ရော်နယ်ဒိုနဲ့ မာရှယ်၊ မပြီးသေးတဲ့ ကွန်ဒေ အပြောင်းအရွှေ့၊ ဆာကာ၊ မောင့်နဲ့ နံနက်ခင်း ဘောလုံး သတင်းများ
မန်ယူ အသင်း တိုက်စစ်မှူး ရော်နယ်ဒိုတစ်ယောက် အက်သလက်တီကို အသင်းထံ ပြောင်းရွှေ့လိုနေပေမယ့် အေတီကို ပရိသတ်တွေရဲ့ အမုန်းတရားကြောင်း ၎င်းရဲ့ အပြောင်းအရွှေ့က အထမြောက်လာနိုင်ဖွယ် မရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
မန်ယူနည်းပြ တန်ဟတ် ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ တပွဲ တဂိုးနှုန်း သွင်းပေး နေတဲ့ တိုက်စစ်မှူး အန်တိုနီ မာရှယ် ကို သဘောကျ နှစ်သက် နေပြီး အသင်းမှာ ဆက်ထားဖို့ စိတ်ကူး ရှိတယ်လို့ သိရပါတယ်။
အာဆင်နယ် အသင်းဟာ မန်စီးတီးအသင်းရဲ့ ရန်ကို ကာကွယ်တဲ့ အနေနဲ့ ၎င်းတို့ရဲ့ အဓိက တိုက်စစ်ကစားသမားလေး ဆာကာကို လက်ရှိ လစာ တစ်ပါတ် ပေါင် ၇သောင်း ရဲ့ ၂ ဆဖြစ်တဲ့ ၁၄၀၀၀၀ အထိ ပေးချေကာ စာချုပ်သစ် ချုပ်ဖို့ ကြိုးစား နေကြောင်း သတင်း ရရှိပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်တဲ့ မာနေးဟာ ပြီးခဲ့တဲ့ ရာသီမတိုင်ခင်ကတည်းက လီဗာပူး အသင်း မှ ထွက်ခွါနိုင်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ရဖူးကြောင်း ဖွင့်ဟပြောဆို သွားခဲ့ပါတယ်။
အေဂျက် နည်းပြသစ် အာဖရတ် ရှရူဒါကတော့ အန်တိုနီတစ်ယောက် မန်ယူအသင်းထံ ပြောင်းရွှေ့ဖြစ်ဖွယ် မရှိပဲ လက်ရှိ အသင်းနဲ့ ဆက်လက် ပူးပေါင်းသွားနိုင်ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။
ဆီဗီလာ ခံစစ်မှူး ဂျူးလ် ကွန်ဒေ ဟာ ချဲလ်ဆီး အသင်းဆီ ရောက်ရှိ တော့မယ်လို့ ယမန်နေ့ ညပိုင်းက သတင်းတွေ ထွက်လာခဲ့ ပါတယ် ။ ဒါပေမယ့် အဲ့ဒိနောက်မှာတော့ အပြောင်းအရွှေ့ ဟာ ၁၀၀% သဘောတူညီမှု ရရှိ ထားတာ မဟုတ်သေးတာကြောင့် ဘာစီလိုနာ ဘက်က ကြိုးစားခွင့် ရှိနေ သေးတယ်ဆိုတဲ့ သတင်း အချို့လည်း ထပ်မံ ထွက်ပေါ် လာခဲ့ ပြန်ပါတယ်။

နယူးကာဆယ် အသင်းနဲ့ ၆ နှစ်ကြာ ပူးပေါင်းခဲ့တဲ့ တိုက်စစ်မှူး ဒွိုက် ဂေလီဟာ ချန်ပီယံရှစ်ကလပ် စတုတ်စီးတီး အသင်း ထံ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
ချဲလ်ဆီး အသင်းကွင်းလယ်ကြယ်ပွင့် မေဆန်မောင့်ကတော့ ချဲလ်ဆီးအသင်းရဲ့ အနာဂတ် အသင်းခေါင်းဆောင် ရာထူးကို ရယူဖို့ ဆန္ဒရှိနေကြောင်း သတင်းရရှိပါတယ်။
ဂျူဗင်တပ် အသင်းနည်းပြ အယ်လီဂရီ ကတော့ လာမယ့်ရာသီ စကူဒက်တိုဆုဖလားကို အရယူဖို့ စိတ်ပိုင်းဖြတ် ထားကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။