ခံစစ်ပစ်မှတ် ပါဗက်၊ စခရီနီယာ၊ စိန့်မက်ဆီမန် အတွက် တိုက်တွန်းမှု၊ ကွီတာ၊ အလွန်ဆိုတို့နဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ
အင်တာမီလန် အသင်းကတော့ ချဲလ်ဆီး အသင်းက စိတ်ဝင်စား နေတဲ့ ဒန်ဇယ် ဒမ်ဖရိုင်းစ် အတွက် ယူရို သန်း ၄၀ အနည်းဆုံး ရရှိမှသာ စဉ်းစား သွားမယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းထံ ရောက်ရှိသွားပြီ ဖြစ်တဲ့ ချဲလ်ဆီးရဲ့ ခံစစ်ပစ်မှတ် ဂျူးလပ်စ် ကွန်ဒီကတော့ နည်းပြ ဇာဗီနဲ့ စကားပြောဆို အပြီးမှာ ဘာစီလိုနာကို ရွေးချယ်ဖြစ်ခဲ့တာ လို့ ဖွင့်ဟသွားခဲ့ပါတယ်။
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ မက်အာဗင်နီက ချဲလ်ဆီးအနေနဲ့ နယူးကာဆယ် တိုက်စစ်မူှး စိန့်မက်ဆီမန် ကို ခေါ်ယူသင့်တယ် လို့ တိုက်တွန်းသွားခဲ့ပါတယ်။
စိန့်မက်ဆီမန်နဲ့ စတာလင်တို့ကို တိုက်စစ်မှာ တွဲဖက် ကစားစေမယ် ဆိုရင် စိတ်ဝင်စားစရာကောင်းပြီး သူတို့အတွဲဟာ ဂိုးများစွာသွင်းယူနိုင်မှာဖြစ်ကြောင်း၊ စိန့်မက်ဆီမန်ကို ပေါင်သန်း ၄၀ နဲ့ ရမယ်ဆိုတာ ကောင်းမွန်တဲ့ အားဖြည့်မှု ွဖစ်ကြောင်း ၎င်းက မှတ်ချက်ပြု တိုက်တွန်းခဲ့ပါတယ်။

ချဲလ်ဆီး နဲ့ ဘိုင်ယန်မြုးနစ် တို့ အကြားမှာ ပြင်သစ် နောက်ခံလူ ဘင်ဂျမင် ပါဗက် အတွက် ဆွေးနွေး ပြောဆိုမှု မရှိသေးပါဘူးလို့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို က ဖော်ပြ သွားခဲ့ ပါတယ်။
ချန်ပီယံရှစ် ကလပ် ရေးဆင်း အသင်း ကတော့ ချဲလ်ဆီး လူငယ် ကစားသမားလေး အိုမာရီ ဟတ်ချင်ဆင် ကို အငှား နဲ့ ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ အစားထိုး တိုက်စစ်သမား ရှာဖွေ မရပါက တီမို ဗာနာ ကို လက်လွှတ်ဖို့ အစီအစဉ် မရှိသေးဘဲ အပြောင်းအရွှေ့ ပိတ်ခါနီးမှသာ ဂျာမန်သား ရဲ့ အနာဂါတ်ကို စဉ်းစားဖွယ် ရှိတယ်လို့ သိရပါတယ်။
တီမိုဗာနာ ကို အသင်းဟောင်း လိုက်ပ်ဇစ် ၊ ဂျူဗင်တပ် နဲ့ နယူးကာဆယ် တို့က ခေါ်ယူဖို့ စိတ်ဝင်စား နေကြပါတယ်။

အင်တာမီလန် ခံစစ်မှူး မီလန် စခရီနီယာ ကိုလည်း ချဲလ်ဆီး က စိတ်ဝင်စားနေပေမယ့် လက်ရှိ အချိန်ထိ အီတလီ ကလပ် ကို ဆက်သွယ် ချိတ်ဆက်မှု မပြုလုပ်ရ သေးဘဲ PSG တသင်းသာ စခရီနီယာ အတွက် အင်တာ နဲ့ ပြောဆို ညှိနှိုင်း နေတယ်လို့လည်း သိရပါတယ်။
ဘာစီလိုနာက ချဲလ်ဆီးမှ ဆီဇာ အက်ဇ်ပီလီကွီတာ နဲ့ မားကိုစ့် အလွန်ဆို တို့အတွက် ယူရို ၁၀-၁၅ သန်း အထက် အသုံးပြုဖို့ အစီအစဉ် မရှိဘဲ ချဲလ်ဆီး ဘက်က တောင်းဆိုမှု များပြားပါက အခြား ပစ်မှတ် တခုကို ပြောင်းလဲ စဉ်းစားသွားမယ်လို့ သိရပါတယ်။