ဖာဂူဆန် အကြိုက် နည်းပြ၊ ပေါ့ဘာကို လက်လျှော့ခြင်းနဲ့ ယနေ့ မန်ယူ သတင်းတိုများ

ယူနိုက်တက် တိုက်စစ်မှုး မားကပ်စ် ရက်ရှ်ဖို့ဒ် က တနင်္ဂနွေည လီဗာပူးကို ၅ဂိုးပြတ် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ခြင်းကြောင့် အရှက်ရမိတာကြောင့် ဒီတလော လူမှုကွန်ရက်မှာ တိတ်ဆိတ်နေဖြစ်ခဲ့တယ် ဆိုတာ ဖွင့်ဟလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ခုနေမှာ ဆိုးရှားကို နည်းပြ အဖြစ်ကနေ ထုတ်ပယ်မယ် ဆိုရင် လျော်ကြေး ပေါင် ၇.၅သန်းထိ ပေးရဖို့ ရှိနေကြောင်း သိရပါတယ်။

မန်ယူလို ထိပ်တန်းအဆင့်မျိုးကို ကိုင်တွယ်ဖို့ဆိုတာ ဆိုးရှား အတွက် တစ်သက်မှာ တစ်ခါသာရနိုင်တဲ့ အခွင့်အရေးမျိုးဖြစ်ကြောင်း၊ ဒါကြောင့် ဆိုးလ်ရှာအးနေနဲ့ မန်ယူကနေ လက်လျှော့ပြီး လွယ်လွယ်နဲ့ အရှုံးမပေးလိုတာဖြစ်မယ်လို့ အာဆင်နယ်ဂန္ထဝင်ဟောင်း ပေါလ်မာဆင်က မှတ်ချက်ပြုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ လိဒ်ယူနိုက်တက်မှ ကယ်ဗင် ဖိလစ်ကို ခေါ်ယူရေး ပါဝင် စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

နည်းပြ ဆိုးလ်ရှား က မန်ယူ အသင်းခေါင်းဆောင် မက်ဂွဲရားရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို မကျေမနပ်ဖြစ်လျက် ရှိနေကြောင်း သိရပါတယ်။ လီဗာပူးကို ရှုံးနိမ့်ပြီးနောက်ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါတယ်။

ပေါ့ဘာကို စာချုပ် သက်တမ်း တိုးဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ မန်ချက်စတာ ကလပ်ဘက်က လက်ခံလိုက်ပြီ ဖြစ်ပြီး ပြင်သစ်သားကို နောက်နှစ် နွေမှာ အလွတ်နဲ့ ထွက်ခွာခွင့် ပြုရတော့မှာ ဖြစ်ပါတယ်။

မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကတော့ တကယ်လို့ အသင်းအနေနဲ့ ဆိုးလ်ရှားကို ထုတ်ပယ်ပစ်ခဲ့ရင် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို အစားထိုး ခန့်အပ်လိုနေကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာ ပါတယ်။

ZG

ယူနိုက္တက္ တိုက္စစ္မႈး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ က တနဂၤေႏြည လီဗာပူးကို ၅ဂိုးျပတ္ ဆိုးဆိုး႐ြား႐ြား ရႈံးနိမ့္ခဲ့ျခင္းေၾကာင့္ အရွက္ရမိတာေၾကာင့္ ဒီတေလာ လူမႈကြန္ရက္မွာ တိတ္ဆိတ္ေနျဖစ္ခဲ့တယ္ ဆိုတာ ဖြင့္ဟလာခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ခုေနမွာ ဆိုးရွားကို နည္းျပ အျဖစ္ကေန ထုတ္ပယ္မယ္ ဆိုရင္ ေလ်ာ္ေၾကး ေပါင္ ၇.၅သန္းထိ ေပးရဖို႔ ရွိေနေၾကာင္း သိရပါတယ္။

မန္ယူလို ထိပ္တန္းအဆင့္မိ်ဳးကို ကိုင္တြယ္ဖို႔ဆုိတာ ဆိုးရွား အတြက္ တစ္သက္မွာ တစ္ခါသာရႏုိင္တဲ့ အခြင့္အေရးမ်ိဳးျဖစ္ေၾကာငး္၊ ဒါေၾကာင့္ ဆုိးလ္ရွာအးေနနဲ႔ မန္ယူကေန လက္ေလွ်ာ့ၿပီး လြယ္လြယ္နဲ႔ အရႈံးမေပးလိုတာျဖစ္မယ္လို႔ အာဆင္နယ္ဂႏၳ၀င္ေဟာင္း ေပါလ္မာဆင္က မွတ္ခ်က္ျပဳခဲ့ပါတယ္။

လီဗာပူးအသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ အတူ လိဒ္ယူနိုက္တက္မွ ကယ္ဗင္ ဖိလစ္ကို ေခၚယူေရး ပါ၀င္ စိတ္၀င္စားလာတယ္လို႔ သိရပါတယ္။

နညး္ျပ ဆုိးလ္ရွား က မန္ယူ အသင္းေခါင္းေဆာင္ မက္ဂြဲရားရဲ႕ ေခါင္းေဆာင္မႈ အရည္အေသြးကို မေက်မနပ္ျဖစ္လ်က္ ရွိေနေၾကာငး္ သိရပါတယ္။ လီဗာပူးကို ရႈံးနိမ့္ၿပီးေနာက္ကစားသမားေတြနဲ႔ နညး္ျပအဖြဲ႕၀င္ေတြ ေတြ႕ဆံုေဆြးေႏြးမႈ ျပဳလုပ္ခဲ့ၾကပါတယ္။

ေပါ့ဘာကို စာခ်ဳပ္ သက္တမ္း တိုးဖို႔ ဆိုတာ မျဖစ္နုိင္ေတာ့ဘူးလို႔ မန္ခ်က္စတာ ကလပ္ဘက္က လက္ခံလိုက္ျပီ ျဖစ္ျပီး ျပင္သစ္သားကို ေနာက္နွစ္ ေႏြမွာ အလြတ္နဲ႕ ထြက္ခြာခြင့္ ျပဳရေတာ့မွာ ျဖစ္ပါတယ္။

မန္ယူဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္ကေတာ့ တကယ္လုိ႔ အသင္းအေနနဲ႔ ဆုိးလ္ရွားကို ထုတ္ပယ္ပစ္ခဲ့ရင္ ပီအက္စ္ဂ်ီနညး္ျပ ပိုခ်က္တီႏုိကို အစားထုိး ခန္႔အပ္လုိေနေၾကာင္း အဂၤလန္သတင္းေတြက ေဖာ္ျပလာ ပါတယ္။