွါသွားဖို့ရှိနေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ အဓိက ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်မရရင် ဝုဖ်ကွင်းလယ်လူ ရူဘင်နီဗက်စ်ဘက် ပြန်လည်မြားဦးလှည့်ဖွယ် ရှိနေပါတယ်။
ဒီဂျောင်အတွက် ကလပ်နှစ်သင်း သဘောတူညီမှု ရခဲ့ပေမယ့် ကစားသမားဟာ မန်ယူကိုပြောင်းရွှေ့လိုခြင်း မရှိဘဲ အပြောင်းအရွှေ့က လိပ်ခဲတည်းလည်း ဖြစ်နေတာပါ။ မန်ယူနည်းပြတန်ဟတ် က ရာသီသစ်အတွက် ကွင်းလယ်ပိုင်းကို အားဖြည့်လိုနေတာပါ။

စီ ရော်နယ်ဒို ရဲ့ ကားကို စပို့တင်းလစ္စဘွန်း ကွင်းမှာ ရပ်ထားတာ တွေ့ခဲ့ရပြီးနောက် ပေါ်တူဂီသားဟာ အသင်းဟောင်းထံ အငှားနဲ့ ပြန်သွားဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် ထိုသတင်းတွေ မှားယွင်းကြောင်းလည်း ရော်နယ်ဒိုက ပြန်လည် ဖြေရှင်းထားပါတယ်။
လက်ရှိမှာ ဘာစီလိုနာအသင်းက အရောင်းစာရင်းတင်ထားတဲ့ တိုက်စစ်ကစားသမား ဒီပေးကို ပြန်လည်ခေါ်ယူဖို့ မန်ယူပရိသတ်တွေက အလိုရှိနေတယ်လို့ သိရပါတယ်။ ဒီပေးဟာ မန်ယူအသင်းမှာ ကစားခဲ့ဖူးပြီး ပါရမီရှိတဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့်လည်း ခြေစွမ်းပြဖို့တော့ ရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ်။
နည်းပြသစ် တန်ဟတ်က မန်ချက်စတာယူနိုက်တက်ထံ ဆွဲဆောင်မှုရှိကာ ကွဲပြားတဲ့ ကစားပုံကို ယူဆောင် လာခဲ့ တာကြောင့် မန်ယူ အသင်းသားတွေဟာ ပြီးခဲ့တဲ့ရာသီက ရုန်းကန်ခဲ့ရမှုတွေကို ကျော်လွှားကာ တိုးတက်မှုတွေ ရှိလာပြီဖြစ်တယ်လို့ ဒီယေဂိုဒါလော့က ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း လူးဝစ်စ်နာနီက အသင်းဖော်ဟောင်း ရော်နယ်ဒို အနေနဲ့ ယူနိုက်တက် အသင်းတွင်သာ ဆက်ကစားဖို့ တိုက်တွန်းလိုက်ပါတယ်။ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုပြီးတဲ့နောက် ရော်နယ်ဒိုက ယူနိုက်တက် အသင်းရဲ့ ရာသီကြို ခြေစမ်း ခရီးစဉ်ကို မိသားစု အရေးကစ္စကို အကြောင်းပြကာ လိုက်ပါခဲ့ခြင်း မရှိပါဘူး။