မာတီနက်ဇ် ကြေညာခြင်း၊ ရော်နယ်ဒို၊ ဒီဂျောင်၊ အန်တိုနီ လက်မလျှော့သေးခြင်းနဲ့ ယနေ့ည မန်ယူ သတင်းတိုများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အေဂျက်ဇ် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို တရားဝင် ခေါ်ယူ လိုက်နိုင်ပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် ၅၅.၃ သန်း ဖြစ်ပြီး စာချုပ် သက်တမ်းက ၅ နှစ် ဖြစ်ပါတယ်။

ရော်နယ်ဒိုကို ခေါ်ယူဖို့ အရင်ဆုံး အသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ရောင်းချဖို့ ပြင်ဆင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ အက်သလက်တီကို အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဆီရီဇိုကတော့ ၎င်းတို့အသင်းဟာ ဂရစ်ဇ်မန်း အပါအဝင် ဘယ် ကစားသမားကိုမှ ရောင်းချစရာမလိုဘူးဆိုပြီး တုန့်ပြန် ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟတ်နဲ့ ထူးခြားတဲ့ ဆက်ဆံရေး အနေအထားမျိုး မရှိဘူးလို့ Athletic က ဖော်ပြထားပါတယ်။ မန်ယူနည်းပြ တန်ဟတ် အနေနဲ့ အေဂျက်ဇ်မှာ လက်တွဲခဲ့ဖူးတဲ့ ဒီဂျောင်ကို အိုးထရက်ဖို့ဒ်ထံ အသည်းအသန် ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

မန်ယူ အသင်းဟာ အေဂျက်ဇ် အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အန်တိုနီကို ခေါ်ယူဖို့ လက်မလျှော့သေးဘဲ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။

မန်ယူ အသင်းကတော့ ကွင်းလယ် တိုက်စစ်ကစားသမား အဲရစ်ဆင်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းကို မနေ့က တရားဝင် ကြေညာ သွားခဲ့ပြီပဲဖြစ်ပါတယ်။