ကင်ပန်ဘီ အတွက် ကမ်းလှမ်းမှု၊ ဘရိုဂျာ၊ ကီပါ၊ ကွန်ဒေ ရဖို့ ရေပန်းစားခြင်းနဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီးဟာ သူတို့ရဲ့ လူငယ်တိုက်စစ်မှူး ဘရိုဂျာကို ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ ဒေးလီးမေးလ် သတင်းက ဖော်ပြထားပါတယ်။ ၂၀ နှစ် အရွယ်ကစားသမားကိုခေါ်ယူဖို့ ဝက်စ်ဟမ်းက အားစိုက်ကြိုးပမ်း နေပါတယ်။ ဒါပေမဲ့ ဘရိုဂျာဟာ ချဲလ်ဆီးနည်းပြ တူချယ်ရဲ့ အစီအစဉ်ထဲမှာ ပါဝင်နေတာပါ။

ချဲလ်ဆီးအသင်းဟာ ပီအက်စ်ဂျီ ခံစစ်မှုး ကင်ပန်ဘီ အတွက် ပေါင် သန်း ၄ဝ နဲ့ ကမ်းလှမ်းမှု စတင် ပြုလုပ်လိုက်ပါတယ်။ ပီအက်စ်ဂျီကတော့ ၎င်းတို့ ခံစစ်သမား အတွက် ပေါင် ၄၂ သန်း အလိုရှိနေပါတယ်။

နာပိုလီဟာ ချဲလ်ဆီးဂိုးသမား ကီပါကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ ကီပါဟာ ချဲလ်ဆီးမှာ ပွဲထွက်ခွင့် ပျောက်ဆုံးပြီးနောက် နွေရာသီအပြောင်းအရွှေ့မှာအသင်းကနေ ထွက်ခွာပြီး ပုံမှန်ပွဲထွက်ခွင့်ရမဲ့အသင်းကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။

ဂါဘရီရယ် ဂျေးဆု ရဲ့အေးဂျင့်ဖြစ်သူကတော့ သူ့ကစားသမား အာဆင်နယ်အသင်းကို မပြောင်းရွှေ့ခင်မှာ ချဲလ်ဆီးအသင်းဘက်က အကြိမ်ကြိမ် ဆက်သွယ် ကမ်းလှမ်းခဲ့သေးတယ်လို့ ပြန်ပြောင်းပြောဆို သွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဆီဗီလာ အသင်း ခံစစ်မှုး ကွန်ဒေ ကို ရဖို့ ရေပန်း အစားဆုံး ဖြစ်နေပါတယ်။ ပြင်သစ်သား ကို ခေါ်ဖို့ ဘာစီလိုနာကလည်း အပြိုင် ရှိနေပါတယ်။

ချဲလ်ဆီး နည်းပြ တူချယ်ကတော့ အသင်းဟာ အပြောင်းအရွှေ့တွေမှာ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ စဉ်းစားသွားမှာ မဟုတ်ဘူးလို့ ဆိုသွားခဲ့ပါတယ်။