မရေရာသေးတဲ့ ရော်နယ်ဒို ကိစ္စ၊ မာရှယ်နဲ့ ဗန်ဒီဘိခ်၊ ယုံကြည်မှု အပြည့်ရှိတဲ့ ပါဗတ်နဲ့ နောက်ဆုံးရ မန်ယူ သတင်းများ
ခံစစ်မှုး ဗာရိန်းကတော့ အသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒို ဟာ အသင်းရဲ့ ဂန္တဝင် တစ်ဦး ဖြစ်ကြောင်း ဆိုလိုက်ပြီး အဝတ်လဲခန်းထဲမှာ ရော်နယ်ဒို မရှိမှ ပိုကောင်းတယ်လို့ ထင်တဲ့သူ တစ်ယောက်မှ မရှိကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
မန်ယူကနေ အလွတ်နဲ့ ထွက်သွားတဲ့ ဂျက်ဆီ လင်ဂတ် ကတော့ ပရီးမီးယားလိဂ် တန်းတက် လာတဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းဆီ ၁ နှစ် စာချုပ် နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ လင်ဂတ် ဟာ ဖောရက်စ် မှာ တပတ်ကို လုပ်ခ ပေါင် ၂ သိန်း အထိ ရရှိမယ်လို့လည်း သတင်းထွက်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ လစ္စဘွန်း မြို့မှာ ဆက်လက် ရှိနေပြီး အေးဂျင့် မန်ဒက်စ် ဆီက သတင်းတွေကို နားစွင့် နေတယ်လို့ သိရပါတယ်။

ရော်နယ်ဒို ဘယ်တော့ မန်ယူအသင်းထံ ပြန်လာမလဲ အမေးကိုတော့ နည်းပြ တန်ဟက်က အသင်းမှာ ရှိတဲ့သူတွေ အတွက်ပဲ အာရုံစိုက်ထားကြောင်း ရှောင်လွှဲဖြေကြားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ဟာ ဒီနွေမှာ မာရှယ်နဲ့ ဗန်ဒီဘိခ်ကို မရောင်းအောင် ပိတ်ပင်သွားမယ် လို့ သိရပါတယ်။ မာရှယ်ဟာ ယူနိုက်တက်ရဲ့ ရာသီကြိုမှာ ၃ဂိုး သွင်းထားပြီး ခြေစွမ်းပြနေပါတယ်။
ရော်နယ်ဒို ဘက်ကတော့ ဒီနွေမှာ ယူနိုက်တက်ကနေ ထွက်ခွာရမယ် ဆိုရင် လုပ်ခလစာ လျှော့ယူဖို့လည်း ဆန္ဒ ရှိနေကြောင်း သိရပါတယ်။
ယူနိုက်တက် ပစ်မှတ် ဘိုင်ယန်မြူးနစ် ခံစစ်မှုး ဘန်ဂျမင်ပါဗတ် ကတော့ ယုံကြည်မှု အပြည့် ရှိနေပြီး သူက လီဗာပူး ကြယ်ပွင့် ထရန့် အလက်ဇန်းဒါး အာနိုး ထက် ပို လုပ်နိုင်စွမ်း ရှိတယ်လို့ ဖော်ထုတ် ပြောဆိုထားပါတယ်။
ချယ်ဆီးအသင်းဟာ ဒီဂျောင် အတွက် ဝင်ရောက် ကြိုးပမ်းနိုင်ကြောင်း ဘာစီလိုနာရဲ့ အကြောင်းကြားမှု လက်ခံ ရရှိထားပါတယ်။ ဘာစီလိုနာက ယူနိုက်တက်နဲ့ သဘောတူညီမှု ပေးထားပေမယ့် ကစားသမားက မန်ချက်စတာ သို့ မသွားလိုတာကြောင့် ချယ်ဆီးကို အခွင့်အရေး ပေးချင်နေတာပါ။