အာတီတာကြောင့် လာခဲ့တာ ဆိုတဲ့ ဇင်ချန်ကို၊ တာဗာရက်စ်၊ ဂျေးဆု၊ ဘယ်လာရင်တို့နဲ့ ယနေ့ည အာဆင်နယ် သတင်းတိုများ

အာဆင်နယ် ခံစစ်မှုး တာဗာရက်စ် ကို အတ္တလန္တာ အသင်းက စိတ်ဝင်စားနေပြီး ဒီတပတ်ထဲမှာ ခေါ်ယူဖို့ ကြိုးစားလာတော့မှာပါ။ တာဗာရက်စ်ကို ခေါ်ဖို့ ဘရိုက်တန်ကလည်း မေးမြန်းထားပါတယ်။

ဇင်ချန်ကို က အာဆင်နယ် ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရာမှာ အာတီတာက အရေးပါဆုံးဖြစ်ခဲ့ကြောင်း၊ မန်စီးတီးမှာ တည်းက အာတီတာကို ကောင်းကောင်းသိခဲ့ကြောင်း၊ အာတီတာ အလွန် တော်တဲ့နည်းပြဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ကို ကြည့်ရာမှာလည်း ကျေနပ်စရာကောင်းခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဇင်ချန်ကို က သူဟာ အာဆင်နယ်ကို အွန်နရီ၊ ဖာဘရီဂတ်စ်တို့ ခေတ်ကတည်းက အားပေးခဲ့ပြီး ခုလို ပြောင်းလာဖြစ်တာက သူ့ ငယ်ဘ၀ အိပ်မက်တွေ ပြည့်ဝခဲ့ခြင်း ဖြစ်ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူးသစ် ဂါဘရီရယ် ဂျေးဆု က အာဆင်နယ် ကစားသမားဘဝကို ချစ်မြတ်နိုးနေပြီး သူ့ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

မန်စီးတီးဟာ ဂျေးဆု ကို လက်လွှတ်ရပြီးနောက် အစားထိုးဖို့ အာဆင်နယ်မှ ဆာကာ ကို ခေါ်ယူဖို့ ပစ်မှတ်ထား နေပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်က သက်တမ်းတိုးဖို့ အရှိန်မြှင့် ကြိုးစားလာတာပါ။

ရီးရဲလ် ဘက်တစ် ကစားသမား ဘော်ဂျာကတော့ အငှား လာကစားခဲ့တဲ့ အာဆင်နယ် ကစားသမား ဘယ်လာရင်ဟာ သူတို့ ကလပ်ထံ ပြန်လာ ကစားချင်နေကြောင်း ဖော်ထုတ်လိုက်ပါတယ်။