တော်ရဲရားနဲ့ အာသာ အလဲအထပ်၊ လူသစ်တွေ ဝယ်ဖို့ ဆက်ကြိုးစားနေခြင်း၊ လီနို၊ ဆာလီဘာနဲ့ အာဆင်နယ် သတင်းတိုများ
အာဆင်နယ်နည်းပြ အာတီတာက သူတို့အနေနဲ့ ကစားသမားသစ်တွေ ထပ်ရောက်လာဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ သူတို့ဟာ လိုချင်တဲ့ ပုံစံအတိုင်း ကစားဖို့ နေရာတချို့မှာအနည်းငယ် လိုအပ်နေဆဲဆိုတာ မြင်နိုင်ကြောင်း၊ ဒါကို သူတို့အနေနဲ့ ဖြေရှင်းဖို့ကြိုးပမ်းနေကြေင်း အာတီတာက ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ကက်စ်ကာရီနိုက တကယ်လို့ နည်းပြ အာတီတာအနေနဲ့ လာမဲ့ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့မယ်ဆိုရင် နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ သူတို့ရဲ့ဂိုးသမား လီနိုအတွက် ဖူလ်ဟမ်ရဲ့ ပေါင် ၇ သန်း+add-ons ကြေး ပေါင် ၃ သန်း ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ အာဆင်နယ်ဟာ လီနိုအတွက် ပေါင် ၁၅ သန်းဝန်းကျင်အလိုရှိနေပြီး အသင်း နှစ်သင်းကတော့ သဘောတူညီမှု ရရှိဖို့ ညှိနှိုင်းနေကြပါတယ်။

လက်စတာကွင်းလယ်လူ တိုင်လေမန့်စ်ကနေ အသင်းကနေ ထွက်ခွာချင်နေဆဲဖြစ်တယ်လို့ အပြောင်းအရွှေ့ဂုရု သတင်းထောက် ဖာဘရီဇီယိုက ဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ တိုင်လေမန့်စ်ကို ပစ်မှတ်ထားနေပေမဲ့ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ရခြင်း မရှိသေးပါဘူး။
အာဆင်နယ်အနေနဲ့ လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်း တောင်ပံကစားသမား ဘိုဝင်ကို ခေါ်ယူဖို့ ကြိုးပမ်း လာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဆင်နယ်ဟာ ဘိုဝင်ရဲ့အေးဂျင့်နဲ့ လာမဲ့တစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်လျက်ရှိနေတာပါ။
အာဆင်နယ်အနေနဲ့ ကွင်းလယ်လူ တော်ရဲရားကို အလိုက်ပေးကာ ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်ကွင်းလယ်လူ မယ်လို အာသာကို ကမ်းလှမ်းမှု ပြုလုပ်သွားတော့မှာပါ။ အာဆင်နယ်ဟာ အာသာကို ကနဦး အငှားနဲ့ ခေါ်ယူမှာဖြစ်ပြီး ရာသီကုန် ကျရင် အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်းချုပ်ဆိုသွားမှာပါ။

ပြင်သစ်လူငယ်နောက်ခံလူ ဆာလီဘာဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြောင်း ဂျာနယ်လစ်ဖရက်ဒီက ဖော်ပြထားပါတယ်။ အာဆင်နယ်နည်းပြအာတီတာအနေနဲ့ဥရောပထိပ်သီးကလပ်တွေ စိတ်ဝင်စားလာတဲ့ အဆိုပါ ၂၁ နှစ်အရွယ်ကို အသင်းမှာ ရေရှည်ထိန်းလိုနေတာပါ။
အာဆင်နယ် အသင်းကတော့ နူနို တာဗာရက်စ် ရဲ့ အနာဂါတ် ကို လာမယ့် အပတ်ထဲမှာ ဆုံးဖြတ်ချက် ချသွားမယ်လို့ သိရှိရပါတယ်။
အာဆင်နယ် ဒါရိုက်တာ အီဒူး က သူဟာ လိုင်ယွန် ရဲ့ ဘရာဇီး ကွင်းလယ်လူ လူးကပ်စ် ပါကွေတာ ကို အလွန်နှစ်သက်ပြီး သူ့ရဲ့ ပရိသတ် တယောက်လည်း ဖြစ်ကြောင်း ၊ ဒါပေမယ့် လတ်တလော မှာတော့ အာဆင်နယ် အနေနဲ့ ပါကွေတာ နဲ့ ပတ်သက်ပြီး ဘယ်လို ဆွေးနွေး ပြောဆိုမှုမှ မရှိသေးကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။