ပဲလေ့စ်နိုင်ပွဲ အပြီး တန်ဟက် ချီးကျူးမှု၊ မာလာစီယာ၊ ဘစ်ဆာကာတို့နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

နည်းပြ အဲရစ်တန်ဟတ်က မဲလ်ဘုန်းမြို့မှာ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်၌ ခရစ္စတယ်ပဲလေ့စ်ကို ၃ဂိုး – ၁ဂိုး ရလဒ်နဲ့ အနိုင်ရယူခဲ့ တဲ့ ပွဲစဉ်အပြီး မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေရဲ့ ဖိအားပေး ကစားပုံတိုး တက်လာတာနဲ့ ပတ်သက်လို့ ချီးကျူးစကား ဆိုခဲ့ပါတယ်။

ဒါပေမယ့် အသင်းသားတွေအနေနဲ့ ပိုမိုကြိုစားသွားဖို့ လိုအပ်တဲ့ အပိုင်းတွေလည်း များစွာ ရှိသေးတယ် လို့လည်း တန်ဟတ်က မှတ်ချက် ပြုခဲ့ပါတယ်။

မန်ယူနဲ့ စာချုပ်ကုန်လို့ ထွက်ခွာလာတဲ့ ကွင်းလယ် တိုက်စစ်သမား ဂျေဆီ လင်ဂတ် ကို ခေါ်ယူဖို့ တော့တင်ဟမ် စပါး အသင်းဘက်က စိတ်ဝင်စားခြင်း မရှိကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ခဲ့ပါတယ်။ လင်ဂတ်ဟာ အခုထိ အသင်းသစ်ကို မရွေးချယ်ရသေးပါဘူး။

မန်ယူအသင်းရဲ့ နောက်ခံကစားသမား လင်ဒီလော့ဖ်ကတော့ ဒီနှစ်ရာသီမှာ အသင်းကခေါ်ယူလိုက်တဲ့ နောက်ခံ ကစားသမားလေး မာလာစီယာကို ချီးကျူးစကားဆိုသွားခဲ့ပြီး တကယ်ကောင်းတဲ့ ကစားသမား တစ်ဦးဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ အာရွန်ဝမ် ဘစ်ဆာကာ ထွက်ခွာ သွားခြင်း မရှိပါက ညာနောက်ခံလူသစ် ရှာဖွေဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

မန်ယူအသင်းနဲ့ စာချုပ်ပြည့်လို့ လမ်းခွဲထားတဲ့ တိုက်စစ်မှူးကြီး ကာဗာနီကတော့ ဗီလာရီးရဲလ် အသင်းဆီ ပြောင်းရွှေ့ဖို့အ တွက် သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။