ဒိုလေးနေရာ အစားထိုးနိုင်မယ့် သူ၊ ဆာဗစ် ပေါင် ၄၂သန်း၊ ဘိုင်လီကို ချိန်လာတဲ့ အေစီနဲ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဒီဂျောင်ကို မခေါ်ယူနိုင် သေးတာကြောင့် လာဇီယိုအသင်း ကွင်းလယ်ကစားသမား ဆာဗစ်ကို ပေါင် ၄၂ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ရိုးမားနဲ့ အေစီမီလန် အသင်း ၂ သင်းစလုံးဟာ မန်ချက်စတာယူနိုက်တက် အသင်းနောက်ခံလူ ဘိုင်လီအတွက် တရားဝင် ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ပြိုင်ဘက် အသင်းတစ်သင်းထံမှ ကမ်းလှမ်းမှု လက်ခံ ရရှိထားပြီး ဖြစ်တယ် ဆိုပြီး တာဝန်ရှိသူတွေကို ဖွင့်ဟပြောဆိုထားကြောင်း သိရပါတယ်။

စပါးနောက်ခံလူဟောင်း အလန်ဟတ်တန်က မန်ယူ တိုက်စစ်မှူး မာရှယ်လ်ဟာ စီရော်နယ်ဒိုရဲ့ နေရာ အစားထိုးနိုင်မယ် လို့ ထောက်ခံလိုက်ပါတယ်။ တန်ဟတ်က မာရှုယ်လ်ရဲ့ အရည်အသွေးကောင်းတွေကို ထုတ်ယူနိုင်ကြောင်း၊ မာရှယ်လ်ဟာ သေချာပေါက် ဂိုးများစွာ သွင်းနိုင်မှာဖြစ်ကြောင်း ၎င်းက ဆိုခဲ့ပါတယ်။

လာလီဂါ ဥက္ကဌ တီဗက်စ်ကတော့ အက်သလက်တီကိုအသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ရော်နယ်ဒိုကို လာလီဂါမှာ တစ်ဖန်ပြန်လည် မြင်တွေ့လိုနေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ အေဂျက်စ်အသင်း ဘက်က တိုက်စစ်မှုး အန်တိုနီ အတွက် ယူရို သန်း ၁၀၀ အထိ တောင်းဆိုမှုကြောင့် ဘရာဇီး တောင်ပံ ကစားသမားကို ဆက်လက် ကြိုးစားဖွယ် မရှိတော့ပါဘူး။

အေစီမီလန် ကလပ် ဟာ ခံစစ်ကို အားဖြည့်ဖို့ အတွက် မန်ယူနိုက်တက် ခံစစ်မှူး အဲရစ် ဘိုင်လီ ကို စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။

ဝက်ဖိုဒ့် အသင်းကတော့ မန်ယူနိုက်တက် လူငယ် ကစားသမားလေး အီသန် လားတ် ကို တရာသီ အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေး နေတယ်လို့ သိရပါတယ်။

မန်ယူအသင်း ကစားသမားသစ်တွေဖြစ်ကြတဲ့ အဲရစ်ဆင်ဟာ ကျောနံပါတ် ၁၄ ကို ဝတ်ဆင်သွားမှာ ဖြစ်သလို မာတီနက်ဇ်ကတော့ ကျောနံပါတ် ၆ ကို ဝတ်ဆင်သွားမှာ ဖြစ်ကြောင်း အသင်းက အတည်ပြုသွားခဲ့ပါတယ်။