တာဗာရက်စ်၊ စမစ်ရို့စ် သဘောကျသူ၊ ဆာလီဘာကို ချိန်လာတဲ့ ဘာစီလိုနာနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ

ဘယ်နောက်ခံလူ တာဗာရက်စ် ကို တစ်ရာသီအငှားခေါ်ယူဖို့အတွက် အာဆင်နယ်နဲ့ဘရိုက်တန်တို့ စတင် ဆွေးနွေးနေပြီလို့ သိရပါတယ်။ ဘရိုက်တန်က အခုလိုမျိုး တာဗာရက်စ်ကို ခေါ်ယူဖို့ ကြိုးစားလာတဲ့အတွက် ကူကူရယ်လာ က မန်စီးတီးရောက်ဖို့ များလာပါတယ်။

ဇင်ချန်ကိုကို ဘယ်နေရာမှာ အသုံးချမလဲဆိုပြီး‌ မေးမြန်းခဲ့ရာ အာတီတာက ကွင်းလယ်နဲ့ ဘယ်စွန် ခံစစ် နှစ်နေရာလုံးမှာ သုံးဖို့ ရှိကြောင်း ဆိုခဲ့ပါတယ်။

“နှစ်နေရာလုံးပဲ။ သူက အဲ့နှစ်နေရာလုံးမှာ ကစားနိုင်တယ်။ သူက ကစားသမားဘဝအစောပိုင်းမှာ နံပါတ် ၁၀ ဖြစ်ခဲ့ပြီး ကျွန်တော်တို့က သူ့ကို ဘယ်နောက်ခံလူ အဖြစ် ပြောင်းလဲပေးခဲ့တယ်။ အဲ့ဒီ့ စွယ်စုံရ အရည်အသွေးက အသင်း အတွက် အရေးပါလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ပိုပြီး တိတိကျကျ သတ်မှတ်ထားတဲ့ နောက်တန်း ထက် အဲ့ဒီ့နေရာမှာ တခြားကစားသမားတွေ ရှိတယ်။ ဒါကြောင့် တကယ် ကျေနပ်ပါတယ်”လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် ကြယ်ပွင့်စမစ်ရို့စ်က ကစားသမားသစ် မာတွင်ဟို့စ်နဲ့ ပတ်သက်ပြီး သဘောကျနေပါတယ်။ မာကွင်ဟို့စ်ရဲ့ အင်္ဂလိပ်စကားပြော သိပ်မကောင်းဘဲ မိမိအနေနဲ့ အနည်းငယ်သင်ကြားပေးနေကြောင်း၊ သူက ပျော်ဖို့ ကောင်းသူဖြစ်ကြောင်း စမစ်ရို့စ်က ဆိုခဲ့ပါတယ်။

ဘာစီလိုနာ က အာဆင်နယ်နောက်ခံလူ ဆာလီဘာကို ပစ်မှတ်ထားလာနေပြီဖြစ်တယ်လို့ ဂျာနယ်လစ် ရိုမီရီုက ဆိုပါတယ်။ ဘာစီလိုနာဟာ နောက်တန်းကို အားဖြည့်လို နေပြီးအဓိက ပစ်မှတ်ထားနေတဲ့ ဆီဗီးလ်နောက်ခံလူ ခွန်ဒေကို မခေါ်နိုင်ခဲ့ရင် ဆာလီဘာဘက် မြားဦးလှည့်မှာပါ။

အာဆင်နယ် ကွင်းလယ်လူ တော်ရဲရား က အသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးကတေ နှုတ်ထွက်ပြီး အီတလီသို့ ထွက်ခွာသွားပါတယ်။ တော်ရဲရားအနေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စအတွက်သွားရောက်တာလို့ သိရပြီး ဒါက အပြောင်းအရွှေ့နဲ့ သက်ဆိုင်၊ မဆိုင်ဆိုတာ ကွဲပြားခြင်း မရှိပါဘူး။

နယူးကာဆယ်နဲ့ အာဆင်နယ်တို့ရဲ့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ လေဗာကူဆင် တောင်ပံကစားသမား မူဆာဒမ်ဘီလီက သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့ပါတယ်။ သူ့အနေနဲ့ လာမဲ့ရာသီ လေဗာကူဆင်မှာပဲ ဆက်ကစားမှာလို့ မူဆာဒမ်ဘီလီ က ဖွင့်ဟခဲ့တာပါ။

အာဆင်နယ် နည်းပြ အာတီတာ ဟာ လိုင်ယွန် ကွင်းလယ်လူ လူးကပ်စ် ပါကွေတာ နဲ့ ပတ်သက်ပြီး ပြင်သစ် ကလပ်ကို စုံစမ်း မေးမြန်းခဲ့ ပေမယ့် ကမ်းလှမ်းမှုတော့ မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။