ပစ်မှတ် ဆဲလ်ဘတ်တိုက်စစ်မှုး၊ ဆုကြေး ၃သန်းနဲ့ တန်ဟက်၊ ရော်နယ်ဒို ဂယက်များနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၎င်းတို့ တိုက်စစ်ပိုင်းအတွက် ရက်ဘူးလ် ဆဲလ်ဘတ် အသင်း တိုက်စစ်မှူး ဆက်စ်ကို ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

မန်ယူ နောက်ခံလူ အဲရစ်ဘိုင်လီကို ခေါ်ယူဖို့ နည်းပြ မော်ရင်ညိုရဲ့ ရိုးမားအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြသစ် တန်ဟတ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ပါက ဆုကြေး ပေါင် ၃သန်းအထိ အသင်းထံမှ ရရှိသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ အသင်းပြောင်းဖို့ ဆန္ဒပြင်းပြ နေတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကို အခု နွေရာသီမှာ အသင်းပြောင်းခွင့်ပြုဖို့ စဉ်းစားနေ ပေမယ့် အငှားသီးသန့်သာ ပြောင်းခွင့်ပြုဖို့လည်း စိတ်ကူးနေတယ်လို့ သတင်း ထွက်လာခဲ့ပါတယ်။

ရော်နယ်ဒို နဲ့ သတင်းထွက်နေသေးတဲ့ အက်သလက်တီကို မက်ဒရစ် ကတော့ ဘာစီလိုနာ ကနေ အငှား နဲ့ ခေါ်ယူထားတဲ့ ဂရစ်ဇ်မန်း ကို လက်လွှတ်ပြီး ရော်နယ်ဒို ကို ခေါ်ယူဖို့ စတင် စိတ်ကူးနေတယ်လို့ သိရပါတယ်။

မန်ယူက ရော်နယ်ဒို ရဲ့ စာချုပ်မှာ ပါဝင်တဲ့ ၁ နှစ် သက်တမ်းတိုးခွင့်ကို အသက်သွင်းဖို့ စီစဉ် နေတာကြောင့် ပေါ်တူဂီသားဟာ အခုရာသီ အငှားထွက် ကစားပြီးသည်အထိ မန်ယူနိုက်တက် အသင်းသား တဦးအဖြစ်နဲ့သာ ဆက်ရှိ နေဦးမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် လူငယ် နောက်တန်း ကစားသမားလေး ဘရန်ဒန် ဝီလီယံ ကို ဘရိုက်တန် အသင်းက ပေါင် ၁၅ သန်း ဝန်းကျင် နဲ့ ဝယ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အက်သလက်တီကို အသင်း ပရိသတ်တွေကတော့ ရော်နယ်ဒိုကို အသင်းထံ မရောက်လာစေဖို့ ဆန့်ကျင် ကန့်ကွက်မှု တွေ ပြုလုပ်နေကြကြောင်း သတင်းရရှိပါတယ်။