မနက်ဖြန် ခြေစမ်းပွဲ၊ ကွန်ဒေနဲ့ ၄၈နာရီ၊ ကူလီဘာလေကို အမျက်ထွက်ကြတဲ့ ဖန်များနဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီး ပစ်မှတ် ဆီဗီးလား ခံစစ်မှူး ဂျူးလပ်စ် ကွန်ဒေ ရဲ့ အပြောင်းအရွှေ့ ဟာ လာမယ့် ၂၄ နာရီ ကနေ ၄၈ နာရီ အတွင်း ပြတ်သားတဲ့ အဖြေ ထွက်လာနိုင်တယ်လို့ သိရပါတယ်။
ချဲလ်ဆီး ဟာ ကွန်ဒေ အတွက် နောက်တကြိမ် ကမ်းလှမ်းမှု ကို မြန်နိုင်သမျှ မြန်အောင် လုပ်ဆောင် နေပြီး ကစားသမားနဲ့ အကြို သဘောတူညီမှု ရရှိထားတဲ့ ဘာစီလိုနာ ကတော့ ချဲလ်ဆီး နဲ့ ယှဉ်ပြိုင် မကမ်းလှမ်း နိုင်ဘူးလို့ သိရပါတယ်။

ချဲလ်ဆီး အသင်းဟာ ဒုတိယမြောက် ရာသီကြို ခြေစမ်းပွဲ အဖြစ် မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၅နာရီခွဲ အချိန်မှာ မေဂျာလိဂ် ကလပ် ချားလော့ အသင်းနဲ့ ရင်ဆိုင် ကစားသွားဖို့ ရှိနေပါတယ်။
မနက်ဖြန်ပွဲမှာ တိုက်စစ်သမားသစ် ရာဟင်း စတာလင် ဟာ ပထမဆုံး ပွဲထွက် ပါဝင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က အတည်ပြုခဲ့ပေမယ့် ကူလီဘာလေကတော့ လေ့ကျင့်ချိန် လုံလုံလောက်လောက် မရသေးတာကြောင့် ပါဝင် ကစားဖို့ အလားအလာ နည်းကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ် ခံစစ်မှုး ဘန်ဂျမင် ပါဗက် အတွက် တန်ကြေးကို မေးမြန်းထားကြောင်း သတင်း ထွက်လာပါတယ်။ ချယ်ဆီး နည်းပြ တူချယ်က ဒီနွေမှာ ခံစစ်ကို အားဖြည့်ဦးမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ယူနိုက်တက် ပစ်မှတ် ဖရန်ကီ ဒီဂျောင် ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ဘာစီလိုနာ အသင်းထံ အသိပေးထားခဲ့ပါတယ်။ ဒီဂျောင် အတွက် ယူနိုက်တက်နဲ့ ဘာစီလိုနာတို့က သဘောတူညီမှု ရခဲ့ပေမယ့် ကစားသမား မလိုလားတာကြောင့် ပျက်ပြယ်ဖွယ် ရှိနေတာပါ။
ချဲလ်ဆီး နောက်ခံလူသစ် ကူလီဘာလေ ဟာ ရာသီကြို ခြေစမ်းပွဲတွေ မှာ ဂျွန်တယ်ရီရဲ့ ကျေနံပါတ် ၂၆ ကို ဝတ်ဆင် သွားမယ်လို့ သတင်း ထွက်လာတဲ့ အတွက် ချဲလ်ဆီး ပရိသတ်တွေ ဒေါသထွက် ခဲ့ကြပါတယ်။ ဒါပေမယ့် ထိုနံပါတ် ဟာ ယာယီသာ ဖြစ်ပြီး ရာသီ စတင်ချိန်မှာ အခြားနံပါတ် ကို ပြောင်းလဲ ဝတ်ဆင်ဖွယ် ရှိတယ်လို့ သိရပါတယ်။