ကလော့ပ်ကို လိုချင်တဲ့ ဘာစီလိုနာ၊ အာဆင်နယ်၊ စီးတီးတို့ ပစ်မှတ်များနဲ့ နံနက်ခင်း သတင်းတိုများ
ဆိုးရှားဟာ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ရာထူးကို ကာကွယ်ဖို့ လာမယ့် စပါး၊ အတ္တလန်တာနဲ့ မန်စီးတီးတို့ဖြင့် ယှဉ်ပြိုင်ရမယ့် ၃ ပွဲသာ အချိန်ရထားတယ်လို့ သိရပါတယ်။
စပိန် ထိပ်သီး ဘာစီလိုနာအသင်းဟာ လက်ရှိနည်းပြ ရော်နယ်ကိုးမန်းအတွက် အစားထိုးဖို့ အနေနဲ့ လီဗာပူးရဲ့ ဂျာမန်နည်းပြ ယာဂင်ကလော့ပ်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ အသက် ၂၀ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ ဘင်ဖီကာ အရန်အသင်းမှာ ခြေစွမ်းပြခဲ့ပြီး ဒီရာသီမှာ ပထမအသင်းမှာ ပါဝင်ကစားခွင့်ရနေသူပါ။

စပါးနဲ့ အင်္ဂလန်ကွင်းလယ်လူ ဒယ်လီ အလီဟာ ဘန်လေနဲ့ ကာရာဘောင်းဖလားအတွက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့နောက် သူ့ရဲ့ စပါးအသင်း အနာဂတ်က ထပ်မံပြီး မရေမရာ ဖြစ်လာပါတယ်။
ချဲလ်ဆီးအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး အိုက်ကာဒီကို ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပီအက်စ်ဂျီအနေနဲ့ အိုက်ကာဒီကို ရောင်းထုတ်လိုနေပြီး ချဲလ်ဆီး က ဇန်နဝါရီမှာ ကြိုးပမ်းနိုင်ဖွယ် ရှိနေပါတယ်။
ဘာစီလိုနာကွင်းလယ်လူ ဆာဂျီရော်ဘတ်တိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်က ကြိုးပမ်းလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ရော်ဘတ်တိုဟာ ဘာစီလိုနာနဲ့ စာချုပ် သက်တမ်း တိုးမြှင့်ဖို့အဆင်မပြေဖြစ်နေပြီး ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာဖွယ် ရှိနေပါတယ်။
ဘရာဇီးနောက်ခံလူ မာဆယ်လိုဟာ ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့ပေမယ့် ၎င်းက ဥရောပမှာပဲ ဆက်နေဖို့ အလိုရှိနေပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် အပြောင်းအရွေ့မှာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ZG

ဆိုးရွားဟာ သူ႔ရဲ႕ မန္ခ်က္စတာ ယူႏိုက္တက္ မန္ေနဂ်ာ ရာထူးကို ကာကြယ္ဖို႔ လာမယ့္ စပါး၊ အတၱလန္တာနဲ႔ မန္စီးတီးတို႔ျဖင့္ ယွဥ္ၿပိဳင္ရမယ့္ ၃ ပြဲသာ အခ်ိန္ရထားတယ္လို႔ သိရပါတယ္။
စပိန္ ထိပ္သီး ဘာစီလိုနာအသင္းဟာ လက္ရွိနည္းျပ ေရာ္နယ္ကိုးမန္းအတြက္ အစားထိုးဖို႔ အေနနဲ႔ လီဗာပူးရဲ႕ ဂ်ာမန္နည္းျပ ယာဂင္ကေလာ့ပ္ကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနဆဲ ျဖစ္ပါတယ္။
ဘိုုင္ယန္ျမဴးနစ္အသင္းဟာ ဘင္ဖီကာတုိက္စစ္မွဴး ဂြန္ကာလိုရာမုိ႔စ္ကို ေခၚယူဖုိ႔ စိတ္၀င္စားလ်က္ ရွိေနပါတယ္။ အသက္ ၂၀ ႏွစ္အရြယ္ ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီ ဘင္ဖီကာ အရန္အသင္းမွာ ေျခစြမး္ျပခဲ့ၿပီး ဒီရာသီမွာ ပထမအသင္းမွာ ပါ၀င္ကစားခြင့္ရေနသူပါ။
စပါးနဲ႔ အဂၤလန္ကြင္းလယ္လူ ဒယ္လီ အလီဟာ ဘန္ေလနဲ႔ ကာရာေဘာင္းဖလားအတြက္ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတဲ့ေနာက္ သူ႔ရဲ႕ စပါးအသင္း အနာဂတ္က ထပ္မံၿပီး မေရမရာ ျဖစ္လာပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ပီအက္စ္ဂ်ီတုိက္စစ္မွဴး အိုက္ကာဒီကို ေခၚယူဖုိ႔ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ ပီအက္စ္ဂ်ီအေနနဲ႔ အုိက္ကာဒီကို ေရာင္းထုတ္လိုေနၿပီး ခ်ဲလ္ဆီး က ဇန္န၀ါရီမွာ ႀကိဳးပမ္းႏုိင္ဖြယ္ ရွိေနပါတယ္။
ဘာစီလုိနာကြင္းလယ္လူ ဆာဂ်ီေရာ္ဘတ္တုိကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္က ႀကိဳးပမ္း လာခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။ ေရာ္ဘတ္တိုဟာ ဘာစီလိုနာနဲ႔ စာခ်ဳပ္ သက္တမ္း တုိးျမွင့္ဖို႔ အဆင္မေျပျဖစ္ေနၿပီး ရာသီကုန္မွာ အလြတ္နဲ႔ ထြက္ခြာဖြယ္ ရွိေနပါတယ္။
ဘရာဇီးေနာက္ခံလူ မာဆယ္လိုဟာ ရာသီကုန္မွာ ရီးရဲလ္မက္ဒရစ္ကေန ထြက္ခြာမယ္လို႔ ေၾကညာခဲ့ေပမယ့္ ၄င္းက ဥေရာပမွာပဲ ဆက္ေနဖို႔ အလိုရွိေနပါတယ္။
မန္စီးတီးအသင္းဟာ လာမယ့္ အေျပာင္းအေ႐ြ႕မွာ ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္လူ ဒီေဂ်ာင္ကို ေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြျပဳလုပ္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။