ခံစစ် ပစ်မှတ်သစ်၊ ဒိုလေး အကြောင်း ဖာနန်ဒက်စ်၊ မန်ယူဆို မလာဘူးဆိုတဲ့ ဖိလစ်နဲ့ နောက်ဆုံးရ မန်ယူ သတင်းများ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခံစစ်ကို အားဖြည့်ဖို့ စိတ်ကူး ရှိနေ သေးပြီး ဒေါ့မွန် နဲ့ စာချုပ် ကုန်သွားတဲ့ ဒန် အက်ဆယ် ဇာဂါဒူ ကို စိတ်ဝင်စား လာခဲ့တယ်လို့ ကောလဟာလ သတင်းတပုဒ် ထွက်ပေါ် လာခဲ့ပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ဇာဂါဒူ ဟာ ဒေါ့မွန် မှာ ၅ ရာသီ အတွင်း ၉၂ ပွဲ ကစားပေးခဲ့သူပါ။
မန်စီးတီးအသင်းက ဒီနှစ်အပြောင်းရွှေ့ရာသီမှာပဲ ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမား ကယ်ဗင် ဖီးလစ်က သူ့အနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းက သူရဲ့ ငယ်ဇာတိ ကလပ် လိဒ် ယူနိုက်တက် အသင်းရဲ့ သမိုင်းကြောင်းအရ ရှည်လျားတဲ့ မဟာပြိုင်ဘက်ဖြစ်နေ တာကြောင့် ဘယ်တော့မှာ ပြောင်းရွှေ့ ကစားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တာ ဖြစ်ပါတယ်။
မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်က သူ့အနေနဲ့ အသင်းဖော်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ အနာဂတ်ကို မသိရှိကြောင်း၊ သူတို့ဟာ အားလုံးရဲ့ ဆုံးဖြတ်ချက် အပေါ် လေးစားမှုရှိကြောင်း၊ စီရော်နယ်ဒိုအနေနဲ့ အသင်းထံ ဘာတွေ ပြောထားသလဲ ဆိုတာလည်း မသိရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူအသင်း ကွင်းလယ်ကစားသမား လင်ဂတ်ကို တစ်ပါတ် ပေါင် ၁၈၀၀၀၀ ခန့်ရှိ လစာပမာဏနဲ့ ပရီးမီးယားလိဂ် တန်းတက် ကလပ် နော့တင်ဟမ် ဖောရက်စ် အသင်းက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့နဲ့ သတင်းထွက်ခဲ့တဲ့ ပြင်သစ်နောက်ခံကစားသမား ကလောစ့်ကတော့ ပြင်သစ်ကလပ် မာဆေးလ် အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီပဲဖြစ်ပါတယ်။
အက်သလက်တီကို မက်ဒရစ် ဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကို ခေါ်ယူဖို့ ငြင်းဆန် ခဲ့တယ်လို့ စပိန် ရေဒီယို သတင်းဌာန Cope က ဆိုပါတယ်။
ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်အနေနဲ့ တကယ်လို့ ဘာစီလိုနာကနေ ထွက်ခွာဖြစ်ခဲ့ရင်တောင် မန်ယူကို ပြောင်းရွှေ့မှာ မဟုတ်ဘဲ ချဲလ်ဆီးကိုသာ ရွေးချယ်ဖွယ်ရှိနေတယ်လို့စပိန်သတင်းဋ္ဌာန Sport က ဖော်ပြထားပါတယ်။